
“အကြိုက်ပြော +” အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များဖြင့် MPT အချင်းချင်း ပိုမိုသက်သာသော နှုန်းထားဖြင့် ခေါ်ဆိုနိုင်ပြီ
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်) – MPT သုံးစွဲသူများအနေဖြင့် ကုန်ကျစရိတ်သက်သာစေရန်နှင့် စျေးနှုန်း သက်သာပြီး လွယ်ကူအဆင်ပြေစွာ ဆက်သွယ်နိုင်ရေးအတွက် MPT အချင်းချင်း (ကြိုးဖုန်းအပါအဝင်) ပိုမိုသက်သာသော နှုန်းထားဖြင့် နေ့စဉ်ခေါ်ဆိုအသုံးပြုနိုင်မည့် အကြိုက်ပြော+ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခု ပက်ကေ့ချ်အား နေ့စဉ်ဖုန်းခေါ်ဆိုမှု စိတ်ကြိုက်ပြုလုပ်လိုသော သုံးစွဲသူများအတွက် အကြိမ်ကြိမ် ဝယ်ယူရန်မလိုဘဲ လွယ်ကူအဆင်ပြေစေရန်အတွက် ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါသည်။
“အကြိုက်ပြော + အလိုအလျောက်သက်တမ်းတိုး (Auto Renewal) ပက်ကေ့ချ်”များသည် လက်ရှိ “အကြိုက်ပြော +” ပုံမှန် (Regular) ပက်ကေ့ချ်များကို ဝန်ဆောင်မှုထပ်တိုး ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး သုံးစွဲသူမှ အလိုအလျောက် ဝယ်ယူရန် အဆိုပြုထားပါက ပက်ကေ့ချ်၏ လက်ကျန် ဖုန်းပြောမိနစ် ၁၀ မိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်း ကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး သွားမည်ဖြစ်ပါသည်။
“Regular” နှင့် “Auto-renewal” ပက်ကေ့ချ် နှစ်မျိုးလုံးသည် တူညီသော ဖုန်းခေါ်ဆိုခွင့်မိနစ်များကို ခံစားနိုင်မည် ဖြစ်သော်လည်း Auto-renewal ပက်ကေ့ချ်များကို ဝယ်ယူသူများအတွက်မူ စျေးနှုန်းပိုမိုသက်သာစေမည် ဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ MPT GSM/WCDMA Prepaid (ဆွေသဟာ၊ ရှယ်ပြောနှင့် ရွှေစကား) ၊ Post-paid နှင့် Base tariff အစီအစဉ် သုံးစွဲသူများသည် ယခုပက်ကေ့ချ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ “အကြိုက်ပြော +” auto renewal ပက်ကေ့ချ်များကို အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက မူလပက်ကေ့ချ်၏ လက်ကျန်မိနစ်များကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး သက်တမ်းရှိသော ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
“အကြိုက်ပြော +” auto renewal ပက်ကေ့ချ်များအား *600# သို့ ခေါ်ဆိုခြင်း (သို့) MPT4U အက်ပလီကေးရှင်း (သို့) Call Center (သို့) MPT Pay အက်ပလီကေးရှင်း (သို့) MPT Agent တို့မှတစ်ဆင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ “အကြိုက်ပြော +”auto renewal ပက်ကေ့ချ် ဝယ်ယူသုံးစွဲသူများအနေဖြင့် ဝယ်ယူသည့် အကြိမ်တိုင်းအတွက် ထိပေါက်ကစားခွင့်တစ်ကြိမ် ရရှိမည်ဖြစ်ပြီး 200 GB အထိ ဒေတာဆုများ ကံထူးရယူနိုင်မည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် ပက်ကေ့ချ် အမျိုးအစားပေါ်မူတည်၍ “အကြိုက်ပြော+” အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် အမျိုးအစား ၃ မျိုးကို အောက်ပါအတိုင်း ရွေးချယ်နိုင်ပါသည်။
စျေးနှုန်း (ကုန်သွယ်ခွန် ပါဝင်ပြီး) | မိနစ်များ | သက်တမ်း | ရယူနိုင်သည့်နည်းလမ်းများ | လက်ကျန် စစ်ဆေးရန် |
||
---|---|---|---|---|---|---|
တိုက်ရိုက် USSD | ပုံမှန် USSD | အက်ပလီကေးရှင်းများ | ||||
၈၃၅ ကျပ် | ၁၃၂ မိနစ် | ၇ ရက် | ရယူရန်: *600*3*3# ပယ်ဖျက်ရန်: *600*3*4# | ရယူရန်: *106# (or) *600# ပယ်ဖျက်ရန်: *2123# | MPT4U အက်ပလီကေးရှင်း (သို့) MPT Pay အက်ပလီကေးရှင်း (သို့) Call Center (သို့) MPT Agent | *224# |
၁,၄၇၅ ကျပ် | ၂၃၄ မိနစ် | ရက် ၃၀ | ရယူရန်: *600*2*3# ပယ်ဖျက်ရန်: *600*2*4# |
|||
၃,၈၄၅ ကျပ် | ၆၁၀ မိနစ် | ရက် ၉၀ | ရယူရန်: *600*1*3# ပယ်ဖျက်ရန်:*600*1*4# |
အကြိုက်ပြော + အလိုအလျောက်သက်တမ်းတိုး (auto renewal) ဝန်ဆောင်မှု ကို သုံးစွဲသူက ရပ်တန့်ရန်အဆိုပြုလိုက်သည်နှင့် အလိုအလျောက်သက်တမ်းတိုးဝန်ဆောင်မှု ရပ်ဆိုင်းသွားမည် ဖြစ်သော်လည်း ကျန်ရှိနေသော လက်ကျန်ဖုန်းပြောမိနစ်များကို ပက်ကေ့ချ်သက်တမ်း ကုန်ဆုံးသည်အထိ အသုံးပြု နိုင် ပါသည်။ ပက်ကေ့ချ်သက်တမ်း (၇ရက် (သို့) ရက် ၃၀ (သို့) ရက် ၉၀) ကုန်ဆုံးသွားပြီး အလိုအလျောက်သက်တမ်းတိုးရန် ဖုန်းဘေလ်လက်ကျန်ငွေ မလုံလောက်ပါက သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း ငွေထပ်မံဖြည့်သွင်း၍ သက်တမ်းတိုး အသုံးပြုနိုင်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ “အကြိုက်ပြော +” auto renewal ပက်ကေချ့်များအကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက် သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။