
နိုင်ငံတစ်ဝန်း ဦးဆောင်နေသည့် ဆက်သွယ်ရေးလုပ်ငန်း MPT က “နှလုံးသားထဲက မြန်မာ” အစီအစဉ်ကို ဖော်ဆောင်
ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ ရက်)- နိုင်ငံတွင်း ဆက်သွယ်ရေးကဏ္ဍတွင် ဦးဆောင်လျက်ရှိသည့် MPT က ယခုနှစ် နှစ်သစ်အခါသမယဖြစ်သော သင်္ကြန်ကာလမှစတင်ကာ သုံးစွဲသူများနှင့် MPT အကြား ပိုမိုရင်းနှီးနွေးထွေးသော နှလုံးသားတစ်စုံကို သယ်ဆောင်လာမည် ဖြစ်ပါသည်။ “ နှလုံးသားထဲကမြန်မာ” အစီအစဉ်ကို MPT နှင့် ဝန်ထမ်းများက အတူတကွ ပူးပေါင်း ဖော်ဆောင်သွားကြမည်ဖြစ်ပြီး ၎င်းအစီအစဉ်မှာ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် မိတ်ဖက်လုပ်ငန်းအဖွဲ့အစည်းများ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူမှုအကျိုပြုလုပ်ငန်းများကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
MPT မှ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ရုံးခွဲပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ထားပြီး ဝန်ထမ်းအင်အား ၈,၀၀၀ကျော်ဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပါသည်။ “ နှလုံးသားထဲက မြန်မာ” အစီအစဉ်သည် ထိပ်တန်းမှ ဦးဆောင်နေသည့် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သော MPT ၏ ကြိုးပမ်းမှုအားထုတ်မှုဖြင့် တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ၏ စုပေါင်းအားဖြင့် သုံးစွဲသူများ၊ မြန်မာ့စီးပွားရေးနှင့် မြန်မာ့ပြည်သူလူထုအတွက် အကျိုးအမြတ်ကောင်းများ ပိုမိုဖြစ်ထွန်းမှုရှိစေရန် ဆောင်ရွက်သွားမည့် အစီအစဉ်တစ်ခုပင် ဖြစ်သည်။
MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Toshitake Amamiya က “မြန်မာနိုင်ငံကြီးကို ရှေ့ကိုလှမ်းချီနိုင်အောင် MPT အနေနဲ့ ဆောင်ရွက်နေတာတွေကို အားလုံး သိရှိထားကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်ကို ဘာကြောင့်ဆောင်ရွက်နေလဲ၊ ဘာကြောင့် MPT က ထဲထဲဝင်ဝင်နဲ့ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်နေရသလဲဆိုတာ လူတိုင်းသိရှိနိုင်ဖို့ ပြသသွားမှာပါ။ နယ်ပယ်အစုံက ပြည်တွင်းနဲ့ ပြည်ပအခြေစိုက် ခိုင်မာတဲ့လုပ်ငန်းတွေနဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ MPTရဲ့ ဝန်ဆောင်မှုတွေကို ယုံယုံကြည်ကြည်အသုံးပြုနေကြတဲ့ သုံးစွဲသူတွေ၊ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေအတွက် တန်ဖိုးပြည့်ဝတဲ့မတူကွဲပြားမှုတွေကို MPT က ယူဆောင်ပေးနေပါတယ်။ ဘာကြောင့် ထိပ်တန်း ဆက်သွယ်ရေးအော်ပရေတာအဖြစ် ရပ်တည်နိုင်လဲဆိုတာကတော့ ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံးဆိုတာတွေကိုပဲ ဂရုတစိုက်နဲ့ အလေးထားဆောင်ရွက်နေလို့ပါပဲ။ ကျွန်တော် တို့ရဲ့ခံယူချက်၊ ရည်ရွယ်ချက်တွေနဲ့အတူ အခုအစီအစဉ်ကို နိုင်ငံတစ်ဝှမ်းလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသွားချင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။
“ နှလုံးသားထဲက မြန်မာ” အစီအစဉ်အောက်တွင် ပထမဆုံးဆောင်ရွက်မှုကို ယခုနှစ် သင်္ကြန်ကာလအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ လူမှုအဖွဲ့အစည်းများစွာအတွက် ကျယ်ပြန်သော သက်ရောက်မှုကို ရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်ပေးခြင်းဖြင့် MPT ၏ အားထုတ် ကြိုးပမ်းမှုကို ဖော်ပြသွားမည်ဖြစ်သည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများ၊ ဆေးရုံများနှင့် အခြားသော လိုအပ်သည့် နေရာများအပါအဝင် တစ်နိုင်ငံလုံးရှိလူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်အတွက် MPT အနေဖြင့် မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကို လှူဒါန်း သွားမည်ဖြစ်သည်။
MPT အနေနှင့် မြန်မာနိုင်ငံအတွင်းရှိ သုံးစွဲသူများ အထူးသဖြင့် ဒေတာအများအပြားသုံးစွဲသူ လူငယ်လူရွယ်များအတွက် အကျိုးများစေမည့် အစီအစဉ်များကို မိတ်ဖက်အဖွဲ့အစည်းများစွာဖြင့် အစဉ်အမြဲ ပြုလုပ်ဆောင်ရွက်လျက်ရှိနေပြီး ဝန်ဆောင်မှုအသစ်များစွာကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ဥပမာအားဖြင့်မြန်မာနေရှင်နယ်လိဂ် ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ အစရှိသည် ပူးပေါင်းမှုများကို ဆောင်ရွက်ခြင်းနှင့်အတူ သုံးစွဲသူများနှင့် သဟဇာတဖြစ်စေမည့်
အစီအစဉ်ကဏ္ဍများ ကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့အပြင် MPT အနေဖြင့် “ နှလုံးသားထဲကမြန်မာ” အစီအစဉ်၏ စွမ်းအားနှင့်အတူ ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အားကစားကဏ္ဍ၊ စျေးဝယ်ယူခြင်းကဏ္ဍ၊ မိုဘိုင်းလ်ဂိမ်းဝန်ဆောင်မှုများ အပါအဝင် ကဏ္ဍအသီးသီးတွင် ကောင်းမွန်သည့် အတွေ့အကြုံများ ခံစားရရှိစေနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ဆက်လက်၍ Mr. Amamiya က “ နှလုံးသားထဲက မြန်မာ အစီအစဉ်ရဲ့ အဓိကသန္နိဌာန်က ၂၀၁၈ အကုန်မှာ ကျွန်တော်တို့ရဲ့ 4G LTE+ ကွန်ရက်ကို မြို့နယ်ပေါင်း ၂၈၀ ကျော်မှာ ဖြန့ကျက်နိုင်ဖို့ဖြစ်ပါတယ်။ အခုဆိုရင် မြန်နှုန်းမြင့် အင်တာနက်ကို ရရှိလာတာနဲ့အညီ တိုင်း နဲ့ ပြည်နယ် အသီးသီးက ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ 3G နဲ့ 4G LTE+ ကွန်ရက်တွေကတစ်ဆင့် အသုံးပြုကြသူတွေ ပိုပိုပြီး များပြားလာသလို ဒီလို ၂၅ သန်းကျော်သော သုံးစွဲသူတွေအတွက် ဝန်ဆောင်မှုတွေကောင်းမွန်စေဖို့အတွက် MPT ရဲ့ ဌာနအသီးသီးမှာရှိကြတဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့တွေအကုန်လုံးက နည်းလမ်းသစ်တွေနဲ့ ကြိုးစားဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေဆီကို အကျိုးအမြတ်ကောင်းတွေ၊ ဆုလက်ဆောင်တွေ ပေးစွမ်းသွားနိုင်ဖို့ ပိုပြီးလုပ်ဆောင်မှာဖြစ်သလို မြန်မာ့လူနေမှုနဲ့ အံဝင်ဂွင်ကျဖြစ်စေမယ့် မိုဘိုင်းလ်ဘဏ္ဍာရေး ဝန်ဆောင်မှုလိုဝန်ဆောင်မှုတွေကိုလည်း အကောင်းဆုံးပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
MPT အနေနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုကို အောင်မြင်စွာ ကျင်းပနိုင်ခြဲ့ပီး ဖြစ်သကဲ့သို့ အနာဂတ်တွင်လည်း ယခုကဲ့သို့ပင် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များ ဆက်လက် လုပ်ဆောင်သွားမည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်ပါသည်။
မတူကွဲပြားသော လူမှုအဖွဲ့အစည်းများဖြင့် တည်ဆောက်ထားသည့် နိုင်ငံတစ်ခုအတွက် လူမှုအကျိုးပြုလုပ်ငန်းများဖြင့် ပြန်လည်ထူထောင်ဖေးမမှုများ ပြုလုပ်ရန်မှာ အဓိကကျသော အရေးကြီး လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပြီး မကြာသေးမီကပင် MPT ဝန်ထမ်းများနှင့် ဒေသခံများ ပါဝင်သည့် လူဦးရေပေါင်း ၆,၀၀၀ ခန့်က ၎င်းတို့၏ ထက်သန်သော စိတ်ဓါတ်များဖြင့် နေရာပေါင်း ၁၈ နေရာတွင် တစ်ပြိုင်နက်တည်းဖြင့် အကြီးမားဆုံးသော နိုင်ငံအဝှမ်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုကို အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြင့်
သက်သေပြလိုက်ပြီ ဖြစ်ကာ နောင်တွင်လည်း ယခုကဲ့သို့ဆက်လက်ဆောင်ရွက်ရန်အတွက် ခွန်အားများကိုဖြစ်ပေါ်စေခဲ့ပြီဖြစ်ပါသည်။