mpt 10 years anniversary

MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အထူးပရိုမိုးရှင်းများပေးအပ်

Published 10 Jul 2024

(ရန်ကုန်၊၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်) _ မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်ဖြစ် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်များကို မိတ်ဆက်လိုက်ပါသည်။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် MPT နှင့် KSGM ပူးပေါင်းဆောင်ရွက်မှု (JO) စတင်ခဲ့သည့် အချိန်မှစ၍  သန်းပေါင်းများစွာသော သုံးစွဲသူများအတွက် ဆန်းသစ်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများနှင့် ခေတ်မီ နည်းပညာများပေးအပ်ခြင်းဖြင့် ဆက်သွယ်ရေးကဏ္ဍကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ခိုင်မာသော တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေခြင်းနှင့်အတူ အဓိက တန်ဖိုးထား သတ်မှတ်ချက်များ ဖြစ်သည့်  ချိတ်ဆက်နိုင်မှု၊ ဆန်းသစ် တီထွင်မှုနှင့် ထူးခြားကောင်းမွန်မှုတို့ကို အကောင်အထည်ဖော်ကာ ယခုအချိန်အထိ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့ MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ (၁၀) နှစ်ပြည့် ပရိုမိုးရှင်း အစီအစဉ်များဖြစ်သည့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်နှင့်အတူ အခြား အထူးပရိုမိုးရှင်းများ ပါဝင်သည့် မိတ်ဆက်ပွဲ အခမ်းအနားကို Pan Pacific ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အထူးပရိုမိုးရှင်းအစီအစဉ်ထဲတွင် တစ်မူထူးခြားသည့် အထူးအကျိုးခံစားခွင့် ကံစမ်းမဲအစီအစဉ်လည်းပါဝင်ပြီး Special Flash၊  MPT Club မိတ်ဖက်ဆိုင်များ၏ ပရိုမိုးရှင်းအစီအစဉ်များ၊ ထပ်ဆောင်းဝန်ဆောင်မှု ကံစမ်းမဲ အစီအစဉ်နှင့် အခြားသော အစီအစဉ်များစွာ ပါဝင်ပြီး၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

MPT သုံးစွဲသူများအားလုံး အောက်ဖော်ပြပါဇယားရှိ  ပရိုမိုးရှင်းအစီအစဉ်များတွင် ပါဝင်နိုင်မည်ဖြစ်သည်။

စဉ်ပရိုမိုးရှင်းများခံစားခွင့်များUSSDစာရင်းသွင်းရယူရန်ပရိုမိုးရှင်းကာလ
အထူးအကျိုးခံစားခွင့် ကံစမ်းမဲအစီအစဉ် (10GB Hti Pauk Special Bonus)10 GB Lucky ဒေတာ-- ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ၁,၀၀၀ ကျပ်နှင့် အထက်ငွေဖြည့်သွင်းခြင်း
- MPT4U အက်ပလီကေးရှင်းတွင် ထိပေါက်ကစားခွင့်
ဇူလိုင်လ ၁၀ ရက်မှ ၂၈ ရက် အထိ
“ဆယ်နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်စုစုပေါင်း ဆုငွေတန်ဖိုးမှာ ကျပ်သိန်း (၄,၀၀၀) ဖြစ်ပြီး
- အထူးဆု ကျပ် သိန်း (၁,၀၀၀) ဆုရှင် ၁ ဦး
- လစဉ်ကျပ် သိန်း (၁၀၀) ဆုရှင် (၁၀) ဦး
-ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသဖြင့်) ဝယ်ယူခြင်းဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက် အထိ
လစဉ် Special Flash ပရိုမိုးရှင်း အစီအစဉ်- 10GB အထိဒေတာ
- 555% အထိ ငွေသား ပြန်အမ်းငွေ
- ငွေသားဆုလက်ဆောင်
အတွက် ကံစမ်းခွင့်လက်မှတ် ၅ စောင်
- MPT Club ပွိုင့် ၂၀၀ ပွိုင့်အထိ
*5555# သို့ ခေါ်ဆိုခြင်း*5555# သို့ အခမဲ့ ခေါ်ဆိုစာရင်းသွင်း ရယူခြင်းဇူလိုင်လ ၁ ရက်မှ ၂၅ ရက်အထိ
ပရိုမိုးရှင်းရယူ
နိုင်သည့် ရက်များ
- လစဉ် လတိုင်း၏ ၅ ရက်၊ ၁၅ ရက် နှင့် ၂၅ ရက်
MPT Club မိတ်ဖက်ဆိုင်များ၏ အထူးပရိုမိုးရှင်း အစီအစဉ်MPT4U App တွင် MPT Club ပွိုင့် (၁၀) ပွိုင့်ဖြင့် လဲလှယ်ပြီး သတ်မှတ်ထားသည့် မိတ်ဖက် အဖွဲ့အစည်းဆိုင်များမှ ပစ္စည်းများကို ၃၀% အထိ လျှော့ဈေး ရယူနိုင်*345# သို့ခေါ်ဆို၍ စာရင်းသွင်းခြင်းMPT4U အက်ပလီကေးရှင်းတွင် MPT Club ပွိုင့် ၁၀ ပွိုင့်ဖြင့် လဲလှယ်ခြင်း ဇူလိုင်လ ၁၀ ရက်မှ ၃၁ ရက်အထိ
Game Combo ပရိုမိုးရှင်း realme ဖုန်း (၅) လုံး- *8093#
(၁ ရက်စာ ပက်ကေ့ချ်)
- *8092# (၇ ရက်စာ ပက်ကေ့ချ်)
- *8091# (ရက် ၃၀ စာ ပက်ကေ့ချ်)
ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ပက်ကေ့ချ်များ
ဝယ်ယူခြင်း
ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက် အထိ
မဟော်သဓာ ဉာဏ်စမ်း ပရိုမိုးရှင်း အစီအစဉ် လစဉ် iPhone 15 Promax နှင့် အခြား ဆုကြီးများ *2525*49# သို့ ခေါ်ဆိုခြင်း
ရွှေရောင်အိပ်မက်များ ဉာဏ်စမ်း ပရိုမိုးရှင်း အစီအစဉ် လစဉ် ကျပ် သိန်း ၅၀ ကံထူးနိုင်မည့် အခွင့်အရေး*2626*73# သို့ ခေါ်ဆိုခြင်း

ပရိုမိုးရှင်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို https://mpt.com.mm/mm/mpt-10th-year-promotion/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်တာအတွင်းမှာ ကျွန်တော်တို့အနေနဲ့ ခေတ်မီ နည်းပညာနဲ့ ယုံကြည်စိတ်ချရတဲ့ ချိတ်ဆက်မှုတွေကို လူသန်းပေါင်းများစွာဆီကို ယူဆောင်လာခဲ့ရုံသာမကဘဲ ကွာဟမှုတွေကို ချိတ်ဆက်ပြီး အခွင့်အလမ်းတွေကို အကောင်အထည်ဖော် ဖန်တီးပေးနိုင်ခဲ့ပါတယ်။  MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အထူးပရိုမိုးရှင်းအစီအစဉ်သစ်တွေကို ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် အထူးခံစားခွင့်တွေ ပေးအပ်ဖို့နဲ့ ပိုပြီးစိတ်လှုပ်ရှားမယ့် အတွေ့အကြုံတွေ ပေးအပ်ဖို့အတွက် ဆောင်ရွက်ထားတာပဲ ဖြစ်ပါတယ်။ အခုလို (၁၀) နှစ်ပြည့်အထိ အောင်မြင်မှုတွေနဲ့အတူ ရပ်တည်နေနိုင်တာဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုအပြည့်နဲ့ ထောက်ပံ့ပေးမှု တွေကြောင့်ပဲ ဖြစ်ပြီး အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တွေ ဆက်လက်မိတ်ဆက်သွားမှာ ဖြစ်ပြီး   ဆယ်စုနှစ် တစ်ခုထက် ပိုမိုခိုင်မာတဲ့ ချိတ်ဆက်မှုမှသည် အနာဂတ်ဆီကို ဆက်လက် မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အနေဖြင့် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ အများပြည်သူ၏ နေ့စဉ်လူနေမှုဘဝကို ပိုမိုကောင်းမွန်လာစေရန်အတွက် ခေတ်မီ နည်းပညာများနှင့် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပါသည်။ 

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT ၏ “(၁၀)နှစ်ပြည့်ဝယ်ငွေထုပ်ပိုက်မယ်”  အစီအစဉ်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/mpt-10th-year-promotion/ သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ 

best operator in Myanmar