
MPT Club အဖွဲ့ဝင်များ တန်ဆောင်တိုင်ကာလအတွင်း အာယု အင်တာနေရှင်နယ် ဆေးရုံကြီး၏ ဆေးစစ်ခြင်း ပက်ကေ့ချ်များကို ခံစားနိုင်
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံး ဆေးရုံများထဲမှ တစ်ခုဖြစ်သည့် အာယု အင်တာနေရှင်နယ် ဆေးရုံကြီးနှင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် MPT Club အဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်မှ ၁၇ ရက်အတွင်း တန်ဆောင်တိုင် ပရိုမိုးရှင်းအစီအစဉ်၏ အကျိုးကျေးဇူးများကို ခံစားနိုင်မည် ဖြစ်သည်။ အဆိုပါ ပရိုမိုးရှင်း၏ သက်တမ်းမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အထိ ဖြစ်ပါသည်။
ကျန်းမာရေးသည် လူတိုင်းအတွက် နေ့စဉ်ဘဝတွင် အလွန်အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် MPT Club အဖွဲ့ဝင်များအားလုံးသည် တန်ဆောင်တိုင် ပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် သက်သာသော နှုန်းထားများဖြင့် တုပ်ကွေးကာကွယ်ဆေးထိုးခြင်း (သို့မဟုတ်) မိမိတို့၏ ကျန်းမာရေးအခြေအနေများ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ MPT Club အဖွဲ့ဝင်များအားလုံးသည် အာယု အင်တာနေရှင်နယ်ဆေးရုံကြီးတွင် ဆေးစစ်ခြင်း (Medical Packages) ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် အထူးသီးသန့် ကျန်းမာရေးစောင့်ရှောက်မှု အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှု အထူးသီးသန့် အကျိုးခံစားခွင့်များကို ခံစားနိုင်ရန် MPT Club အဖွဲ့ဝင်များသည် ဆေးစစ်ခြင်း ပက်ကေ့ချ်များကို မဝယ်ယူမီ ၎င်းတို့၏ အဖွဲ့ဝင်အဆင့်ကို အာယု အင်တာနေရှင်နယ် ဆေးရုံကြီးတွင် ပြသရန် လိုအပ်ပါသည်။ ဆေးစစ်ခြင်း ပက်ကေ့ချ်အမျိုးအစား ၃ မျိုး၏ အသေးစိတ်အချက်အလက်များကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
ဆေးစစ်ခြင်း ပက်ကေ့ချ်များ | ပုံမှန်နှုန်းထား (ကျပ်) | MPT Club အဖွဲ့ဝင်များအတွက် အထူးနှုန်းထား (ကျပ်) | လျှော့စျေး (ကျပ်) |
---|---|---|---|
Post-Covid Package | ၃၀၀,၀၀၀ | ၂၅၀,၀၀၀ | ၅၀,၀၀၀ |
Obesity Package | ၂၅၄,၅၀၀ | ၁၈၀,၀၀၀ | ၇၄,၅၀၀ |
Flu Vaccination | ၄၀,၀၀၀ | ၃၀,၀၀၀ | ၁၀,၀၀၀ |
“နေ့ရက်တိုင်းမှာ စိုပြေမှာ MPT Club ရဲ့စေတနာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ MPT Club သည် သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝများ ပိုမိုပြည့်စုံ ကြွယ်ဝစေရေးအတွက် မိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးခံစားခွင့်များနှင့် အထူး အစီအစဉ်များကို ပြုလုပ်ပေးလျက် ရှိပါသည်။
ယခု အထူးပရိုမိုးရှင်းအစီအစဉ်သို့ ပါဝင်သည့် အဖွဲ့ဝင်အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိသည့်အပြင် MPT Club အဖွဲ့ဝင်များအားလုံးသည် မိမိတို့၏ လိုအပ်ချက်ပေါ်မူတည်၍ အထက်ပါပက်ကေ့ချ်များအားလုံးကို ဝယ်ယူနိုင်ပါသည်။ သို့သော်လည်း MPT Club အဖွဲ့ဝင်တစ်ဦးသည် ပက်ကေ့ချ်တစ်ခုလျှင် တစ်ကြိမ်သာ ဝယ်ယူခွင့်ရှိပါသည်။
ကျန်းမာရေးစောင့်ရှောက်မှု အကျိုးကျေးဇူးများကို ခံစားနိုင်ရန် MPT Club သို့ အဖွဲ့ဝင် အဖြစ် ဝင်ရောက်ထားခြင်း မရှိသော MPT သုံးစွဲသူများသည် အောက်ပါနည်းလမ်းများဖြင့် MPT Club အဖွဲ့ဝင်နိုင်ပါသည်။
၁) MPT Club သို့ အဖွဲ့ဝင်နိုင်ရန် MPT4U အက်ပလီကေးရှင်း ကို ဒေါင်းလုတ်ရယူပြီးဖြစ်စေ။
၂) *345# ကို ခေါ်ဆို၍ (သို့မဟုတ်) အမျိုးသားအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ဖြစ်စေ အဖွဲ့ဝင်နိုင်ပါသည်။
MPT Club သို့ အဖွဲ့ဝင်ပြီးနောက် MPT သုံးစွဲသူများအားလုံးသည် ကြိုဆိုလက်ဆောင်အဖြစ် MPT Club ပွိုင့် ၅၀ ရရှိမည် ဖြစ်သည်။
MPT Club သည် On Doctor ၊ My Healthcare ၊ Myancare ၊ Dental House ၊ အောင်ကောင်းမြတ် သွားနှင့်ခံတွင်းဆေးခန်းနှင့် ရင်သွေးတို့ကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအတွက် သုံးစွဲသူများအား ဆွဲဆောင်မှုရှိသော ပရိုမိုးရှင်းများကို ပေးအပ်လျက်ရှိပါသည်။ MPT Club ၏ ပရိုမိုးရှင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို https://www.mpt.com.mm/mm/mpt-club-mm/#promotions တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPT Club သည် သုံးစွဲသူ အဖွဲ့ဝင်များအတွက် ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး အဖွဲ့ဝင်များအနေဖြင့် ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) မိတ်ဖက်အဖွဲ့အစည်း ၁၁၀ ခုကျော်၏ စားသောက်ဆိုင်များ၊ ပညာရေး /ကျန်းမာရေး ဝန်ဆောင်မှုများ၊ အွန်လိုင်းမှတစ်ဆင့် အားကစား လုပ်ဆောင်မှု၊ အွန်လိုင်းမှတစ်ဆင့် အစားအသောက်ပို့ဆောင်မှု နှင့် အွန်လိုင်းစျေးဝယ်မှု၊ ဖျော်ဖြေးရေး၊ ခရီးသွားလုပ်ငန်းများနှင့် စတိုးဆိုင်ကြီးများတွင် စျေးဝယ်ယူခြင်း/ဝန်ဆောင်မှုရယူခြင်းများပြုလုပ်တိုင်း အကျိုးခံစားခွင့် ပြန်လည်ပေးအပ်သည့်အစီအစဉ် တစ်ခုဖြစ်သည်။ အဆိုပါ အစီအစဉ်ကြောင့် သုံးစွဲသူများအနေဖြင့် နာမည်ကျော် အမှတ်တံဆိပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အထူးနှုန်းထားများဖြင့် ဝယ်ယူရရှိနိုင်ပြီး ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကိုလည်း ရရှိနိုင်မည့်အပြင် MPT Club အဖွဲ့ဝင်များနှင့် အဆိုပါ အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုများအကြား နေ့စဉ်ဘဝဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေ မည်ဖြစ်သည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT Club ၏ ဆေးစစ်ခြင်း ပက်ကေ့ချ်အတွက် အထူးပရိုမိုးရှင်း အစီအစဉ်များ အကြောင်း ပိုမိုသိရှိလိုပါကတရားဝင်ဖေ့စ်ဘွတ်စာမျက်နှာwww.facebook.com/mptofficialpage/ (သို့မဟုတ်) ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက် (သို့မဟုတ်) 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ ထို့အပြင် အာယု အင်တာနေရှင်နယ် ဆေးရုံကြီး၏ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/profile.php?id=100086619562478 သို့မဟုတ် hotline နံပတ် ၀၁-၉၃၇၆၂၀၀ သို့ တိုက်ရိုက်ဆက်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။