MPT မှ “ MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” နှင့် တန်ဆောင်တိုင် အမှတ်တရ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲကို ကျင်းပမည်
(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “ MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ကိုနှစ်စဉ်ကျင်းပ ဆောင်ရွက်ခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ တန်ဖိုးထားရသော ရိုးရာဓလေ့များနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ယူစွာ ဆက်လက်ထိန်းသိမ်းမြှင့်တင်လျက်ရှိသည်။
စစ်မှန်သောပြည်တွင်းဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် MPT သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသများရှိ အထင်ကရ စေတီပုထိုးများ၌ မီးထွန်းပွဲတော်များကို ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ မီးထွန်းပွဲတော်များကို ညနေ ၄:၀၀ နာရီ မှ စတင်မည်ဖြစ်ပြီး၊ ၅:၃၀ နာရီ အချိန်တွင် ဆီမီးကပ်လှူပူဇော်သည့် အခမ်းအနား ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲတော်ကျင်းပသွားမည့် စေတီပုထိုးများ၏ အချက်အလက်များကို MPT ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။

အဆိုပါ မီးထွန်းပွဲတော်အခမ်းအနားတွင် အမှောင်ကိုခွင်း၍အလင်းဆောင်မှု၊ စည်းလုံးညီညွတ်မှုနှင့် ဆက်သွယ်ချိတ်ဆက်နိုင်မှုတို့ကို ဖော်ဆောင်သည့် ဖယောင်းတိုင်နှင့် ဆီမီး ၁၅,၀၀၀ ကျော် အသုံးပြုကာ MPT ၏ အမှတ်တံဆိပ်ကို ပုံဖော်ခြင်းနှင့် ဘုရားရှင်ကိုရည်မှန်းပြီး လှူဒါန်းထွန်းညှိပူဇော် သွားမည်ဖြစ်ပါသည်။ နွေးထွေးသော ရိုးရာအမွေအနှစ်တို့ နှင့် ခိုင်မာသော လူ့မှုအသိုက်အဝန်း ကိုထင်ရှားပေါ်လွင်စေသည့်ပွဲတော် ဖြစ်သည့်အတွက် လူထောင်ပေါင်းများစွာ ပျော်ရွှင်စွာဖြင့် လာရောက်ဆင်နွှဲကြလိမ့်မည်ဟု မျှော်လင့်ထားပါသည်။
အဆိုပါ ပွဲတော်ကို ပိုမို၍ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်စေရန်အတွက် MPT သည် “ MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော် ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲ” ကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး၊ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း အမှတ်တရရှိခဲ့သည့် ပျော်ရွှင်စရာအခိုက်အတန့်ပုံရိပ်များကို မျှဝေကာ ပါဝင်ယှဉ်ပြိုင်ကြရန် အတွက်လည်း ဖိတ်ခေါ်ထားပါသည်။ အဆိုပါ ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် မှ နိုဝင်ဘာလ ၁၃ ရက် အထိ ကျင်းပသွားမည်ဖြစ်ရာ၊ ပါဝင်ယှဉ်ပြိုင်သူများအတွက် ဆုလက်ဆောင်အမျိုးမျိုးကို ကံထူးနိုင်ရန်အခွင့်အလမ်းကို ပေးအပ်ထားပါသည်။ တယ်လီကွန်းဆုများ အဖြစ် ဒေတာ 111 GB အတွက် ဆုရှင် (၁၁) ဦး၊ ဖုန်းငွေဖြည့်ကတ် ၃၀,၀၀၀ ကျပ်အတွက် ဆုရှင် (၁၀) ဦး နှင့် ဖုန်းငွေဖြည့်ကတ် ၁၀,၀၀၀ ကျပ်အတွက် ဆုရှင် (၁၀) ဦးတို့ကို ချီးမြှင့်သွားမည်ဖြစ်ပါသည်။ တယ်လီကွန်းမဟုတ်သော ဆုများအဖြစ် Infinix Note 50 စမတ်ဖုန်း (၂) လုံးလည်း ပါဝင်မည်ဖြစ်သည်။
အသေးစိတ်ကို https://bit.ly/47zVVKT လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPTJO ၏ စီးပွားရေးဌာနကြီးမှ အကြံပေးအရာရှိဖြစ်သူ Mr. Yoshinori YAGI က “တန်ဆောင်တိုင်ပွဲတော်ဟာ အမှောင်ကိုခွင်းပြီးအလင်းဆောင်ခြင်း၊ အလှူဒါနပြုခြင်းနဲ့ သွေးစည်းညီညွတ်ခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ် ထင်ရှားတည်ရှိတဲ့ မြန်မာနိုင်ငံရဲ့ အလေးနက်ဆုံးနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ရက်မြတ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ MPT က စီစဉ်တဲ့ ‘MPTနှင့်အတူနွှဲပျော်တန်ဆောင်တိုင် မီးထွန်းပွဲတော်’ ကို ရိုးရာအငွေ့အသက်တွေနဲ့ ပြည့်ဝတဲ့ အထင်ကရ စေတီပုထိုးတွေမှာ စည်စည်ကားကား ကျင်းပသွားမှာ ဖြစ်လို့ အများပြည်သူတွေကို လာရောက်ဆင်နွှဲ နိုင်ကြဖို့ အထူးပဲ ဖိတ်ခေါ်အပ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ ပွဲတော်ကိုလာရောက်နိုင်မယ့်အပြင် ပျော်ရွှင်စရာအမှတ်တရတွေကို ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲကတစ်ဆင့် မျှဝေနိုင်မှာဖြစ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေအနေနဲ့ နှလုံးသားအချင်းချင်းနီးကပ်စေဖို့ ချိတ်ဆက်ဆောင်ရွက်မှုတွေကိုပါ လက်တွေ့ခံစား သိရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပါ သည်။



