latest news

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

Published 26 Jan 2021

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့်ပြောင်းလဲတပ်ဆင်ပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် တွင် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲမည့်
ဖုန်းနံပါတ်
ဧရာဝတီတိုင်းဒေသကြီးငွေဆောင် အိတ်ချိန်း၀၄၂-၄၀xxx၀၄၂-၂၀၄၀xxx
ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လောင်း အိတ်ချိန်း၀၈၁-၅၄xxx၀၈၁-၂၃၅၄xxx

အောက်ပါဇယားတွင် ဖော်ပြထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကိုလည်း ခေတ်မီ အိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြု တယ်လီဖုန်း စနစ်နှင့် ကြိုးမဲ့စနစ်သုံး (Wireless) တယ်လီဖုန်းများဖြင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တို တယ်လီဖုန်း နံပါတ်များမှာ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ် မည့် ရက်စွဲ
လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲ
မည့် ဖုန်းနံပါတ်
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)သက္ကလ အိတ်ချိန်း၃၁-၀၁-၂၀၂၁၀၅၂-၅၇xxx၀၅၂-၄၇၅၇xxx
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပုတီးကုန်း အိတ်ချိန်း၃၁-၀၁-၂၀၂၁၀၅၃-၆၅xxx၀၅၃-၄၇၆၅xxx
ချင်းပြည်နယ်ကန်ပက်လက် အိတ်ချိန်း၃၁-၀၁-၂၀၂၁၀၇၀-၈၂xxx၀၇၀-၄၇၈၂xxx
ကချင် ပြည်နယ်မံစီ အိတ်ချိန်း၃၁-၀၁-၂၀၂၁၀၇၄-၅၄xxx၀၇၄-၄၇၅၄xxx
ကယား ပြည်နယ်ဖရူဆို အိတ်ချိန်း၃၁-၀၁-၂၀၂၁၀၈၃-၄၅xxx၀၈၃-၄၇၄၅xxx
ကရင်ပြည်နယ်ဖာပွန် အိတ်ချိန်း၃၁-၀၁-၂၀၂၁၀၅၈-၂၀၇၀xxx၀၅၈-၄၇၇၀xxx
သံတောင် အိတ်ချိန်း၃၁-၀၁-၂၀၂၁၀၅၄-၄၄xxx၀၅၄-၄၇၄၄xxx

မကွေးတိုင်း ဒေသကြီး
ဆင်ပေါင်ဝဲ အိတ်ချိန်း၃၁-၀၁-၂၀၂၁၀၆၉-၄၀xxx၀၆၉-၄၀xxx


ပခုက္ကူ အိတ်ချိန်း
၂၈-၀၂-၂၀၂၁၀၆၂-၂၁xxx၀၆၂-၂၀၂၁xxx
၂၈-၀၂-၂၀၂၁၀၆၂-၂၂xxx၀၆၂-၂၀၂၂xxx
၂၈-၀၂-၂၀၂၁၀၆၂-၂၃xxx၀၆၂-၂၀၂၃xxx
၂၈-၀၂-၂၀၂၁၀၆၂-၂၄xxx၀၆၂-၂၀၂၄xxx
ရခိုင်ပြည်နယ်ကျောက်ဖြူ အိတ်ချိန်း၂၈-၀၂-၂၀၂၁၀၄၃-၄၆xxx၀၄၃-၂၀၄၆xxx

မန္တလေးတိုင်း
ဒေသကြီး
မတ္တရာ အိတ်ချိန်း၂၈-၀၂-၂၀၂၁၀၂-၇၉xxx၀၂-၄၀၇၉xxx
ပျော်ဘွယ် အိတ်ချိန်း၁၅-၀၃-၂၀၂၁၀၆၄-၄၈xxx၀၆၄-၂၀၄၈xxx
၁၅-၀၃-၂၀၂၁၀၆၄-၄၉xxx၀၆၄-၂၀၄၉xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

best operator in Myanmar