
FTTH/ADSL အသုံးပြုသူများအတွက် ကြေညာချက်
Published 25 Mar 2021
မတ်လအတွင်း ဖြစ်ပေါ်နေသော အင်တာနက် ပြတ်တောက်မှုအခြေအနေကြောင့် FTTH/ADSL ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှု သုံးစွဲသူများအား
MPT မှ ပြန်လည်ဖြည့်ဆည်းပေးသည့်အနေဖြင့် ၂၀၂၁ ခုနှစ်ဧပြီလ အစောပိုင်းတွင် ထွက်ရှိမည့် လူကြီးမင်း ၏ FTTH/ADSL ငွေတောင်းခံလွှာအပေါ် ၂၅ % လျှော့ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးစွဲသူများသို့အကောင်းဆုံးဝန်ဆောင်မှုပေးအပ်သွားနိုင်ရန် MPT မှ လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
MPTကို ရွေးချယ်မှု အတွက်ကျေးဇူးတင်ပါသည်။