pr-mm-desktop

MPT က (၁၇) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အများပြည်သူတို့၏ ကျန်းမာရေးကို အလေးထားသည့် ကတိကဝတ်ကိုဆက်လက်ဖော်ဆောင်

Published 24 Oct 2025

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့်အပြင် တစ်နိုင်ငံလုံးတွင် အကျယ်ပြန့်ဆုံး ကွန်ရက်ချိတ်ဆက်ထားသော MPT သည် (၁၇) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။ အဆိုပါ လှုပ်ရှားမှုသည် MPT ၏ လူမှုအကျိုးပြုလုပ်ငန်း (CSR) ဆောင်ရွက်မှုအတွက် မှတ်ကျောက်တစ်ခုလည်းဖြစ်ကာ အချက်အချာကျသည့် ကော်ပိုရိတ်လုပ်ငန်းတစ်ခုအဖြစ် လူမှုအသိုက်အဝန်း၏ ကျန်းမာရေးကို ထောက်ပံ့ကူညီရန် ကတိထားဆောင်ရွက်မှု၏ သရုပ်သကန်လည်းဖြစ်ပါသည်။ ဤစုပေါင်းဆောင်ရွက်မှုသည် အမှန်တကယ် လိုအပ်သည့် နေရာများအတွက် အရေးပါသောအထောက်အပံ့ဖြစ်စေမည့်အပြင် မြန်မာပြည်သူများနှင့်အတူ တကွ ရှိနေသည့် MPT ၏ ခိုင်မာသော ကတိကို ထပ်လောင်းအတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုသည် တစ်ကြိမ်တည်းပြုလုပ်သည့်ပွဲ မဟုတ်ဘဲ MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင် များ၏ စိတ်အားထက်သန်မှုနှင့် စာနာမှုဖြင့် လေးလတစ်ကြိမ် ပုံမှန်ပြုလုပ်နေသည့် လှူဒါန်းမှုတစ်ခုဖြစ်သည်။ (၁၇) ကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် MPT ဝန်ထမ်းများနှင့် ဒေသခံလူမှုအသိုက်အဝန်းများ ပါဝင်သည့် စေတနာ့ဝန်ထမ်း (၃၄၀) ကျော်သည် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် လှူဒါန်းဆောင်ရွက်ခဲ့ကြပါသည်။

ယနေ့ထိ စေတနာသွေးလှူရှင် ၉,၇၀၀ ကျော်မှ သွေးအိတ်ပေါင်း ၉,၆၀၀ ကျော်ကို လှူဒါန်းခဲ့ပြီးဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံများတွင် အရေးပေါ်သွေးသွင်းရန် လိုအပ်နေသော လူနာများအတွက် မရှိမဖြစ်လိုအပ်သည့် အသက်ကယ် အရင်းအမြစ်တစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

သွေးလှူဒါန်းခြင်းလှုပ်ရှားမှုအား အောက်ဖော်ပြပါနေရာများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

စဉ်တိုင်းဒေသကြီး/ ပြည်နယ်နေရာ
၁။နေပြည်တော်ကောင်စီနယ်မြေနေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး
၂။ရန်ကုန်တိုင်းဒေသကြီးMPT ဆက်သွယ်ရေး သင်တန်းကျောင်း
၃။တနင်္သာရီတိုင်းဒေသကြီးထားဝယ်ပြည်သူ့ဆေးရုံကြီး
၄။မကွေးတိုင်းဒေသကြီးမကွေးပြည်သူ့ဆေးရုံကြီး
၅။မန္တလေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး
၆။ဧရာဝတီတိုင်းဒေသကြီးတိုင်းပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန
၇။ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံကုတင် ၂၀၀ ဆေးရုံ
၈။ရှမ်းပြည်နယ် (တောင်ပိုင်း)စပ်စံထွန်းဆေးရုံကြီး
၉။ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးဆေးရုံ

MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က “ဆက်သွယ်ရေး အော်ပရေတာ တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ ခွန်အားဟာ ကွန်ရက်လွှမ်းခြုံမှုတစ်ခုတည်းနဲ့ တိုင်းတာလို့ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ စာနာမှုနဲ့ စည်းလုံးညီညွတ်မှုနဲ့ တိုင်းတာရမှာပါ။ အခုလို (၁၇) ကြိမ်မြောက် သွေးလှူဒါန်းပွဲကြီးဟာ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ စေတနာ့ဝန်ထမ်းစိတ်ဓာတ်ကို ခိုင်ခိုင်မာမာနဲ့ သက်သေပြနေပါတယ်။ ပြည်တွင်းက ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးအနေနဲ့ ကျွန်တော်တို့ဟာ နိုင်ငံရဲ့ကျန်းမာရေးကဏ္ဍကို အထောက်အပံ့ဖြစ်စေဖို့ တာဝန်တစ်ရပ်ရှိတယ်လို့ နားလည်ထားပါတယ်။ ဒီလို ဆောင်ရွက်မှုဟာ အရေးပေါ်လိုအပ်နေသူတွေအတွက် တိုက်ရိုက် အသက်ကယ်နိုင်စေမှာဖြစ်ပြီး အခုလို တကယ့်ကို အရေးပါလှတဲ့ အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ကတိပြုပါတယ်။ ဒီသွေးလှူဒါန်းမှုမှာ  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့ ဝန်ထမ်းတွေ၊ စေတနာသွေးလှူရှင်တွေ၊ အမျိုးသား သွေးဌာနနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက ဆေးရုံတွေက ကျွန်တော်တို့ရဲ့ အလှူရှင်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဆက်လက်ပြီးအတူတကွ ဆောင်ရွက် သွားကြမှာလည်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

စေတနာ့ဝန်ထမ်း သွေးလှူရှင်တစ်ဦးဖြစ်သည့် မသီတာလွင်က ၎င်း၏အတွေ့အကြုံကို အခုလို မျှဝေပေးခဲ့ပါသည်။ “MPT ရဲ့ စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုမှာ ပါဝင်လှူဒါန်းတာ အခုဆိုရင် (၁၄) ကြိမ်ရှိပါပြီ။ သွေးလှူပြီးတဲ့အခါ ရရှိတဲ့ စိတ်ရဲ့ ကြည်လင်ပျော်ရွှင်မှုဟာ ဘယ်အရာနဲ့မှ မလဲနိုင်တာကို သွေးလှူဘူးသူတိုင်းက သိကြပါတယ်။ ဒါကြောင့် သွေးမလှူရသေးတဲ့သူတွေကို ကျွန်မအနေနဲ့ အားပေးတိုက်တွန်းချင်တာက – သွေးလှူဒါန်းဖို့ စိုးရိမ်မနေပါနဲ့၊ ကြောက်ရွံ့မနေပါနဲ့။ ကိုယ့်ရဲ့စေတနာသေးသေးလေးက တစ်ဖက်လူအတွက်တော့ အသက်တစ်ခု ပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့၊ ဘေးအန္တရာယ်ကင်းတဲ့ သွေးလှူရှင်တစ်ဦး ဖြစ်လာဖို့ ဖိတ်ခေါ်ရင်း ဒီပွဲကို ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ MPT က တာဝန်ရှိသူတွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့ ပါသည်။

MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေး၊ ပညာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ်များ အပါအဝင် ကဏ္ဍအသီးသီးတွင် လူမှုအကျိုးပြုလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း  လှုပ်ရှားမှုများအပါအဝင် အမျိုးမျိုးသော လှုမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများစွာတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိပြီး လူမှုအသိုက်အဝန်းအား ကူညီပံ့ပိုးပေးမှုအပေါ် ခိုင်မာသော ကတိကဝတ်ကို ပြသလျက်ရှိသည်။

သွေးလှူဒါန်း၍ လူအများ၏အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုလေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်း များနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ဆောင်ရွက်ခဲ့သည့် (၁၇) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှု အမှတ်တရ မှတ်တမ်းတင်ပုံများ

best operator in Myanmar