ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် မရမ်းကုန်းအိတ်ချိန်းရှိ အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲပါမည်
(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်း အိတ်ချိန်းကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီ ဖုန်းနံပါတ်များကို နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်အရ ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီ ဖုန်းနံပါတ်အသစ်များဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
| နယ်မြေ | အိတ်ချိန်း | လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ် |
|---|---|---|---|
ရန်ကုန်တိုင်းဒေသကြီး | မရမ်းကုန်း (NEAX-61) အိတ်ချိန်း | ၀၁-၆၆၀xxx | ၀၁-၈၆၆၀xxx |
| ၀၁-၆၆၁xxx | ၀၁-၈၆၆၁xxx | ||
| ၀၁-၆၆၂xxx | ၀၁-၈၆၆၂xxx | ||
| ၀၁-၆၆၃xxx | ၀၁-၈၆၆၃xxx | ||
| ၀၁-၆၆၄xxx | ၀၁-၈၆၆၄xxx | ||
| ၀၁-၆၆၅xxx | ၀၁-၈၆၆၅xxx | ||
| ၀၁-၆၆၆xxx | ၀၁-၈၆၆၆xxx | ||
| ၀၁-၆၆၇xxx | ၀၁-၈၆၆၇xxx | ||
| ၀၁-၆၆၈xxx | ၀၁-၈၆၆၈xxx | ||
| ၀၁-၆၆၉xxx | ၀၁-၈၆၆၉xxx |
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ အများပြည်သူ သုံးစွဲသူများအတွက် (၆) လ နှင့် အစိုးရဌာနများအတွက် (၁) နှစ် အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။



