
နိုင်ငံတစ်ဝှမ်းလုံးရှိ MPT မိုဘိုင်းဖုန်းသုံးစွဲကြသော ရဟန်းရှင်လူ ပြည်သူ စေတနာရှင်များမှ ရေဘေးအတွက် SMS ပေးပို့လှူဒါန်းခြင်းမှရရှိသည့် လှူဒါန်းမှုများ
နိုင်ငံတစ်ဝှမ်းလုံးရှိ MPT မိုဘိုင်းဖုန်း သုံးစွဲကြသော ရဟန်း ရှင်လူ ပြည်သူ စေတနာရှင်များမှ ရေဘေးအတွက် SMS ပေးပို့လှူဒါန်းခြင်းမှရရှိသည့် သိန်း ၂ရဝဝကျော် လှူဒါန်းမှုများ။
နိုင်ငံတစ်ဝှမ်းလုံးရှိ MPT မိုဘိုင်းဖုန်း သုံးစွဲကြသော ရဟန်း ရှင်လူ ပြည်သူ စေတနာရှင်များခင်ဗျာ ရေဘေးအတွက် SMS ပေးပို့လှူဒါန်းခြင်းမှ ရရှိသည့် ယနေ့ ၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁၆)ရက်၊ ညနေ(၄)နာရီအထိ စုစုပေါင်းအလှူငွေမှာ ငွေကျပ်သိန်း ၂၇၇,၇၆၆,၅၀၀ ကျပ်တိတိအား ကုသိုလ်အစုစုကိုရည်ရွယ်ပြီး စေတနာသဒ္ဓါအပြည့်ဖြင့် လှူဒါန်းထားကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ဖော်ပြလိုက်ပါသည်။ ရေဘေးအတွက် SMS ပေးပို့လှူဒါန်းနိုင်လိုသော စေတနာရှင်များမှာ ဆက်လက်လှူဒါန်းနိုင်ပြီး ရရှိထားသော အလှူငွေအားလုံးကို ရေဘေးသင့်ဒေသများသို့ ကူညီမှုများပြုလုပ်ပေးရန် လှူဒါန်းသွားမှာဖြစ်ပါတယ်။ ယခုကဲ့သို့ စေတနာသဒ္ဓါအပြည့်ဖြင့် လှူဒါန်းရခြင်းအကျိုးကြောင့် အလှူရှင် မိသားစုများအားလုံး ကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ လှူဒါန်းမှုများအတွက်လည်း ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါတယ်ခင်ဗျာ။ လှူဒါန်းသူများအားလုံးကိုလည်း MPT မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
လှူဒါန်းမှုများကိုလည်း အသေးစိတ်ကို MPT ၏ Facebook နှင့် Website တွင် ထပ်မံတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။