pr-mm-desktop

MPT ၏ဆက်သွယ်ရေး ဝန်ဆောင်မှုများကို မူလအခြေအနေနီးပါး ပြန်လည်အသုံးပြုနိုင်ပြီ

Published 29 Apr 2025

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်) လွန်ခဲ့သည့် မတ်လ (၂၈) ရက်က   ဖြစ်ပွားခဲ့သော အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများမှ MPT သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု အခက်အခဲအချို့ ဖြစ်ပေါ်ခဲ့ရပါသည်။

MPT က ဆက်သွယ်ရေး ဝန်ဆောင်မှုများကို မူလအတိုင်း ပြန်လည်အသုံးပြုနိုင်စေရန်အတွက် အချိန်နှင့် တစ်ပြေးညီ ကြိုးစားပြင်ဆင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် အဆိုပါဒေသများရှိ MPT သုံးစွဲသူများ  အနေဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို မူလအခြေအနေခန့်အထိ ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ဝန်ဆောင်မှုများ မူလအတိုင်း ပြန်လည်အသုံးပြုနိုင်စေရန်အတွက်လည်း စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ သုံးစွဲသူများအနေဖြင့် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ရသည့်အပေါ် သည်းခံနားလည်ပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ “အတူလက်တွဲအမြဲရှိမည် MPT”

best operator in Myanmar