MPT က “TeamFit: Unite & Move” တတိယအကြိမ်မြောက် ယောဂကျန်းမာရေးလှုပ်ရှားမှုကို ဆောင်ရွက်
(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်) – ကျန်းမာတက်ကြွသော လူနေမှုပုံစံ နှင့် ကျန်းမာကြံ့ခိုင်မှု သော အဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် MPT သည် ၎င်း၏ “TeamFit: Unite & Move” အစီအစဉ်အောက်တွင် တတိယအကြိမ်မြောက် ယောဂကျန်းမာရေးလှုပ်ရှားမှုကို ဒီဇင်ဘာလ (၁၈) ရက်၊ ၂၀၂၅ ခုနှစ်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုသည် ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာရေးနှင့် ဟန်ချက်ညီသော လုပ်ငန်းခွင်ဓလေ့အပေါ် MPT ၏ အလေးထားဆောင်ရွက်မှုကို ပိုမိုခိုင်မာစေခဲ့ပါသည်။
ယခုနှစ်ကျန်းမာရေးလှုပ်ရှားမှုတွင် နိုင်ငံတစ်ဝန်းရှိ ရုံးခွဲအသီးသီးမှ ဝန်ထမ်းပေါင်း ၃၀၀ ကျော်သည် လူကိုယ်တိုင်သော်လည်းကောင်း၊ တိုက်ရိုက်အွန်လိုင်းဒီဂျစ်တယ်စနစ်ဖြင့် တိုက်ရိုက်ချိတ်ဆက်၍ သော်လည်းကောင်း တစ်ပြိုင်တည်း ပါဝင်ခဲ့ကြပါသည်။ ဤအစီအစဉ်သည် ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် ဒီဂျစ်တယ်နည်းပညာဖြင့် ပူးပေါင်းပါဝင်မှုများကို ပေါင်းစပ်ပေးထားသည့် MPT ၏ စဉ်ဆက်မပြတ် ဆောင်ရွက်နေသော ကျန်းမာရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။
“ဒီအစီအစဉ်ဟာ ကျွန်တော်တို့အတွက် တစ်ကြိမ်တည်းပြုလုပ်တဲ့ ကျန်းမာရေးလှုပ်ရှားမှုမျိုးမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်ဓလေ့တစ်ခုအဖြစ် အခိုင်အမာ တည်ရှိနေတာကို ပြသနေတာပဲဖြစ်ပါတယ်။ အခုဆိုရင် တတိယအကြိမ်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ယောဂကျန်းမာရေးလှုပ်ရှားမှုကို ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ပေါင်းစပ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့ ဝန်ထမ်းအားလုံး ပိုမိုကျန်းမာြကံ့ခိုင်တဲ့ လူနေမှုပုံစံကို အလွယ်တကူနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဝန်ထမ်းအားလုံးတစ်ပြိုင်နက်တည်းပါဝင်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။” ဟု MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က ပြောကြားခဲ့ပါသည်။
“ယောဂသင်တန်းမှာ ပါဝင်ခဲ့ရတာဟာ စိတ်ဓာတ်ကို ပြန်လည်လန်းဆန်းစေပြီး အာရုံစူးစိုက်မှုနဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုအားကောင်းလာစေပါတယ်။ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အလေးထား ဆောင်ရွက်ပေးတဲ့ MPT ရဲ့ ဒီအစီအစဉ်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။” ဟု ယောဂကျန်းမာရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝန်ထမ်းတစ်ဦးက သူမ၏ ကျေးဇူးတင်စကားကို ယခုလို ပြောကြားခဲ့ပါသည်။
MPT သည် ၎င်း၏ ကျန်းမာရေးလှုပ်ရှားမှုမဟာဗျူဟာတွင် ပုံမှန်အစိတ်အပိုင်းတစ်ခုအဖြစ် ယောဂနှင့် ကိုယ်စိတ်အပန်းဖြေခြင်းလှုပ်ရှားမှုများကို ပြုလုပ်ရန်စီစဉ်ထားပြီး လျင်မြန်စွာပြောင်းလဲနေသော ဒီဂျစ်တယ်ခေတ်တွင် ဝန်ထမ်းများအနေဖြင့် စွမ်းအင်ပြည့်ဝနေစေရန်၊ အာရုံစူးစိုက်မှုကောင်းမွန်စေရန်နှင့် စိတ်အားတက်ကြွမှုရှိစေရန်တို့အတွက် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် ယောဂကျန်းမာရေးလှုပ်ရှားမှု အမှတ်တရ ပုံရိပ်များ




