pr-mm-desktop

ဆက်သွယ်ရေး (Fiber Cable) ဖိုင်ဘာကေဘယ် ကုမ္ပဏီများ သိရှိစေရန် MPT က အသိပေးကြေညာခြင်း

Published 24 Feb 2026

(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်) – MPT အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ နယ်နိမိတ်အတွင်း တည်ဆောက်ထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် ဆက်သွယ်ရေးတိုင်များပေါ်တွင် ခွင့်ပြုချက်မရှိဘဲ Fiber Cable များ တရားမဝင်သွယ်တန်းထားသည်ကို စိစစ်တွေ့ရှိနေရပါသည်။ ယခုလို ခွင့်ပြုချက်မရှိဘဲ Fiber Cable များကို တရားမဝင်သွယ်တန်းထားသည်နှင့် ပတ်သက်၍ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့ ရက်စွဲဖြင့် ကြေမုံသတင်းစာတွင်လည်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စမ်းချောင်းမြို့နယ်နှင့် တာမွေမြို့နယ်တို့ရှိ တရားမဝင်သွယ်တန်းထားသော Fiber Cable များကို သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်မှ မတ်လ (၁၀) ရက်အတွင်း လာရောက်ဆက်သွယ်/ဖယ်ရှားပေးရန်နှင့် လာရောက်ဆက်သွယ်/ဖယ်ရှားခြင်းမရှိပါက တရားမဝင် သွယ်တန်း ထားသော Fiber Cable များအား ၂၀၂၆ ခုနှစ်၊ မတ်လတွင် စတင် ဖယ်ရှားမည်ဖြစ်ပြီး တရားမဝင် သွယ်တန်း ဆောင်ရွက်ထားသည့် ကုမ္ပဏီအဖွဲ့အစည်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ “MPT” အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော http://www.mpt.com.mm/တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

best operator in Myanmar