shweeain mat pr banner

“ရွှေအိပ်မက်” အစီအစဥ်၏ ပဉ္စမမြောက်ကံထူးရှင် အိပ်မက်ကို MPT မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့

Published 21 Mar 2023

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်) _ MPT မှ မြန်မာကျပ်ငွေ သိန်း (၄၀၀)ကျော်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ နှင့် ဖြည့်စွက်စာများကို ရန်ကုန်မြို့ရှိ “ကက်သလစ်သီလရှင်များဘိုးဘွားရိပ်သာ” သို့ MPT “ရွှေအိပ်မက်” အစီအစဉ်၏ ပဥ္စမမြောက် ကံထူးရှင်ဖြစ်သူ ဒေါ်နိုင်းစိမ်းကိုယ်စား မတ်လ(၁၉)ရက်နေ့ကသွားရောက် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ “ကက်သလစ်သီလရှင်များဘိုးဘွားရိပ်သာ”တွင် သက်ကြီးရွယ်အို စုစုပေါင်း ၁၄၀ ကျော်ရှိပါသည်။ ပဉ္စမမြောက်ကံထူးရှင် ဒေါ်နိုင်းစိမ်းသည် ချင်းပြည်နယ် မင်းတပ်မြို့မှဖြစ်ပြီး ရပ်ရွာအဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့ ခြင်း အမျိုးအစားအောက်တွင် (ကံထူးနံပါတ် ၇၀၅၃) ဖြင့် အနိုင်ရရှိခဲ့ပါသည်။
MPT ရွှေအိပ်မက် အစီအစဥ်၏ ကံထူးရှင်ဖြစ်သူ ဒေါ်နိုင်းစိမ်းက “သက်ကြီးရွယ်အိုတွေအတွက် အာဟာရပြည့်ဝတဲ့အစားအစာ နဲ့ ဖြည့်စွက်စာတွေကို လှူဒါန်းချင်တဲ့ ကျွန်မရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့အတွက် MPT နဲ့ “ ရွှေအိမ်မက်” အစီအစဥ်ကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်မရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရသလို MPT လည်း ဒီထက်မကအောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
MPT သည် ရွှေအိပ်မက်”အစီအစဥ်မှ ကံထူးရှင်များအားလုံး၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ “ရွှေအိပ်မက်”အစီအစဥ်မှ ကံထူးရှင်များ၏ အသေးစိတ် အချက်အလက်များကို MPT ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm/en/dream-come-true/မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။

“ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင် (၇) ဦး နှင့် ရရှိခဲ့သော ကံထူးလက်ဆောင်များမှာ-

Sr.NoCategoriesLucky NumberNameAddressWinning Prizes
၁မိသားစု၁၆၉၄ဦးအာကာမြင့်အောင်စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးBrand New MG5 ကား
၂၀၇၉၆ဦးစိုင်းအောင်လှိုင်မင်းပုသိမ်ကြီးမြို့နယ်၊
မန္တလေးတိုင်းဒေသကြီး
မိသားစုအိမ်
၃လုပ်ငန်းအသစ် အတွက် ထောက်ပံ့ခြင်း (မိမိကိုယ်တိုင် အတွက်)၅၈၄၇ဦးကျော်ရဲအောင်အောင်မြေသာဇံမြို့နယ်၊
မန္တလေးတိုင်းဒေသကြီး
Life Blogger အတွက်လိုအပ် သည့်ပစ္စည်းများ
၄၆၃၆၂ဦးဆန်းလင်းအောင်မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးကုန်စုံဆိုင်
၅ရပ်ရွာအဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့
ခြင်း
၇၀၅၃ဒေါ်နိုင်းစိမ်းမင်းတပ်မြို့၊
ချင်းပြည်နယ်
ရန်ကုန်မြို့ရှိ ကက်သလစ် သီလရှင်များ ဘိုးဘွားရိပ်သာသို့ လှူဒါန်းခြင်း
၆၇၂၃၀ဦးသန်းဇော်ဦးဝေါမြို့နယ်၊
ပဲခူးတိုင်းဒေသကြီး
စာကြည့်တိုက်
၇သတ်မှတ်ချက်
အားလုံး
ပြည့်မီသော
အိပ်မက် အမျိုးအစား
၆၀၂၈ဒေါ်သန်းသန်းချစ်ဟဲဟိုးမြို့၊
ရှမ်းပြည်နယ်


စက်ချုပ်သင်တန်း

MPT၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဥ်လူနေမှုဘဝ ပိုမိုကောင်းမွန်စေရေးအတွက် အစွမ်းကုန်ကြိုးစားလျက်ရှိပြီး စိတ်လှုပ်ရှားဖွယ်ရာ အစီအစဥ်များကိုလည်း ဆက်လက်ယူဆောင် လာမည်ဖြစ်သောကြောင့် MPT နှင့်အတူဆက်ရှိနေရန် သုံးစွဲအားလုံးကို တိုက်တွန်းလိုပါသည်။
MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

MPT ရွှေအိပ်မက် အစီအစဥ်၏ ကံထူးရှင်ဖြစ်သူ ဒေါ်နိုင်းစိမ်း၏ အိပ်မက်အတိုင်း “ကက်သလစ် သီလရှင်များဘိုးဘွားရိပ်သာ” ထံသို့ အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းများအား MPT မှ သွားရောက်လှူဒါန်းခဲ့စဥ်။

MPT ရွှေအိပ်မက် အစီအစဥ်၏ ကံထူးရှင်ဖြစ်သူ ဒေါ်နိုင်းစိမ်း၏ အိပ်မက်အတိုင်း “ကက်သလစ် သီလရှင်များဘိုးဘွားရိပ်သာ” ထံသို့စားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများအား MPT မှ သွားရောက်လှူဒါန်းခဲ့စဥ်။

best operator in Myanmar