MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်သို့ “Brand New MG 5” မော်တော်ကားကို လွှဲပြောင်းပေးအပ်ခဲ့

Published 07 Apr 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်)- “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်ထံသို့ ကံထူးလက်ဆောင် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ MG Myanmar Car Showroom ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် “ရွှေအိပ်မက်” အစီအစဉ်၏ ပထမဆုံးသော ကံထူးရှင်ဖြစ်သူ “ဦးအာကာမြင့်အောင် (Lucky Number 1694)” အား မိသားစုကဏ္ဍအောက်တွင် ၎င်း၏ အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် MPT က “Brand New MG 5” မော်တော်ကားကို လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ MPT သည် ကျန်ရှိသော ကံထူးရှင်များ၏ ဆုများကို အမြန်ဆုံး လွှဲပြောင်းပေးအပ်ရန်နှင့် ၎င်းတို့၏ အိပ်မက်များကို အကောင်အထည် ဖော်နိုင်ရန် ကတိထားဆောင်ရွက်လျက်ရှိပါသည်။

MPT နှင့် KSGM တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများသို့ အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် MPT သည် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် “အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့” အစီအစဉ်ကို မိတ်ဆက်ခဲ့ကာ အဆိုပါအစီအစဉ်မှာ ပါဝင်သူပေါင်း ၇,၀၀၀ ကျော်ဖြင့် အလွန်ပင်အောင်မြင်မှု ရရှိခဲ့ပါသည်။ MPT သည် ကံထူးရှင် ၇ ဉီးအား အမျိုးအစား ၄ မျိုးဖြစ်သည့် မိသားစု၊ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊ ရပ်ရွာအဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့ခြင်းနှင့် သတ်မှတ်ချက်အားလုံးပြည့်မီသော အိပ်မက်အမျိုးအစားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။

ရွေးချယ်ခဲ့သော ကံထူးရှင် ၇ ဦးမှာ

စဉ်အမျိုးအစားကံထူး နံပါတ်အမည်လိပ်စာဖုန်းနံပါတ်
၁မိသားစု၁၆၉၄ဦးအာကာမြင့်အောင် စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၀၉-၄၅၃၉၁၀xxx
၂၀၇၉၆ဦးစိုင်းအောင်လှိုင်မင်း ပုသိမ်ကြီးမြို့နယ်၊
မန္တလေးတိုင်းဒေသကြီး
၀၉-၂၆၁၂၅၉xxx
၃လုပ်ငန်းအသစ်အတွက် ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၅၈၄၇ဦးကျော်ရဲအောင် အောင်မြေသာဇံမြို့နယ်၊
မန္တလေးတိုင်းဒေသကြီး
၀၉-၄၀၂၆၇၁xxx
၄၆၃၆၂ဦးဆန်းလင်းအောင် မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၀၉-၄၂၁၈၉၁xxx
၅ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း
၇၀၅၃ဒေါ်နိုင်းစိမ်း မင်းတပ်မြို့၊ ချင်းပြည်နယ်၀၉-၂၆၈၂၄၇xxx
၆၇၂၃၀ဦးသန်းဇော်ဦး ဝေါမြို့နယ်၊
ပဲခူးတိုင်းဒေသကြီး။
၀၉-၄၂၉၁၁၄xxx
၇သတ်မှတ်ချက်အားလုံး
ပြည့်မီသောအိပ်မက်အမျိုးအစား
၆၀၂၈ဒေါ်သန်းသန်းချစ် ဟဲဟိုးမြို့၊ ရှမ်းပြည်နယ်၀၉-၄၂၈၃၈၄xxx

MPT-KSGM JO ၏ စျေးကွက်ရေးရာဌာနမှ ဒုတိယ ဒါရိုက်တာဖြစ်သူ Mr. Takehiko KOTANI က “MPT သုံးစွဲသူတွေရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာစေဖို့ ဆောင်ရွက်ပေးတဲ့ ဘဝမှာတစ်ကြိမ်သာ အခွင့်အရေးရှိနိုင်မယ့် “ရွှေအိပ်မက်” အစီအစဉ်မှာ ပါဝင်ခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ရွေးချယ်ခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကံထူးရှင်တွေအတွက် ဂုဏ်ပြုလိုက်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ဆုလက်ဆောင်တွေကို ကံထူးရှင်တွေထံ လွှဲပြောင်းပေးအပ်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ဒီလိုပေးအပ်နိုင်မယ့် လုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်စေပြီး နှောင့်နှေးကြန့်ကြာ စေခဲ့တဲ့အတွက် ကံထူးရှင်တွေကို တောင်းပန်အပ်ပါတယ်။ အခုအချိန်မှာတော့ “ရွှေအိပ်မက်”အစီအစဉ်ရဲ့ ကံထူးရှင်တွေထဲက ကံထူးရှင်တစ်ဦးဆီကို “ Brand New MG 5” မော်တော်ကားကို အောင်မြင်စွာနဲ့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကံထူးရှင်တွေရဲ့အိပ်မက်တွေကို တကယ့်ကိုမကြာတော့တဲ့ကာလအတွင်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်စေဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

MPT ရွှေအိပ်မက် အစီအစဉ်၏ ကံထူးရှင်တစ်ဦးဖြစ်သူ ဦးအာကာမြင့်အောင် က လည်း “ဒီနေ့ကတော့ ကျွန်တော့်ရဲ့ အိပ်မက်အမှန်တကယ် ဖြစ်လာတဲ့နေ့တစ်နေ့ပါပဲ။ MPT “ရွှေအိပ်မက်” အစီအစဉ်ကတစ်ဆင့် ကံထူးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော့်မိသားစုအတွက် လိုအပ်နေတဲ့ ကိုယ်ပိုင်ကားလေးတစ်စီး ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ မိသားစုအတွက် ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။ လက်ခံရရှိတဲ့ဆုဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် တကယ်ကို အသုံးဝင်တဲ့အတွက်လည်း MPT ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” ဟုပြောကြားခဲ့သည်။

MPT သည် ခက်ခဲသောအခြေအနေများတွင် မြန်မာပြည်သူပြည်သားများအတွက် အရေးပါသော တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် အကောင်းဆုံး ကြိုးပမ်းမှုများဖြင့် စဉ်ဆက်မပြတ် ပေးအပ်ဆောင်ရွက် နေသည့်အပြင် လူမှုအသိုက်အဝန်းအတွက် လိုအပ်သောအကူအညီများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

MPT ၏ “ရွှေအိပ်မက်” အစီအစဉ်ကို အသေးစိတ်သိရှိလိုပါက https://www.mpt.com.mm/en/dream-come-true/ သို့ ဝင်ရောက် ကြည့်ရှုနိုင်ပြီး MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ကံထူးရှင်သို့ Brand New MG 5 မော်တော်ကား လွှဲပြောင်းပေးအပ်မှု မှတ်တမ်းဓာတ်ပုံများ

best operator in Myanmar