
MPT Pay သုံးစွဲသူများအနေဖြင့် ငွေကြေးလွှဲပြောင်းပေးခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို KBZ Mobile & Internet Banking မှတစ်ဆင့် လွယ်ကူစွာ ငွေသွင်းနိုင်ပြီ
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်) – MPT Pay သည် သုံးစွဲသူများအား အကောင်းဆုံးနှင့် အဆင်ပြေချောမွေ့စွာဝန်ဆောင်မှုများပေးရန် ကြိုးစားလျက်ရှိပြီး ယခုအခါ MPT Pay သုံးစွဲသူများသည် KBZ Bank ၏ Mobile Banking နှင့် Internet Banking မှတစ်ဆင့် MPT Pay အကောင့်ထဲသို့ လွယ်ကူလျင်မြန်စွာ ငွေဖြည့်သွင်းခြင်းဖြင့် ၄င်းတို့၏ E-Wallet အကောင့်များကို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေမည် ဖြစ်သည်။
အဆိုပါ ငွေဖြည့်သွင်းခြင်းဝန်ဆောင်မှုသည် သုံးစွဲသူများအား ၂၄ နာရီ ၇ ရက်သတ္တပတ်လုံး လက်လှမ်းမှီနိုင်သော MPT Pay အက်ပလီကေးရှင်းကို အသုံးပြုခြင်းအားဖြင့် ၎င်းတို့၏ E-Wallets များကို စိတ်ချလုံခြုံမှုရှိစွာ စီမံဆောင်ရွက်နိုင်မည်ဖြစ်သည်။
MPU ကတ်၊ Visa & Master ကတ်၊ AYA ဘဏ်၊ CB ဘဏ်၊ UAB ဘဏ် နှင့်ယခုအခါ KBZ ဘဏ် ၏ Mobile Banking နှင့် Internet Banking စနစ်အပါအဝင် ဘဏ်လိုင်းများစွာ မှတစ်ဆင့်ငွေသွင်းနိုင်ပြီဖြစ်သည်။
KBZ Mobile နှင့် Internet Banking တွင် ငွေဖြည့်သွင်းခြင်း ဝန်ဆောင်မှုကိုအသုံးပြုရန်အတွက် သုံးစွဲသူများသည် KBZ Mobile & Internet Banking အတွင်းရှိ “Quick Pay” သင်္ကေတကိုသုံးပြီး E-Wallet လုပ်ဆောင်ချက်များကိုပိုမိုလွယ်ကူစွာအသုံးပြုနိုင်မည်ဖြစ်သည်။ KBZ Mobile & Internet Banking မှ တစ်ဆင့် ငွေဖြည့်သွင်းခြင်းအတွက် မည်သည့်ဝန်ဆောင်ခမျှ ပေးဆောင်ရန်မလိုပါ။
ငွေဖြည့်သွင်းခြင်း အသေးစိတ်အဆင့်များကိုအောက်တွင်ဖော်ပြထားပါသည်။
အဆင့် ၁။ “ Quick Pay” ကိုနှိပ်ပါ။
အဆင့် ၂။ Search တွင်“MPT Pay” ကိုရိုက်ရှာပါ။
အဆင့် ၃။ MPT Pay Mobile Wallet ကိုရွေးချယ်ပါ။
အဆင့် ၄။ လိုအပ်သောအချက်အလက်များကိုမှန်ကန်စွာထည့်ပြီး“Submit” ကိုနှိပ်ပါ။
အဆင့် ၅။ “PIN” နံပါတ်ကိုထည့်ပြီး“OK” ကိုနှိပ်ပါ။
လုပ်ဆောင်ချက်အောင်မြင်မည်ဖြစ်ပြီး အောင်မြင်ကြောင်း SMS ရရှိမည်ဖြစ်ပါသည်။
လတ်တလောတွင်ဖြစ်ပွားလျက်ရှိသည့် COVID-19 ကူးစက်ဖြစ်ပွားမှုများပြားလာခြင်းနှင့်အတူ ငွေဖြည့်သွင်း ခြင်းဝန်ဆောင်မှုသည် နေ့စဉ်ငွေရေးကြေးရေးကိုအသုံးပြုမည့် အွန်လိုင်း ငွေကြေးလွှဲပြောင်းခြင်း နှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ကိုပိုမိုလွယ်ကူစွာနှင့်လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန် MPT Pay သုံးစွဲသူများကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။
MPT Pay သည် သုံးစွဲသူများ၏ မျှော်လင့်ချက်ထက်ပိုမိုသည့် ခံစားမှုကို ရရှိနိုင်စေရန် ခေတ်မီနည်းပညာများကို အသုံးပြုကာ ဆောင်ရွက် ထားခြင်းနှင့်အတူ ငွေရေးကြေးရေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမီ ပါဝင်နိုင်ရေးကို အထူး အလေးထားကာ ဦးတည်ဆောင်ရွက် လျက်ရှိပါသည်။
MPT Pay သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၁၀ မှ ကိုယ်စားလှယ်ပေါင်း ၂၈,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့် လည်ပတ် နေပါသည်။ သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် MPT Pay ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ်စနစ်သုံး ငွေကြေးလွှဲပြောင်းခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ ဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက်တိုက်ရိုက်ငွေလွှဲပြောင်းခြင်း)၊ လစာပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုနှင့် ပင်စင်ဝန်ဆောင် မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်း နှင့် အင်တာနက်ပက်ကေ့ချ်များဝယ်ယူခြင်း၊ ငွေတောင်းခံလွှာများကို ပေးချေခြင်း၊ ဈေးဆိုင်များတွင် ငွေပေး ချေ ခြင်း၊ CB ဘဏ် နှင့် AYA ဘဏ်များ၏ ATM တွင် ငွေသားထုတ်ယူနိုင်ခြင်း၊ MPT Pay ကိုယ်စားလှယ် ဆိုင်များတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပြင် လူအများသို့ ငွေထုတ်ပေးခြင်းနှင့် အခြားသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို သုံးစွဲသူများအနေဖြင့် လုံခြုံစွာနှင့် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။
MPT Pay နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT Pay ၏ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာဖြစ်သော https://mptpay.com.mm/သို့ ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် MPT ဖုန်းနံပါတ်များအတွက် MPT Pay Call Center 990 နှင့် အခြားမိုဘိုင်းဖုန်းများအတွက် 01-2323990 သို့ဆက်သွယ်နိုင်ပါသည်။ Android အသုံးပြုသူများအနေဖြင့် “MPT Pay”အက်ပလီကေးရှင်း ကို
https://bit.ly/MPTPayAndroid နှင့် https://bit.ly/MPTPay_iOS မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်၍ ရယူ အသုံးပြုနိုင်ပါသည်။