pr-mm-desktop

MPT က မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုတွင် တိုးချဲ့ဆောင်ရွက်

Published 20 Aug 2024

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်) _ MPT သည် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့် ကတိကဝတ်နှင့်အညီ သုံးစွဲသူများအတွက် ပိုမိုမြန်ဆန် ကောင်းမွန်သော အရည်အသွေးမြင့် ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ MPT သည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့ရှိ မြို့နယ် (၇၆) မြို့နယ်တွင် မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို တိုးချဲ့ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာ လိုက်ရပါသည်။

ကွန်ရက်တိုးချဲ့မှုနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုရှိ သုံးစွဲသူများသည် ပိုမိုမြန်ဆန် ကောင်းမွန်သော အင်တာနက်ချိတ်ဆက်မှု အတွေ့အကြုံများကိုပါ ရရှိခံစားနိုင်ပြီး အထူးကမ်းလှမ်းချက် ပရိုမိုးရှင်းများကိုလည်း ရရှိနိုင်မည် ဖြစ်သည်။ သုံးစွဲသူများသည် *555# သို့ခေါ်ဆိုခြင်း (သို့မဟုတ်) MPT Own Shop များ၊ Call Center၊ တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် TuTu Chat ၊ MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် ဝယ်ယူ၍ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ သုံးစွဲသူများသည် အထူးကမ်းလှမ်းချက် ပရိုမိုးရှင်းအစီအစဉ်ကို အကန့်အသတ်မရှိ ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။

MPT-KSGM JO ၏ နည်းပညာဌာနကြီးမှ ဒုတိယ အရာရှိချုပ်ဖြစ်သူ Mr. Yoshihisa OUCHI က “ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၅) ခုမှာ ပိုမိုမြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ မြန်နှုန်းမြင့် LTE ကွန်ရက်ကို တိုးချဲ့​ဆောင်ရွက်​ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုကွန်ရက် အဆင့်မြှင့်တင်မှုက ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အွန်လိုင်းအတွ့အကြုံတွေဖြစ်တဲ့  လေ့လာသင်ယူခြင်း၊ အွန်လိုင်းဖျော်ဖြေရေး သို့မဟုတ် ဂိမ်းကစားခြင်းအတွက် အတွေ့အကြုံကောင်းများစွာကို ပေးအပ်နိုင်မှာ ဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ကွန်ရက်နဲ့အတူ “အထူးကမ်းလှမ်းချက်” တွေကို ရရှိခံစားနိုင်ပါပြီ”ဟု ကြောကြားခဲ့ပါသည်။  

ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်ရန် ဆောင်ရွက်လျက်ရှိပြီး မြန်နှုန်းမြင့် LTE ကွန်ရက် အဆင့်မြှင့်တင်ခြင်းများကို အခြားဒေသများအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar