×

CSR ACTIVITIES

RECENT


အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် MPT ဝန်ထမ်းများက နိုင်ငံအနှံ့တွင် သွေးလှူဒါန်းမှုများပြုလုပ်

16 Nov 2017
(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်) - အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် MPT၏ တစ်နိုင်ငံလုံးအနှံ့ သွေးလှူဒါန်းပွဲကြီးကို မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MPT ဝန်ထမ်းများ၏ စုပေါင်းအားဖြင့် စီစဉ်ပြုလုပ်နိုင်ခြဲ့ပီဖြစ်ပါသည်။ ဧရာဝတီ၊ ပဲခူး၊ ကချင်၊ ကရင်၊ ကယား၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရှမ်း၊ စစ်ကိုင်း၊ တနင်္သာရီနှင့် ရန်ကုန်တို့ရှိ သွေးသိုလှောင်နိုင်သည့် သွေးဌာနနှင့် ဆေးရုံများတွင် ဆောင်ရွက်ခဲ့သည့် ယခုလို သွေးအလှူပွဲများတွင် MPT မှ စေတနာ့ဝန်ထမ်း သွေးလှူရှင်စုစုပေါင်း ၄၀၀ ခန့် ပါဝင်ခဲ့ကြကာ တန်ဖိုးရှိလှသည့် အသက်ကယ်နိုင်သော သွေးကိုလှူဒါန်းနိုင်ခဲ့ပြီဖြစ်ပါသည်။ သွေး အထောက်အပံ့များမှာ အရေးပေါ်အခြေအနေ တစ်ရပ်အတွက် အသက်တမျှ အရေးကြီးသလို အမျိုးမျိုးသော ဖျားနာမှုများနှင့် ကျန်းမာရေးချို့ယွင်းမှုများကို ကုသခြင်းအတွက် လိုအပ်သည့် အရေးပါသော ဓါတ်များစွာပါဝင်သည့်အပ...