MPT မှ သောက်သုံးရေလှူဒါန်းခြင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ MPT ဝန်ထမ်းများနှင့် အတူတကွ စတင်ဆောင်ရွက်

Published 10 May 2017

(ရန်ကုန်၊ မေ ၁၀၊ ၂၀၁၇) – MPT မှ ပူပြင်းခြောက်သွေ့သောနွေရာသီတွင် သောက်သုံးရေရှားပါးသော ဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းနေပြီဖြစ်ပါသည်။ MPT၏ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည့် ယခုအစီအစဉ်ကို မိုးရာသီမတိုင်မီ အချိန်အထိ သောက်သုံးရေ အခက်အခဲရှိနေသည့် နေရာဒေသမှ ပြည်သူများ အဆင်ပြေနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

နိုင်ငံတစ်ဝှမ်းရှိ MPT ဝန်ထမ်းများမှ သောက်သုံးရေ လုံလောက်မှုမရှိသော နေရာဒေသများကို သောက်သုံး ရေများသွားရောက် လှူဒါန်းသည့်အခါ တွင်လည်း ရေရှားပါးသော နေရာဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ပါ၀င်လှုပ်ရှားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ MPT မိသားစုဝန်ထမ်းများမှ လှူဒါန်းမှုများတွင်အတူတကွ ပါဝင်ဆောင်ရွက်ခြင်းမှာလည်း မြန်မာပြည်သူပြည်သားများအပေါ်တွင် MPT ၏ အလေးအနက်ထား ဂရုပြုမှုကို ဖော်ပြခြင်းပင်ဖြစ်ကာ၊ မြန်မာပြည်သူပြည်သားတို့နှင့် တစ်စည်းတစ်လုံးတည်း အတူတကွရှိနေခြင်းပင် ဖြစ်ပါသည်။

MPT အနေဖြင့် ပြည်တွင်းလူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော ရှင်သန်ရေးကူညီမှုအသင်း (Nobel Heart) နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ သောက်သုံးရေအမှန်တကယ် လိုအပ်နေသော နေရာ များသို့ လှူဒါန်းပေးခဲ့ပါသည်။ သောက်သုံးရေလှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတို့တွင် မေလအတွင်းပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါဒေသများသို့ ရေသန့်ကားကြီးများ နှင့် စတင်လှူဒါန်းဆောင်ရွက်နေလျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဇုံဒေသ များဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတို််င်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့တွင်လည်း သောက်သုံးရေ လှူဒါန်းခြင်းကို အဆိုပါဒေသများ၏ အခြောက်သွေ့ဆုံးအချိန်ဖြစ်သည့် မေလကုန်နှင့် ဇွန်လ အစောပိုင်းတို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

“MPT အနေနဲ့ ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်က လိုအပ်ချက်တွေကို ကူညီဖို့ ဆုံးဖြတ်ထားပါတယ်။ ရေဆိုတာ ကျွန်တော်တို့အတွက်အဖိုးမဖြတ်နို်င်တဲ့ အရင်းအမြစ် ဖြစ်ပြီး အချို့ဒေသတွေမှာ မေလ နဲ့ ဇွန်လ ဟာ အပူပြင်းဆုံးလတွေ ဖြစ်တာကြောင့် “ရေ” ရှိနိုင်ဖို့အလွန်ပဲခက်ခဲလှပါတယ်။ MPT အနေနဲ့ အရေးပေါ်ရေ လိုအပ်နေတဲ့ ဒေသ ၅ခုကို သောက်ရေသုံးရေတွေ ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ ဒါဟာလည်း ကျွန်တော်တို့ရဲ့ စုစုပေါင်းကျပ်ငွေသိန်းပေါင်း ၂၅၀၀ သုံးစွဲပြီး ဆောင်ရွက်နေတဲ့ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်ဟာ ရေတွင်းရေကန်တွေတည်ဆောက်ပြီး အသန့်ရှင်းဆုံး ရေတွေကို ဖြန့်ဖြူးလှူဒါန်းပေးနေသလိုပဲ သောက်သုံးရေ ရေရှည်ရရှိနိုင်ရေး စီမံကိန်းများကို ပြုလုပ်ပေးနေပါတယ်” ဟု MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Toshitake Amamiya ကပြောကြားခဲ့ပါသည်။

သောက်ရေသန့်များ ပေးအပ်လှူဒါန်းရာတွင် လာမည့်မိုးရာသီမတိုင်ခင်ကာလအထိ ရေလှောင်စည်ကြီးများ၊ ရေသယ်ဆောင်သွားနိုင်သည့် ကားကြီး များ နှှင့် ရေသန့်ဗူးများဖြင့် လှူဒါန်းခြင်းကို ဆောင်ရွက်သွား မည်ဖြစ်သည်။ ထို့အပြင် ပူပြင်းခြောက်သွေ့သော ဒေသမှပြည်သူများ၏ အနာဂတ် အတွက် ပိုမိုအကျိုးပြု ထောက်ပံ့နိုင်မည့် MPT ၏ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” အရ ရေတွင်းရေကန်များ တူးဖော်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

best operator in Myanmar