
MPT မှ နံပါတ်အလှများရောင်းချပြီး မြန်မာ့ကျေးလက်ဒေသများသို့ အလင်းရောင်များပံ့ပိုးမည်
ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ၄င်းတို့၏ မိုဘိုင်း နံပါတ်အလှများလေလံတင်ရောင်းချပွဲကြီးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် စနေနေ့ တွင် ရန်ကုန်မြို့PARK ROYAL HOTEL ၌ နံနက် ၉ နာရီမှ ညနေ ၆ နာရီအချိန်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။ ဤလေလံပွဲမှ ရသောရောင်းရငွေ အားလုံးကိုလျှပ်စစ်မီးမရရှိသေးသော ကျေးလက်ဒေသများတွင် ညအခါ စာရေး၊ စာဖတ်နိုင်ရန်နှင့် လိုအပ်သည့်အချိန်များတွင် ဖုန်းအားသွင်းနိုင်ရန်၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များ လှူဒါန်းရန် အတွက် သုံးစွဲသွားမည်ဖြစ်သည်။
ယခုလေလံရောင်းချပွဲသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) မှ တိုက်ရိုက်ပြုလုပ်သော နံပါတ်အလှ ရောင်းချပွဲဖြစ်သည်။ လေလံတင်ရောင်းချခြင်းမှ ရရှိသောရောင်းရငွေအားလုံးဖြင့် Panasonic အမျိုးအစား နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များ နှင့် အားသွင်းပစ္စည်းများကို ဝယ်ယူကာ လျှပ်စစ်မီးမရရှိသေးသော ကျေးလက်ဒေသများသို့ မန္တလေးတွင်တည်ထောင်ထားသော ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ တဆင့် လှူဒါန်းသွားပြီး ပရဟိတလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်သည်။
လေလံပွဲကို အချိန် ၂ ပိိုင်းခွဲခြားထားပြီး နံနက် ၉ နာရီမှ နေ့လည် ၁ နာရီထိတစ်ချိန်၊ နေ့လည် ၂ နာရီမှ ညနေ ၆ နာရီထိတစ်ချိန် ကျင်းပပြုလုပ်မည်ဖြစ်သည်။ MPT က တက်ရောက်လုုိသူ တစ်ဦးချင်း နှင့် အသင်းအဖွဲ့များသို့ ဖိတ်ကြားထားပြီး တက်ရောက်လိုပါက [email protected] သို့မဟုတ် ဖုန်းနံပါတ် ၀၁-၅၆၃၁၃၀ သိို့ဆက်သွယ်ကာတက်ရောက်မည့်သူ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ကုမ္ပဏီနာမည်နှင့် ဘဏ်စာရင်းအသေးစိတ် တို့ကို လေလံပွဲသို့တက်ရောက်ရန် ပေးပို့လျောက်ထားနိုင်ပြီး MPT ကနေရာကျန်ရှိမှုအနေအထားပေါ်မူတည်ပြီး လျှောက်ထားသူများထံသို့လေလံဆွဲခွင့် ဖိတ်စာကို သီးခြားအီးမေးလ်ဖြင့် ပြန်ကြား ပေးသွားမည် ဖြစ်သည်။
အဆိုလေလံတင်ရောင်းချပွဲတွင် ဖုန်နံပါတ်အလှပေါင်း ၁၂၀ ကျော်ကိုလေလံတင်ရောင်းချမည်ဖြစ်ပြီး ဆင်တူနံပါတ် ရလုံးနှင့် ဆင်တူနံပါတ် ၆လုံးပါသော နံပါတ်များအပြင် ဆင်တူနံပါတ် ၅လုံးပါ နံပါတ်အလှ အတွဲလိုက်များလည်းပါဝင်မည်ဖြစ်သည်။ ပြည်သူများ၏ ရှေရည်အကျိုးအတွက် အမြဲတမ်းအလေးထားသောအစီအစဉ်တစ်ခုအဖြစ် မြန်မာလူမျိုးတို့၏ လူနေမှုဘဝကိုမြှင့်တင်ကာအလင်းရောင်နှင့် သုံးစွဲရန်လျှပ်စစ်မီးမရရှိသောဒေသများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) မှ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။
MPT-KSGM Joint Operation ၏ Chief Operation Officer ဖြစ်သူ Mr. Yoshiaki Benino က “ပရဟိတလှူဒါန်းမှုနဲ့ပတ်ဝန်းကျင်အကျိုးပြုဖို့ ဒီလိုပွဲလုပ်ပြီးနံပါတ်အလှတွေကိုရောင်းခွင့်ရတာ ကျွန်တော်တို့အရမ်း ဝမ်းသာပါတယ်၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူပြုနိုင်ဖို့ဆိုတာ MPT ရဲ့ ဦးစားပေးရည်ရွယ်ချက်ပါ၊ အခုလိုမျိုးကျေးလက်ဒေသတွေမှာရှိတဲ့ပြည်သူတွေအတွက် အလင်းရောင်နှင့် သုံးစွဲဖို့ စွမ်းအင်ကိုထောက်ပံ့ပေးပြီး လူမှုအဖွဲ့အစည်းမှာ လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ကျေးလက်ဒေသရှိပြည်သူတွေအတွက် အကျိုးရှိတဲ့အပြောင်းအလဲတစ်ခုကို ကျွန်တော်တို့ လုပ်နိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်” ဟုပြောသည်။
လှူဒါန်းသွားမည့် ဆိုလာစွမ်းအင်သုံးမီးအိမ်များသည် ကောင်းစွာအားဖြည့်ပြီး ပြန်လည်အသုံးပြုနိုင်သည်။ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များသည် ငါးနာရီကြာအားသွင်းရုံဖြင့် ၂၄နာရီအထိ အသုံးပြုနိုင်သည်။ ၅ နှစ်ကြာ အသုံးခံနိုင်မည်ဖြစ်ပြီးဘက်ထရီကို ပြန်လည်လဲလှယ်နိုင်သည်။ထိန်းသိမ်းစရိတ်လုံးဝမရှိဘဲလည်ပတ်ရန်အတွက်လည်း ငွေကုန်ကျမှု ရှိမည်မဟုတ်ပါ။ ထို့ပြင် ဤမီးအိမ်များဖြင့် ညအခါ အလင်းရောင်ကောင်းစွာရရှိနိုင်ပြီး USB ကြိုးမှ တဆင့် မိုလ်ဘိုင်းဖုန်းများကိုလည်းအားဖြည့်သွင်းနိုင်ခြင်းဖြင့် ဒေသခံအချင်းချင်းဆက်သွယ်ရေးများပိုမိုကောင်းမွန်လာစေနိုင်မည့် အစီအစဉ်လည်းဖြစ်သည်။
လေလံပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လေ့လာလိုပါက https://www.mpt.com.mm/en/wp-content/uploads/2015/12/Vanity-Number-Auction-Terms-and-Conditions_-Final_-7Dec.pdf တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။