
MPT မှ တင်ဒါလုပ်ငန်းစဉ်အတွက် “MPT ဝယ်ယူရေး စာမျက်နှာ” ကို ထုတ်ပြန်ကြေညာခြင်း
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်) – MPT သည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးအပ်ရန် တင်ဒါဆိုင်ရာအချက် အလက်များပါဝင်သည့် “MPT ဝယ်ယူရေး စာမျက်နှာ” ကို MPT ဝက်ဘ်ဆိုက်တွင် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ တင်ဒါအချက်အလက်ဆိုင်ရာ စွမ်းဆောင်ရည် နှင့် စီမံကိန်းအပေါ် စိတ်ဝင်စားသည့် ကုမ္ပဏီတိုင်းသည် အဆိုပါ တင်ဒါများတွင် ပါဝင်နိုင်မည်ဖြစ်သည်။
တင်ဒါ ဆိုင်ရာအချက်အလက်များတွင် ဖော်ပြထားသည့် စီမံကိန်းကို စိတ်ဝင်စားသည့် ကုမ္ပဏီများအနေဖြင့် ယခုတင်ဒါခေါ်ယူသည့် အစီအစဥ်တွင် ပါဝင်လျှောက်ထားနိုင်ပါသည်။ တင်ဒါခေါ်ယူသည့် စာမျက်နှာကို အောက်တွင် ကြည့်ရှုပါရန်-
MPT Procurement – တင်ဒါဆိုင်ရာ အချက်အလက်များ
စိတ်ပါဝင်စားသော ကုမ္ပဏီများအနေဖြင့် MPT Procurement စာမျက်နှာတွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းကို ပြုလုပ်ပြီးမှ တင်ဒါခေါ်ယူရာတွင် ပါဝင်ကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။