
ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့်ပြောင်းလဲတပ်ဆင်ပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် တွင် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ် |
---|---|---|---|
ဧရာဝတီတိုင်းဒေသကြီး | ငွေဆောင် အိတ်ချိန်း | ၀၄၂-၄၀xxx | ၀၄၂-၂၀၄၀xxx |
ရှမ်းပြည်နယ်(တောင်ပိုင်း) | ပင်လောင်း အိတ်ချိန်း | ၀၈၁-၅၄xxx | ၀၈၁-၂၃၅၄xxx |
အောက်ပါဇယားတွင် ဖော်ပြထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကိုလည်း ခေတ်မီ အိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြု တယ်လီဖုန်း စနစ်နှင့် ကြိုးမဲ့စနစ်သုံး (Wireless) တယ်လီဖုန်းများဖြင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တို တယ်လီဖုန်း နံပါတ်များမှာ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | Migration စတင်ပြုလုပ် မည့် ရက်စွဲ | လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲ မည့် ဖုန်းနံပါတ် |
---|---|---|---|---|
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) | သက္ကလ အိတ်ချိန်း | ၃၁-၀၁-၂၀၂၁ | ၀၅၂-၅၇xxx | ၀၅၂-၄၇၅၇xxx |
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) | ပုတီးကုန်း အိတ်ချိန်း | ၃၁-၀၁-၂၀၂၁ | ၀၅၃-၆၅xxx | ၀၅၃-၄၇၆၅xxx |
ချင်းပြည်နယ် | ကန်ပက်လက် အိတ်ချိန်း | ၃၁-၀၁-၂၀၂၁ | ၀၇၀-၈၂xxx | ၀၇၀-၄၇၈၂xxx |
ကချင် ပြည်နယ် | မံစီ အိတ်ချိန်း | ၃၁-၀၁-၂၀၂၁ | ၀၇၄-၅၄xxx | ၀၇၄-၄၇၅၄xxx |
ကယား ပြည်နယ် | ဖရူဆို အိတ်ချိန်း | ၃၁-၀၁-၂၀၂၁ | ၀၈၃-၄၅xxx | ၀၈၃-၄၇၄၅xxx |
ကရင်ပြည်နယ် | ဖာပွန် အိတ်ချိန်း | ၃၁-၀၁-၂၀၂၁ | ၀၅၈-၂၀၇၀xxx | ၀၅၈-၄၇၇၀xxx |
သံတောင် အိတ်ချိန်း | ၃၁-၀၁-၂၀၂၁ | ၀၅၄-၄၄xxx | ၀၅၄-၄၇၄၄xxx | |
မကွေးတိုင်း ဒေသကြီး | ဆင်ပေါင်ဝဲ အိတ်ချိန်း | ၃၁-၀၁-၂၀၂၁ | ၀၆၉-၄၀xxx | ၀၆၉-၄၀xxx |
ပခုက္ကူ အိတ်ချိန်း | ၂၈-၀၂-၂၀၂၁ | ၀၆၂-၂၁xxx | ၀၆၂-၂၀၂၁xxx | |
၂၈-၀၂-၂၀၂၁ | ၀၆၂-၂၂xxx | ၀၆၂-၂၀၂၂xxx | ||
၂၈-၀၂-၂၀၂၁ | ၀၆၂-၂၃xxx | ၀၆၂-၂၀၂၃xxx | ||
၂၈-၀၂-၂၀၂၁ | ၀၆၂-၂၄xxx | ၀၆၂-၂၀၂၄xxx | ||
ရခိုင်ပြည်နယ် | ကျောက်ဖြူ အိတ်ချိန်း | ၂၈-၀၂-၂၀၂၁ | ၀၄၃-၄၆xxx | ၀၄၃-၂၀၄၆xxx |
မန္တလေးတိုင်း ဒေသကြီး | မတ္တရာ အိတ်ချိန်း | ၂၈-၀၂-၂၀၂၁ | ၀၂-၇၉xxx | ၀၂-၄၀၇၉xxx |
ပျော်ဘွယ် အိတ်ချိန်း | ၁၅-၀၃-၂၀၂၁ | ၀၆၄-၄၈xxx | ၀၆၄-၂၀၄၈xxx | |
၁၅-၀၃-၂၀၂၁ | ၀၆၄-၄၉xxx | ၀၆၄-၂၀၄၉xxx |
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။