
MPT ၏ မူလ အကြိုက်ပို့ SMS ပက်ကေချ့်တွင် အကန့်အသတ်မရှိ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်အသစ်များကို ထည့်သွင်းမိတ်ဆက်
(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်)- မြန်မာနိုင်ငံ၏ ဦးဆောင် ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT သည် SMS စာတိုပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း နှင့် ဒေတာပက်ကေ့ချ်အပါအဝင် ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ MPT သည် သုံးစွဲသူများအတွက် ၎င်းတို့ချစ်ခင်ရသူများ နှင့် ပိုမိုဆက်သွယ်နိုင်စေရန် ယခု ရှိနေသော “အကြိုက်ပို့” ပုံမှန် (Regular) SMS ပက်ကေ့ချ်တွင် Regular ပက်ကေချ့်အသစ်တစ်ခုနှင့် သုံးစွဲသူမှ အလိုအလျောက် ဝယ်ယူရန် အဆိုပြုထားပါက အလိုအလျောက်သက်တမ်းတိုးနိုင်သည့် “ အကြိုက်ပို့” အလိုအလျောက်သက်တမ်းတိုး (Auto-Renewal) SMS ပက်ကေ့ချ်အသစ်နှစ်ခုကို ထည့်သွင်း မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။
သုံးစွဲသူများအနေဖြင့် ယခုထပ်မံမိတ်ဆက်လိုက်သော “အကြိုက်ပို့” ပက်ကေ့ချ်အသစ်များထဲမှ မိမိနှစ်သက်သည့် ပက်ကေ့ချ်အမျိုးအစားကို ရွေးချယ်ဝယ်ယူ၍ MPT အချင်းချင်း SMS စာတို စိတ်ကြိုက်ပေးပို့နိုင်မည်ဖြစ်ပါသည်။ ရွေးချယ်ဝယ်ယူနိုင်မည့် ပက်ကေ့ချ်အမျိုးအစားနှင့် သက်တမ်းများကို အောက်ပါဇယားတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
ပက်ကေ့ချ် အမျိုးအစား | စျေးနှုန်း(ကုန်သွယ်ခွန် ပါဝင်ပြီး) | SMS အရေအတွက် (on-net) | သက်တမ်း | ရယူနိုင်သည့်နည်းလမ်းများ | လက်ကျန် စစ်ဆေးရန် | ||
---|---|---|---|---|---|---|---|
တိုက်ရိုက် USSD | Common USSD | ချန်နယ်များ | |||||
အကြိုက်ပို့ ပုံမှန် (Regular) ပက်ကေ့ချ် | ၉၉၈ ကျပ် | အကန့်အသတ်မရှိ | ၃၀ ရက် | ရယူရန်: *2427*3# | *2427# | MPT4U အက်ပလီကေးရှင်း MPT Pay အက်ပလီကေးရှင်း | *224# |
အကြိုက်ပို့ အလိုအလျောက်သက်တမ်းတိုး (Auto-Renewal) ပက်ကေ့ချ် | ၄၈၈ ကျပ် | ၅,၀၀၀ | ၇ ရက် | ရယူရန်: *2427*2*3# ပယ်ဖျက်ရန်: *2427*2*4# |
|||
၉၇၈ ကျပ် | အကန့်အသတ်မရှိ | ၃၀ ရက် | ရယူရန်: *2427*3*3# ပယ်ဖျက်ရန်: *2427*3*4# |
ထို့ပြင် အကြိုက်ပို့ SMS ပက်ကေ့ချ်များကို နှစ်သက်ရာနည်းလမ်းမှတစ်ဆင့် ဝယ်ယူသုံးစွဲနိုင်ပြီး ဝယ်ယူသည့် အကြိမ်တိုင်းအတွက် 200 GB အထိ ဒေတာဆုများကံထူးရယူနိုင်မည့် ထိပေါက်ကစားခွင့် တစ်ကြိမ် ရရှိမည်ဖြစ်ပါသည်။
နိုင်ငံတစ်ဝန်းမှ MPT GSM/WCDMA Prepaid သုံးစွဲသူများသည် ယခုပက်ကေ့ချ်ကို အသုံးပြုနိုင်ပါသည်။ အကြိုက်ပို့ ပက်ကေ့ချ်အသစ်ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီးပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက မူလပက်ကေ့ချ်၏ လက်ကျန်စာတိုပေးပို့ခွင့်များကို ပေါင်းစည်း အသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး သက်တမ်းရှိသော ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြု နိုင်မည်ဖြစ်ပါသည်။
အကြိုက်ပို့ “ပုံမှန်” (Regular) နှင့် “အလိုအလျောက်သက်တမ်းတိုး” (Auto-renewal) ပက်ကေ့ချ် နှစ်မျိုးလုံးမှ တူညီသော စာတိုပေးပို့ခွင့်များကို ခံစားနိုင်မည် ဖြစ်သော်လည်း အလိုအလျောက်သက်တမ်းတိုး (Auto-renewal) ပက်ကေ့ချ်များကို ဝယ်ယူသူများအတွက်မူ စျေးနှုန်းပိုမိုသက်သာစေမည် ဖြစ်သည်။ သုံးစွဲသူမှ အလိုအလျောက် ဝယ်ယူရန် အဆိုပြုထားပါက ပက်ကေ့ချ်၏ လက်ကျန် စာတိုပေးပို့ခွင့် (၂၅) စောင် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်း ကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး သွားမည်ဖြစ်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။
အကြိုက်ပို့ ပုံမှန် (Regular) နှင့် အကြိုက်ပို့ အလိုအလျောက်သက်တမ်းတိုး (Auto-renewal) ပက်ကေချ့်များအကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။