pr winner

“အလန်းစားဆု_အလန်းစား Friday” ကံထူးရှင်များအားလုံး ရွေးချယ်ခဲ့ပြီးဖြစ်

Published 30 Sep 2022

အလန်းစားဆုလက်ဆောင်များကို ရရှိနိုင်မည့် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်ကို အောက်တိုဘာလ (၁၆) ရက် အထိ ဆက်လက်ပါဝင်ကံစမ်းနိုင်
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်) – “အလန်းစားဆု_အလန်းစား Friday” အစီအစဉ်၏ တတိယ အပတ်နှင့် စတုတ္ထအပတ်ကာလအတွက် ကျန်ရှိနေသော ကံထူးရှင် (၁၃) ဦး ထွက်ပေါ်လာပြီ ဖြစ်ကြောင်း MPT က ထုတ်ပြန်ကြေညာလိုက်သည်။ MPT က သုံးစွဲသူများအား အလန်းစား ဆုလက်ဆောင်များဖြင့် ကျေးဇူးတုံ့ပြန်လို သည့် ရည်ရွယ်ချက်ဖြင့် ယခုပရိုမိုးရှင်းအား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“အလန်းစားဆု_အလန်းစား Friday” အစီအစဉ်တစ်ခုလုံးအတွက် ကံထူးရှင်စုစုပေါင်း (၂၅) ဦးကိုရွေးချယ်ခဲ့ပြီး ပထမအပတ်နှင့် ဒုတိယအပတ်၏ ကံထူးရှင် (၁၂) ဦးကို စက်တင်ဘာ (၁၆) ရက်တွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။ ကျန်ရှိသော တတိယအပတ်နှင့် စတုတ္ထအပတ်အတွက် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ Screenshot (ဓာတ်ပုံ) များထဲမှ ကံထူးရှင် (၁၃) ဦးကို စက်တင်ဘာလ (၂၁) ရက်နှင့် (၂၈) ရက်တို့တွင် ကျပန်းစနစ်ဖြင့် အသီးသီး ရွေးချယ်၍ ကြေညာခဲ့ပြီးဖြစ်ပါသည်။ ကံထူးရှင် (၁၃) ဦးကို အောက်တွင်ဖော်ပြထားပါသည်။

တတိယအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်ကံထူးဆုများနေရပ်လိပ်စာ
ဝေလင်းအောင်iPad Air 5 (64GB)ပဲခူး
မျိုးကျော်သူiPad Air 5 (64GB)နေပြည်တော်
ဆဲဗင်းမျိုးလွင်ဦးApple Watch Series 7ငပလီ(ရခိုင်)
ယုရီကိုApple Watch Series 7မြောက်ဥက္ကလာပ
လဲ့နေဇင်ခိုင်Beats Fit Proမြောက်ဒဂုံ
ခွန်သောင်းBeats Fit Proစမ်းချောင်း

 

စတုတ္ထအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်ကံထူးဆုများနေရပ်လိပ်စာ
ဖြူဖြူiPad Air 5 (64GB)တောင်ဒဂုံ
ဇင်သူနိုင်iPad Air 5 (64GB)လေးမျက်နှာ (ဧရာဝတီတိုင်း)
NL ဆန်းပိApple Watch Series 7တီးတိန် (ချင်းပြည်နယ်)
မောင်မောင်တင်Apple Watch Series 7မုံရွာ
ကြည်သာApple Watch Series 7တောင်ဥက္ကလာပ
ဟန်ညွန့်Beats Fit Proကျောက်တံတား
သက်ပိုင်Beats Fit Proပြင်ဦးလွင်

တတိယအပတ်နှင့် စတုတ္ထအပတ်အတွက် ထွက်ပေါ်လာသောကံထူးရှင် (၁၃) ဦး အမည်စာရင်းများကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာခဲ့ပြီး ကံထူးရှင်များအား ၎င်းတို့၏ ကံထူးလက်ဆောင်များထုတ်ယူနိုင်ရန်အတွက် MPT က အောက်တိုဘာလအတွင်း ဆက်သွယ်ပေးသွား မည် ဖြစ်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် “အလန်းစားဆု_ အလန်းစား Friday” အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက https://bit.ly/3qvWGiR မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ယခုအစီအစဉ်တွင် ပါဝင်ခဲ့သည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပြီး နောင်လာမည့် စိတ်လှုပ်ရှားဖွယ် ပရိုမိုရှင်းအစီအစဉ်များကိုလည်း စောင့်မျှော်ကြည့်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
MPT ၏ “အလန်းစားဆု_ အလန်းစား Friday” အစီအစဉ် အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်သော်လည်း သုံးစွဲသူများ အနေဖြင့် စက်တင်ဘာလ (၁၉) ရက်မှ အောက်တိုဘာလ (၁၆) ရက်အထိ ကျင်းပလျက်ရှိသည့် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်တွင် ထပ်မံဝင်ရောက်ကံစမ်းနိုင်ပါသည်။ အဆိုပါ ကံစမ်းမဲအစီအစဉ် တွင်လည်း iPad Mini 6 ၊ iPhone 13 Pro ၊ Samsung Z Flip 4 နှင့် ၁ကျပ်သား ရွှေဒင်္ဂါးများစသည့် အလန်းစား ဆုလက်ဆောင်များကို အပတ်စဉ် ပေးအပ်သွားမည် ဖြစ်ပါသည်။ MPT GSM/ CDMA ကြိုတင်ငွေဖြည့်ကတ် သုံးစွဲသူများအားလုံးသည် MPT4U အက်ပလီကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သွင်းခြင်း (သို့မဟုတ်) ခဲခြစ်ဖုန်းငွေဖြည့်ကတ်တို့ဖြင့် အနည်းဆုံး ၁,၀၀၀ ကျပ် ဖုန်းဘေလ် ဖြည့်သွင်းပြီး ပါဝင်ကံစမ်းနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအနေနှင့် ယခု “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ် တွင် ပါဝင်ခြင်းအားဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ သီတင်းကျွတ်ကာလကို ပိုင်ဆိုင်နိုင်မည့်အပြင် အလန်းစား ဆုလက်ဆောင်များကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ MPT သုံးစွဲသူများ အနေဖြင့် ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ် အသေးစိတ်အချက်အလက်ကို http://bitly.ws/uLYT မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် အကောင်းဆုံးဆက်သွယ်ရေးဝန်ဆောင်မှု ပေးအပ်သူ ဖြစ်ရန် စိတ်ဆုံးဖြတ်ထားပြီး နိုင်ငံတစ်ဝန်းရှိသုံးစွဲသူများအား အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။
MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar