latest news

MPT သုံးစွဲသူ မိဘပြည်သူများသို့ အသိပေးအကြောင်းကြားခြင်း

Published 24 Nov 2021

စစ်ကိုင်းတိုင်း မုံရွာမြို့မှ မြင်းမူမြို့နှင့် မကွေးတိုင်း ရေစကြိုမြို့တို့ အကြားတွင် ချိတ်ဆက်ထားသည့် ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသဖြင့် ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ နေရာအချို့တွင် တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှု အခက်အခဲအချို့ ဖြစ်ပေါ်လျက် ရှိပါသည်။ သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့အနေဖြင့် နဂိုအတိုင်း ပြန်လည်ကောင်းမွန်စေရန်အတွက် ပြင်ဆင်မှုများကို အမြန်ဆုံးကြိုးပမ်းလုပ်ဆောင်နေပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။

best operator in Myanmar