MPT မှ မြန်မာပြည်ရှိ Smartphone သုံးစွဲသူများကို ပိုမိုစနစ်ကျလုံခြုံစွာ နှင့် အကျိုးရှိစွာ ကိုင်တွယ်အသုံးပြုတတ်စေရန် MPT Mobile Seminar များ ပြုလုပ်ပေးမည့်အစီအစဉ်

Published 10 Feb 2016

ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၄ရက်– မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ မြန်မာပြည်ရှိ Smartphone သုံးစွဲသူများ ပိုမိုစနစ်ကျလုံခြုံစွာနှင့် အကျိုးရှိစွာကိုင်တွယ်အသုံးပြုတတ်စေရန် အတွက် အင်တာနက်လုံခြုံရေးများအကြောင်းကို သိရှိနိုင်ရန် ပညာပေးဆွေးနွေးပွဲ ၅၆ပွဲအား ဖေဖော်ဝါရီလ ၈ ရက်မှ မတ်လ ၉ ရက်နေ့များအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ထိုဆွေးနွေးပွဲများကို မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ နှင့် စက်မှုဇုံများများတွင် ပြုလုုပ်သွားမည်ဖြစ်သည်။ မြန်မာပြည်သူပြည်သားတို့၏ လူနေမှုပုံစံ တိုးတက်ရေးအတွက်လုပ်ဆောင်ပေးမည့် MPT ၏ ရည်မှန်းချက်နှင့်အညီ MPT မှ တာဝန်ရှိသူများက မိမိတို့၏ဖုန်းများကို လုံခြုံစွာ၊ အကျိုးရှိစွာ၊ နှင့် အသုံးအတည့်ဆုံးသုံးစွဲတတ်စေရန်အတွက် အဆိုပါဆွေးနွေးပွဲများတွင် ဆွေးနွေးပြောကြားပေးမည်ဖြစ်သည်။

ဆွေးနွေးပွဲများအတွင်းတွင် MPT မှ စမတ်ဖုန်းများ၏ အသုံးဝင်ပုံများ၊ မသင့်လျော်သော အသုံးပြုပုံများကြောင့် ဖြစ်ပေါ် လာတတ်သည့် ပြဿ နာရပ်များ ၊MPT ဝန်ဆောင်မှုများ အကြောင်းကို အသေးစိတ် ရှင်းလင်းပြောပြပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဖုန်းအတွင်း မိုဘိုင်းအင်တာနက် အသုံးပြုရာတွင် ဒေတာ (Data) အသုံးပြုမှုကို သုံးစွဲသူကိုယ်တိုင်မည်သို့ထိန်းချုပ်နိုင်ခြင်း နှင့် မည်သည့်အရာများကို ရှောင်ရှားသုံးစွဲသင့်ကြောင်း စသည့် ပညာပေးဆွေးနွေးခြင်းများကိုလည်း ပြုလုပ်ပေးမည် ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ဒီနှစ်ပိုင်းတွေအတွင်း မှာ စမတ်ဖုန်းသုံးစွဲမှုတွေ မြင့်တက်လာတာကို ကျွန်တော်တို့ သတိပြုမိပါတယ်၊ ဒါပေမဲ့ အင်တာနက်လုံခြုံရေးဆိုင်ရာနည်းပညာအကြောင်း၊ ဆိုင်ဘာနည်းပညာကိုမသင့်လျှော်စွာအသုံးချခံနေရမှုအကြောင်း ကို မျှဝေပေးတဲ့ အပိုင်းမှာကျတော့ အရှိန်အဟုန်မြင့်လာတာကို မတွေ့ရဘူး။ ဒါကြောင့်လည်း မိုဘိုင်းဖုန်းသုံးစွဲသူတွေအားလုံးကို ဖုန်းတွေ ဘယ်လိုမျိုး သေသေချာချာကိုင်တွယ်ရမယ် ဆိုတာတွေ၊ အင်တာနက်လုံခြုံရေးအကြောင်းတွေ၊ ကျွန်တော်တို့ ပေးနေတဲ့ဝန်ဆောင်မှုတွေအကြောင်း အသေးစိတ်တွေ သေချာသိနိုင်အောင် ပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးရင်း သုံးစွဲသူတွေပိုမိုအသိပညာ ကျယ်ပြန့်လာအောင် လုပ်ပေးချင်တာပါ။” ဟု ပြောသည်။

၂၀၁၆ခုနှစ် ဧပြီလမှစတင်ပြီး MPT သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ MPT Branded Shops များဖွင့်လှစ်ထားသော နေရာများတွင် Mobile Seminar များ ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ MPT Mobile Seminarများကို အောက်ပါမြို့နယ်များတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် –

မအူပင်၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ပုသိမ်၊ ငပုတော၊ လပွတ္တာ၊ မြောင်းမြ၊ ဝါးခယ်မ၊ ရေကြည်၊ ကျုံပျော်၊ အင်္ဂပူ၊ ကြံခင်း နှင့် ဟင်္သာတမြို့နယ်တို့ ပါဝင်ပြီး

မန္တလေးတိုင်းဒေသကြီးတွင် –

အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦးနှင့် ကျောက်ပန်းတောင်း မြို့နယ်တို့ ပါဝင်မည်ဖြစ်သည်။

best operator in Myanmar