pr-mm-desktop

MPT က ကျန်းမာရေး အသိပညာမြှင့်တင်ရန် နှင့် လူမှုအကျိုးပြုစေတနာ့ဝန်ထမ်း စိတ်ဓာတ်တိုးတက်ရန် ရည်ရွယ်၍ (၁၈) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်

Published 27 Feb 2026

(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်) – MPT သည် ပြည်သူ့ကျန်းမာရေးကဏ္ဍကို အထောက်အကူ ပြုရန်နှင့် လူမှုအသိုင်းအဝိုင်းအတွင်း လူမှုအကျိုးပြုစေတနာ့ဝန်ထမ်းစိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် အမြဲဆောင်ရွက်နေကျ ကတိကဝတ်တစ်ခုဖြစ်သည့် (၁၈) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အဓိပ္ပာယ်ပြည့်ဝသောလုပ်ဆောင်မှုတွင် အသက်ပေါင်းများစွာကို ကယ်တင် နိုင်ရန်နှင့် ပုံမှန်သွေးလှူဒါန်းခြင်း၏ အရေးပါမှုနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို အသိပညာပေးနိုင်ရန် အတွက် MPT မှ ဝန်ထမ်းများနှင့် စေတနာ သွေးလှူရှင် စုစုပေါင်း (၁၄၀) ကျော်တို့သည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သင်တန်းကျောင်း၌ တစ်စုတစ်ပေါင်းတည်း ပါဝင်လှူဒါန်းခဲ့ကြပါသည်။

MPT အနေဖြင့် ၂၀၁၆ ခုနှစ်တွင် သွေးလှူဒါန်းမှု အစီအစဉ်ကို စတင်ခဲ့ချိန်မှစ၍ ယနေ့အထိ ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင် (၁၀,၀၀၀) ကျော်ကို စည်းရုံးလှုံ့ဆော်နိုင်ခဲ့ပြီး အသက်ကယ်တင်နိုင်မည့် သွေးအိတ်ပေါင်း (၉,၆၀၀) နီးပါးကို စုပေါင်းလှူဒါန်းနိုင်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ အရေးပါသော အများပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်ရေး အတွက် MPT ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုကို ဖော်ပြနေခြင်းဖြစ်ပါသည်။

MPTJO ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ Mr. Hiroyuki OKAI က “အခုလို (၁၈) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းမှုဟာ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဖို့နဲ့ စေတနာ့ဝန်ထမ်းစိတ်ဓာတ်တွေ ရှင်သန်လာစေဖို့ MPT ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ထင်ဟပ်စေပါတယ်။ ပါဝင်လှူဒါန်းပေးကြတဲ့ သူတွေရဲ့ စေတနာသွေးလှူရှင်တွေကို အထူးပဲ ကျေးဇူးတင်ရှိသလို အခုလို အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ စုပေါင်းအားထုတ်မှုအတွက်လည်း ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကတစ်ဆင့် သွေးလှူဒါန်းခြင်းကြောင့် မိမိကိုယ်တိုင်နဲ့ လူမှု ပတ်ဝန်းကျင်အတွက် ရရှိမယ့် အကျိုးကျေးဇူးတွေကို ပိုမိုသိရှိလာစေပြီး စေတနာ့ဝန်ထမ်း လုပ်ငန်းတွေမှာ ပိုမိုပါဝင်လာကြဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

သွေးလှူဒါန်းခြင်းသည် ကော်ပိုရိတ်လုပ်ငန်းတစ်ခု၏သာမန် လူမှုအကျိုးပြုလှုပ်ရှားမှုတစ်ခုထက် ပို၍ အဓိပ္ပာယ် ရှိပါသည်။ MPT အနေဖြင့် ကျန်းမာရေးကဏ္ဍဆိုင်ရာ လူမှုအကျိုးပြုလုပ်ငန်း (CSR)၏ အစိတ်အပိုင်းတစ်ခုအဖြစ် နာမည်ထင်ရှားသည့် ဆေးရုံကြီးများနှင့် ပူးပေါင်းကာ ‘MPT ၏ ကျန်းမာရေး အသိပညာပေး အစီအစဉ်’ (Health Education Program) ကဲ့သို့သော အကျိုးသက်ရောက်မှုရှိသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ အများပြည်သူတို့အတွက် ကျန်းမာရေးအသိပညာဗဟုသုတများကို MPT4U နှင့် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် အလွယ်တကူ လေ့လာနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

သွေးလှူဒါန်းခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် အကြောင်းအရာများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး MPT ၏ တာဝန်သိလူမှုအကျိုးပြု (CSR) လှုပ်ဆောင်ချက်များကို ပိုမိုသိရှိလိုပါက http://mpt.com.mm/mm/about-home/csr-activities-mm/ သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

best operator in Myanmar