အမျိုးသားသွေးဌာနနှင့် နိုင်ငံအဝှမ်းရှိ သက်ဆိုင်ရာ ဒေသ ဆေးရုံများတွင် ပြုလုပ်သွားမည် MPT ၏ ၆ ကြိမ်မြောက် နိုင်ငံအဝှမ်း စုပေါင်း သွေးလှူဒါန်းပွဲကို ပါဝင်နိုင်ရန်ဖိတ်ခေါ်

Published 09 Nov 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် နိုဝင်ဘာ ၉ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က အမျိုးသား  သွေးဌာနနှင့် နိုင်ငံအနှံ့ရှိ ဒေသတွင်းဆေးရုံများတွင်လှူဒါန်းကြမည့် စုပေါင်းသွေးလှူဒါန်းပွဲကြီးကို မြန်မာတစ်နိုင်ငံလုံး၌ လာမည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ MPT သည် “နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲ”အစီအစဉ်ကို ၂၀၁၇ ခုနှစ်မှ စတင်ခဲ့ပြီး (၄) လ တစ်ကြိမ် ကျင်းပခဲ့ရာ ယခုထိဆိုပါက (၆) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။ နိုင်ငံတစ်ဝှမ်းမှ သွေးဌာနများနှင့် ဆေးရုံများသို့ စေတနာရှင်ပြည်သူများနှင့် MPT ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခဲ့သည့် အရေအတွက်မှာလည်း  ၂၀၀၀ ကျော်ခဲ့ပြီးလည်း ဖြစ်ပါသည်။

ယခု ၆ ကြိမ်မြောက်ကျင်းပမည့် MPT ၏ သွေးလှူဒါန်းပွဲတွင် ဝန်ထမ်းများနှင့် ပြင်ပမှ စေတနာသွေးလှူရှင်များ စုစုပေါင်း ၁,၀၀၀ ကျော်ခန့်အထိ  ပူးပေါင်းပါဝင်ကာ သွေးလိုအပ်နေသူများအတွက်  လှူဒါန်း သွားနိုင်မည် ဟုလည်း မျှော်လင့်ထားပါသည်။  MPT အနေဖြင့် “နှလုံးသားထဲက မြန်မာ” ဟူသည့်ရည်ရွယ်ချက် အတိုင်း  မိမိတို့၏ လူမှုအဖွဲ့အစည်းအတွက် လိုအပ်ချက်များကို အမြဲတစေ အထောက်အပံ့ပြု ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လွန်ခဲ့သော  နှစ်အနည်းငယ်အတွင်း  မြန်မာနိုင်ငံ၌ သွေးလှူဒါန်းသူဦးရေများ  တိုးပွားလာခဲ့သော်လည်း

အရေးပေါ်အခြေအနေများတွင် ရှားပါးသွေးအုပ်စုလိုအပ်ချက်များစွာရှိနေပြီး  ဆန္ဒအလျောက်သွေးလှူဒါန်းမှုနှုန်း သည်ဖွံ့ဖြိုးပြီးနိုင်ငံများထက် သိသိသာသာလျော့နည်းနေဆဲဖြစ်ပါသည်။ “ နှလုံးသားထဲကမြန်မာ”  သွေးလှူဒါန်းပွဲ ၏အဓိကရည်ရွယ်ချက်မှာ လူ့အသက်များကယ်တင်ရန်သွေးလိုအပ်ကြောင်းနှင့် သွေးလှူဒါန်းခြင်း၏ အရေးပါမှု ကို ပြည်သူများအား အသိပညာပေးနိုင်ရန်ဖြစ်သည်။

MPT-KSGM Joint Operations ၏  လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ  အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “ မကြာသေးတဲ့ နှစ်အတွင်းက ကျွန်တော်တို့ရဲ့သွေးလှူဒါန်းပွဲတွေမှာ MPT က ဝန်ထမ်းတွေသာမကပဲ ပါဝင် လှူဒါန်းခဲ့ကြတဲ့  အများပြည်သူများကြောင့်  ဝမ်းသာပီတိဖြစ်ရပါတယ်။  အခုဆိုရင် ထောင်ပေါင်းများစွာသော လူတွေဟာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့အတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ ဆေးရုံများနဲ့ သွေးလှူ ဘဏ်များမှာ လိုအပ်နေတဲ့ သွေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် ဒီလိုဂုဏ်ယူစရာကောင်းတဲ့ ပွဲမျိုးမှာ ပူးပေါင်း ပါဝင်ဖို့ အဆင်သင့်ရှိနေပြီလို့ ထင်ပါတယ်။ အခုပွဲမှာလည်း မြင့်မြတ်လှတဲ့ စေတနာ သွေးအလှူရှင်တွေကို ထပ်မံဖိတ်ခေါ်လိုပြီး ကိုယ်ရဲ့ သွေးကိုသာမကဘဲ  အချိန်ပါပေးပြီး  တကူးတက လာရောက်လှူဒါန်းကြမယ့် လူတစ်ဦးတစ်ယောက်ချင်းစီကို ကျွန်တော်တို့က ကျေးဇူးတင်ကြောင်း ပြောကြားလိုပြီး သူတို့တွေအနေနဲ့  သူတို့ရဲ့ နှလုံးသားထဲမှာ  မြန်မာနိုင်ငံဟာ  အမြဲရှိနေကြောင်းပြသ လိုက်တာပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

လာမည့် ၁၆ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း၌ ကျင်းပမည့် သွေးလှူဒါန်းပွဲတွင် ပါဝင်နိုင်ရန် ကြိုတင်စာရင်းပေးသွင်း လိုပါက ရန်ကုန်ရှိ MPT Own Shop များ http://bit.ly/yangonlocation နှင့် သက်ဆိုင်ရာ  ဒေသအလိုက် MPT Own Shop http://bit.ly/regionallist များတွင် သွားရောက်စာရင်းသွင်းနိုင်ပါသည်။ ထို့အပြင် သွေးလှူဒါန်းလိုသူ များက ဖုန်းနံပါတ် 098630050 သို့ခေါ်ဆိုခြင်းဖြင့်လည်း စာရင်းပေးသွင်းနိုင်မည်ဖြစ်ပါသည်။ အောက်ဖော်ပြပါ သွေးဌာနနှင့် ဆေးရုံနေရာများမှာ သွေးလှူဒါန်း ပွဲများကျင်းပသွားမည့် နေရာများဖြစ်ပါသည်။

 

စဉ်ပြည်နယ်/ တိုင်းဒေသကြီးသွေးလှှုဒါန်းမည့်ဆေးရုံအမည်လိပ်စာ
ရန်ကုန်တိုင်းဒေသကြီးအမျိူးသားသွေးဌာနအမှတ်(၉၇) ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်၊ လသာမြို့နယ်၊ရန်ကုန်၊
စစ်ကိုင်းတိုင်းဒေသကြီးမုံရွာပြည်သူ့ဆေးရုံကြီးဗိုလ်ချုပ်လမ်း၊ ဒေါနခြံရပ်၊ မုံရွာမြို့။
ပဲခူးတိုင်းဒေသကြီး (အရှေ့)အထွေထွေရောဂါကုဆေးရုံကြီးရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။
ပဲခူးတိုင်းဒေသကြီး (အနောက်)အထွေထွေရောဂါကုဆေးရုံကြီးအောင်ဆန်းရပ်၊ ပြည်သာယာရပ်ကွက်၊ ပြည်မြို့။
ဧရာဝတီတိုင်းဒေသကြီးအထွေထွေရောဂါကုဆေးရုံကြီးမင်းကြီးလမ်း၊ (၄)ရပ်ကွက်၊ ပုသိမ်မြို့။
တနင်္သာရီတိုင်း ဒေသကြီးပြည်သူ့ဆေးရုံကြီးဆေးရုံလမ်း၊ ညောင်ရမ်းတောင်ရပ်ကွက်၊ ထားဝယ်မြို့။
မကွေးတိုင်းဒေသကြီးမကွေးပြည်သူ့ဆေးရုံကြီးပြည်တော်သာနယ်မြေ၊ ဆေးရုံရပ်ကွက်၊

မကွေး မြို့။

မန္တလေးတိုင်းဒေသကြီးကုတင်(၅၀၀)ဆံ့

ကလေး ဆေးရုံကြီး

၆၆လမ်း၊၂၇လမ်းနှင့်၂၈လမ်းကြား၊ချမ်းအေးသာစံ မြို့နယ်၊မန္တလေးမြို့။
နေပြည်တော်ကုတင်(၁၀၀၀) အထွေထွေရောဂါကု ဆေးရုံကြီးဇမ္မူသီရိမြို့နယ်၊နေပြည်တော်။
၁၀ကချင်ကုတင်(၅၀၀) ဆံ့ ပြည်နယ်

အထွေထွေရောဂါ ကုဆေးရုံကြီး

ဆွမ်ပရာဘွမ်လမ်းမကြီး x ရုံးကြီးလမ်းထောင့်၊ ဒူကထောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
၁၁ကယားလွိုင်ကော်ပြည်သူ့ဆေးရုံကြီးစည်သူလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။
၁၂ကရင်ဘားအံပြည်သူ့ဆေးရုံကြီးအမှတ်(၁)ရပ်ကွက်၊ ဆေးရုံလမ်း၊ ဘားအံမြို့။
၁၃မွန်ပြည်သူ့ဆေးရုံကြီးဦးဇိနဘုရားလမ်း၊ပန်းပဲတန်းရပ်ကွက်၊မော်လမြိုင်
၁၄ရခိုင်ကုတင်(၅၀၀)စစ်တွေ

ပြည်သူ့ ဆေးရုံကြီး

လမ်းမကြီး၊ ကျေးပင်ကြီးရပ်ကွက်၊ စစ်တွေမြို့။
၁၅ရှမ်း(တောင်)စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စဝ်စံထွန်းရပ်ကွက်၊ တောင်ကြီးမြို့။
၁၆ရှမ်း(မြောက်)အထွေထွေရောဂါကုဆေးရုံကြီးလမ်းမတော်လမ်း၊ ရပ်ကွက်(၁)၊ လားရှိုးမြို့။
၁၇ရှမ်း(အရှေ့)ပြည့်သူ့ဆေးရုံ၊ကျိုင်းတုံမြို့မိုင်းဇင်းကျေးရွာအုပ်စု၊ဟွေခါးရွာ၊ ကျိုင်းတုံမြို့
ပြည်သူဆေးရုံ၊ တာချီလိတ်မြို့ဂေါက်ကွင်းလမ်း၊မကာအိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့

 

MPT အနေဖြင့်လွန်ခဲ့သောနှစ်များကပင် လူမှုအကျိုးပြုလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်လျက်ရှိကာ လက်ရှိ  အချိန်အထိ သွေးအိတ်ပေါင်း ၂,၀၀၀ ကျော်ကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့အလယ်တွင် အလှူအတန်းနှင့် ပေးကမ်းမှုရက်ရောသည့် စေတနာရှိသောလူမျိုးများအဖြစ် လူသိများ ထင်ရှားပြီး သွေးလှူဒါန်းခြင်းမှာ မွန်မြတ်သောအလှူဒါနတစ်ခုဖြစ်၍ MPT ဝန်ထမ်းများနှင့် စေတနာ သွေးလှူရှင်များက အရေးပေါ်အခြေအနေနှင့် တွေ့ကြုံရသူများ သွေးလိုအပ်သည့်အခါတွင် သွေးအိတ်များ ထောက်ပံ့ပေးနိုင်ရန် ယခုကဲ့သို့ လှူဒါန်းရခြင်းလည်းဖြစ်သည်။ သွေလှူဒါန်ရန် မှတ်ပုံတင်ခြင်းနှင့် သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ သိရှိလိုပါက https://www.donatebloodmyanamr.org/  တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

MPT ၏ လူမှုအကျိုးပြု လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုလျှင်မူ  https://mpt.com.mm/about-home/csr-activities-mm/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

best operator in Myanmar