pr-mm-desktop

MPT မှ သုံးစွဲသူများအတွက် (၇) ရက် အသုံးပြုနိုင်မည့် 500 MB ဒေတာ လက်ဆောင်ပေးအပ်

Published 31 Oct 2025

MPT မှ  သုံးစွဲသူများအတွက် (၇) ရက် အသုံးပြုနိုင်မည့် 500 MB ဒေတာ  လက်ဆောင်ပေးအပ်

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT အနေဖြင့်  SMS (စာတို) နှင့် အင်တာနက်ဝန်ဆောင်မှုများ အသုံးပြုရာ၌ အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော သုံးစွဲသူများအတွက် (၇) ရက် အသုံးပြုနိုင်မည့် 500MB ဒေတာလက်ဆောင် ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အဆိုပါ အခက်အခဲကို MPT က အမြန်ဆုံးပြန်လည်ဖြေရှင်းခဲ့ပြီး ဝန်ဆောင်မှုများအား  ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ သုံးစွဲသူများ၏ သည်းခံနားလည်ပေးမှုကို ကျေးဇူးအထူးတင်ရှိသည့်အနေဖြင့်  သုံးစွဲသူများအတွက် (၇) ရက် အသုံးပြုနိုင်မည့် 500MB ဒေတာလက်ဆောင်ကို (၅ ) ရက်အတွင်း ပေးအပ်သွားမည်ဖြစ်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အကြံပေးအရာရှိဖြစ်သူ Mr. Yoshinori YAGI က “MPT သုံးစွဲသူတွေအနေနဲ့  အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့အတွက် အနှုးအညွတ် တောင်းပန်လိုက်ရပါတယ်။ သုံးစွဲသူတွေရဲ့ သည်းခံနားလည်ပေးမှု အတွက် လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ MPT အနေနဲ့ မြန်မာနိုင်ငံအနှံ့ ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်ဖို့အတွက် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။”ဟု ပြောကြားပါသည်။

MPT သည် သုံးစွဲသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ နှင့် အမြဲတမ်း တိုးတက်သော အတွေ့အကြုံများ ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုအပ်ပါသည်။

best operator in Myanmar