pr-mm-desktop

MSAN အိတ်ချိန်းများနှင့် ချိတ်ဆက်ထားသော NGN (Next Generation Network) စနစ် ကို ပိုမိုခေတ်မီသော vIMS (Virtual IP Multimedia Subsystem) စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်သွားပါမည်

Published 01 Oct 2024

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်)- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့ရှိ MSAN အိတ်ချိန်းများနှင့် ချိတ်ဆက်ထားသော NGN (Next Generation Network) စနစ် ကို vIMS (Virtual IP Multimedia Subsystem) စနစ်ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ https://bit.ly/3XOblWR ဖော်ပြပါလင့်ခ်ရှိ အော်တိုတယ်လီဖုန်းနံပါတ် သုံးစွဲသူများအနေဖြင့် အဆင့်မြှင့်တင်မှု ဆောင်ရွက်နေစဉ် အတွင်း သက်ဆိုင်ရာရက်အလိုက် အချိန်အနည်းငယ်မျှ (မိနစ် ၂၀ ခန့်) ဆက်သွယ်ရေးဝန်ဆောင်မှု အခက်အခဲအချို့ ကြုံ့တွေ့ နိုင်မည် ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ အဆင်မပြေမှု ဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

best operator in Myanmar