
CRBT စာရင်းသွင်းခြင်းနှင့်ပတ်သက်ပြီး အသိပေး ကြေညာချက်
Published 17 Feb 2021
MPT ၏ ခေါ်သူနားဆင်တေးသံစဥ် (CRBT) ဝန်ဆောင်မှုကို ရယူခြင်းနှင့်ပတ်သက်ပြီး သုံးစွဲသူများ အနေဖြင့် မှန်ကန်မှုမရှိသော စာသား/ကုတ်နံပါတ် များပေးပို့ပါက လုပ်ဆောင်မှု မအောင်မြင်ကြောင်း ကို မိမိတို့ စနစ်မှစာတိုပြန်လည်ပေးပို့အကြောင်းပြန်ရာတွင် မှားယွင်းသည့် စာသားများ ဖြင့် သုံးစွဲသူသို့ ပြန်ပို့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ရပါသည်။ ယခုလို ဖြစ်ရပ်မှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ခန့်ကပင် ရံဖန်ရံခါ ဖြစ်ပွားနေကြောင်းကိုလည်း လက်ခံရရှိခဲ့ရပါသည်။ ယခုအခါ အဆိုပါ စနစ်ချို့ယွင်းမှုများကိုပြင်ဆင်ပြီး ဖြစ်ပါသည်။ ကျေးဇူးတင်ရှိပါသည်။
MPT စနစ်အနေဖြင့် CRBT ၀န်ဆောင်မှုကို မှတ်ပုံတင်ရန်အတွက် 7979 သို့ REG D, REG W, REG M စသည့်အင်္ဂလိပ်အက္ခရာများဖြင့်ပြန်လည်ပေးပို့ရန်လိုအပ်ပါသည်။