pr-mm-desktop

MPT က လက်ရှိတွင် ပေးအပ်လျက်ရှိသော တန်ဆောင်တိုင် ပရိုမိုးရှင်း အစီအစဉ် (၃) ခု အပြင် တန်ဆောင်တိုင် အမှတ်တရ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲကို မိတ်ဆက်.

Published 23 Nov 2023

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT အနေဖြင့် တန်ဆောင်တိုင်ပွဲတော်ကို စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်းအစီအစဉ်များ နှင့်အတူ ရင်ခုန်စရာ ဆုလက်ဆောင်များ ပါဝင်မည့် တန်ဆောင်တိုင် အမှတ်တရ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲကို ဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ MPT အနေဖြင့် မြန်မာ့ရိုးရာပွဲတော်များအား လေးစားမြတ်နိုးပြီး တန်ဖိုးထားရသော သုံးစွဲသူများအတွက် အမှတ်တရအချိန်လေးများ ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
အောက်ဖော်ပြပါဇယားတွင် MPT က ပေးအပ်သွားမည့် တန်ဆောင်တိုင် အထူးအစီအစဥ်များကို ဖော်ပြထားပါသည်။

ပရိုမိုးရှင်းအမည်ပရိုးမိုးရှင်းကာလရယူရမည့် နည်းလမ်းဆုလက်ဆောင်များအသေးစိတ်ကြည့်ရှုရန် လင့်ခ်
တန်ဆောင်တိုင် ထိပေါက် ပရိုမိုးရှင်း၊နိုဝင်ဘာလ (၆) ရက်မှ (၂၇)ရက်နေ့အထိData Carry Plus (Auto Renewal) (သို့) ထောဘီ (၅ဆ / ၁၀ဆ) (Auto Renewal) ပက်ကေ့ချ်များကို (၉၇၉) ကျပ်နှင့်အထက် MPT4U မှတစ်ဆင့် ဝယ်ယူခြင်းMPT Club (၅၅၅၅) ပွိုင့်အထိ ကံထူးခွင့်၊ထိပေါက်ကစားခွင့်အပြင် “M” (သို့) “P” (သို့) “T” စာလုံးများရရှိခြင်း https://bit.ly/3MpdEdZ
Top-up ထိပေါက် ပရိုမိုးရှင်းနိုဝင်ဘာလ (၁၇) ရက်မှ (၂၇) ရက်နေ့အထိကြိုက်နှစ်သက်ရာ နည်းလမ်းမှတစ်ဆင့် (၁၀၀၀) ကျပ် နှင့် အထက်ဖုန်းငွေဖြည့်ခြင်းပါဝင်ခြင်းဖြင့် သုံးစွဲသူများသည် MPT Club ၉၉၉၉ ပွိုင့်အထိ ကံထူးခွင့်၊ ထိပေါက်ကစားခွင့်https://bit.ly/3MHZHIv
MPT Club တန်ဆောင်တိုင် ပရိုမိုးရှင်းနိုဝင်ဘာလ (၁၃) ရက်မှ (၃၀) ရက်နေ့အထိMPT Club အဖွဲ့ဝင်များGoogle လင့်ခ်မှတစ်ဆင့် ဉာဏ်စမ်း အမေးအဖြေများကို ဖြေဆိုခြင်းဖြင့် MPT Club အဖွဲ့ဝင်များသည် အနည်းဆုံး MPT Club ပွိုင့် (၇၀) မှ အများဆုံး MPT Club ပွိုင့် (၁၀၀) အထိ ရရှိနိုင်ခြင်းhttps://bit.ly/3usMXzf

ယခုကဲ့သို့ ထူးခြားသော ပရိုမိုးရှင်းများတွင် ပါဝင်ပြီး စိတ်လှုပ်ရှားဖွယ် ဆုကြီးများအား အရယူနိုင်မည်ဖြစ်ပါသည်။ ပရိုမိုးရှင်းတစ်ခုစီနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ဇယားထဲတွင် ပါဝင်သောလင့်ခ်များအား ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
နိုဝင်ဘာ (၂၅) ရက်မှ (၂၇) ရက်အထိ ကျင်းပသွားမည့် MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် ပါဝင်ပြီး အမှတ်တရအချိန်လေးများကို ပိုင်ဆိုင်နိုင်သလို အပျော်တွေကိုပါ မျှဝေပေးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။ အောက်တွင်ဖော်ပြထားသည့် နည်းလမ်းများအတိုင်း ပါဝင်နိုင်ပါသည်။
ပြိုင်ပွဲဝင်ရန်-
ပါဝင်သူတိုင်းသည် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်သက်ဆိုင်သည့်ဓာတ်ပုံရိုက်၍ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲအစီအစဉ် ပို့စ်အောက်တွင် မှတ်ချက်ပြု(Comment) လာမန့်ပေးရပါမည်။
“MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲ ပို့စ်ကို hashtag များဖြစ်သည့် #MPTTazaungdaingLightingFestival နှင့် #TogetherwithMyanmarPeople နှင့်အတူ public setting ဖြင့် share ရပါမည်။
ပြိုင်ပွဲပြီးဆုံးမည့်အချိန်- ပါဝင်သူများသည် မှတ်ချက်ပြု (Comment) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်၊ ညသန်းခေါင်ယံ (23:59) နာရီထက် နောက်မကျဘဲ ပေးပို့ထားရမည်ဖြစ်ပါသည်။
အမှတ်တရဆုလက်ဆောင်များ- အမှတ်တရ ဆုလက်ဆောင် ကံထူးရှင် စုစုပေါင်း (၁၉၀)ဦးကို ကျပန်းစနစ်ဖြင့် ရွေးချယ်၍ ဆုများပေးအပ်သွား မည်ဖြစ်ပါသည်။ အမှတ်တရ ဆုလက်ဆောင်များမှာ- realme mobile handsets, realme gift sets, Mi SmartWatch, Wireless Earbuds နှင့် MPT မိုဘိုင်းဖုန်းဘေလ်များ၊ MPT Club ပွိုင့်များဖြစ်ပါသည်။ အသေးစိတ်ကို https://mpt.com.mm/mm/tazaungtine-photo-contest/ လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ထူးခြားမှုများကို ယခုပဲလုပ်ဆောင်လိုက်ပါ-ပါဝင်သူများ၏ ဓာတ်ပုံတစ်ပုံစီအတွက် (၅၀၀) ကျပ်သတ်မှတ်ပြီး လက်ခံရရှိသည့် ဓါတ်ပုံအရေအတွက် ပေါ်မူတည်၍ မေရီချက်(ပ်)မင်း နားမကြားကလေးများ၏ ပညာရေး နှင့် ကျန်းမာရေးအတွက် လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။
အမှတ်တရဆုလက်ဆောင်ရရှိသူများကို MPT က Facebook Page နှင့် Viber တို့တွင်ကြေညာပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများကို https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2023/11/23171422/Terms__Conditions_Tazaungdaing_Lighting_Festival_Photo_Conest_MM_23112023_Final.pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “ ကျွန်တော်တို့အနေနဲ့ အခုလို မင်္ဂလာရှိတဲ့ ပွဲတော်အခါသမယမှာ သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားမှုနဲ့ပျော်ရွှင်မှုတွေ ဆောင်ကြဥ်းပေး နိုင်ဖို့ ပရိုမိုးရှင်းအစီအစဉ် (၃) ခုနဲ့ ဒီဂျစ်တယ် အမှတ်တရ ဓာတ်ပုံပြိုင်ပွဲကို စီစဉ်ဆောင်ရွက်ပေး ခြင်းဖြစ်ပါတယ်။ MPT ကို စဥ်ဆက်မပြတ်ပံ့ပိုးပေးကြတဲ့ သုံးစွဲသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာပြည်သူပြည်သား အားလုံး အေးချမ်းသာယာတဲ့ ပျော်ရွှင်ဖွယ်ရာ တန်ဆောင်တိုင်ပွဲတော်ကို ပိုင်ဆိုင်ကြစေဖို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။အခုလို တန်ဆောင်တိုင် အမှတ်တရ ဓါတ်ပုံပြိုင်ပွဲကို အတူဆင်နွှဲရင်း လူမှုအသိုက်အဝန်းအတွက် အတူတူထောက်ပံ့ပေးနိုင်မှာမို့ အားလုံး ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ရပါရစေ။” ဟုပြောကြားခဲ့ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဉ်ဘဝအတွက် ဆန်းသစ်ပြီး အဆင်ပြေ လွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။ MPT အနေဖြင့် အနာဂတ်တွင် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသော ကမ်ပိန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့်လည်း အချိန်နှင့်တပြေးညီ သိရှိရန် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။
MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar