pr-mm-desktop

MPT သုံးစွဲသူ မိဘပြည်သူများသို့ အသိပေးအကြောင်းကြားခြင်း

Published 23 May 2024

လေးစားရပါသောသုံးစွဲသူမိဘပြည်သူများခင်ဗျာ
MPT အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းများကို မေလ ၂၅ရက် ည ၁၁ နာရီခွဲ မှ မေလ ၂၆ ရက် နံနက်၂ နာရီ ၅၀ အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ အဆင့်မြှင့်တင်ခြင်းများပြုလုပ်နေချိန်အတွင်း သုံးစွဲသူများအနေဖြင့် မေလ ၂၅ ရက်နေ့ပြုလုပ်သည့် Special Flash ပရိုမိုးရှင်းတွင် ည (၉) နာရီအထိသာ ပါဝင်နိုင်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
အဆိုပါကာလအတွင်း သုံးစွဲသူများသည် ဒေတာ နှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများကို နဂိုအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သို့ရာတွင်  IDD နှင့် Roaming  ဝန်ဆောင်မှုများ၊ MPT4U, USSD ကုတ် နှင့် SMS များမှတစ်ဆင့် ပက်ကေ့ချ်များ ဝယ်ယူခြင်း (ဒေတာ၊အသံ၊ SMS{စာတို})၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ဝယ်ယူခြင်း၊ ချေးငွေဝန်ဆောင်မှု၊ ခေါ်သူနားဆင် (CRBT) ဝန်ဆောင်မှုဝယ်ယူခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ လက်ကျန်ဘေလ်စစ်ဆေးခြင်း များကို ယာယီ အသုံးပြုနိုင်မည်မဟုတ်ပါ။
ထို့အပြင် MPT Club သုံးစွဲသူအဆင့် စစ်ဆေးခြင်း နှင့် သုံးစွဲသူ မှတ်ပုံတင် အချက်အလက်များကို (Customer information) စစ်ဆေးခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကို ယာယီအသုံးပြုနိုင်မည်မဟုတ်ပါ။
အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်လိုပြီး သည်းခံစောင့်ဆိုင်းပေးမှုအတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်။ 

best operator in Myanmar