pr-mm-desktop

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

Published 23 Oct 2025

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရှိ အောက်ဖော်ပြပါမြို့များတွင် ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်းဝန်ဆောင်မှု၊ ‌ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP) နှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော န်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါ နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိကဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

နည်းပညာအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါနေရာများရှိ သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယာယီပြတ်တောက်မှု ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ယာယီပြတ်တောက်မှု သည် အဆင့်မြှင့်တင်မည့် နေရာနှင့် ရက်စွဲပေါ်မူတည်၍ (၁၅) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ကြာမြင့်နိုင်မည် ဖြစ်ပါသည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။  MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမို ခိုင်ခံ့ကောင်းမွန်သော ကွန်ရက်တည်ငြိမ်မှုနှင့် ပိုမိုကောင်းမွန်သည့် ဆက်သွယ်‌ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

စဉ်တိုင်းဒေသကြီးအိတ်ချိန်းအော်တိုတယ်လီဖုန်း နံပါတ်များအဆင့်မြှင့်တင်မည့်ရက်စွဲ
ရန်ကုန်တိုင်းဒေသကြီးသုံးခွ အိတ်ချိန်း၀၅၆-၂၀၄၀xxx၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် မှ နိုဝင်ဘာလ (၃၀) ရက်အထိ
ခရမ်း အိတ်ချိန်း၀၅၆-၂၀၃၀xxx
ဒလ အိတ်ချိန်း၀၁-၈၂၆၉xxx
ကွမ်းခြံကုန်း အိတ်ချိန်း၀၁-၈၂၆၅xxx
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ပဲခူး အိတ်ချိန်း၀၅၂-၂၂၀၀xxx၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက် မှ ဒီဇင်ဘာလ (၃၁) ရက်အထိ
၀၅၂-၂၂၀၁xxx
၀၅၂-၂၂၂၁xxx
၀၅၂-၂၂၂၂xxx
၀၅၂-၂၂၂၃xxx
၁၀၀၅၂-၂၂၂၄xxx
၁၁၀၅၂-၂၂၃၀xxx
၁၂၀၅၂-၂၆၀၀xxx
၁၃သနပ်ပင် အိတ်ချိန်း၀၅၂-၂၇၄၆xxx
၁၄ဒိုက်ဦး အိတ်ချိန်း၀၅၂-၂၇၄၀xxx
၁၅ဝေါ အိတ်ချိန်း၀၅၂-၂၇၇၅xxx
၁၆ဘုရားကြီး အိတ်ချိန်း၀၅၂-၂၇၆၅xxx
၁၇ကျောက်တံခါး အိတ်ချိန်း၀၅၄-၂၈၆၀xxx
၁၈အုတ်တွင်း အိတ်ချိန်း၀၅၄-၂၈၄၆xxx
၁၉ဇေယျဝတီ အိတ်ချိန်း၀၅၄-၂၈၈၅xxx
၂၀ဖြူး အိတ်ချိန်း၀၅၄-၂၈၄၀xxx
၂၁ကေတုမတီ အိတ်ချိန်း၀၅၄-၂၈၂၇xxx
၂၂ရေတာရှည် အိတ်ချိန်း၀၅၄-၂၈၈၀xxx

best operator in Myanmar