blank

ကဆုန်လပြည့်နေ့အခါသမယတွင် MPT မှ သျှစ်သောင်းပုထိုးတော်ကြီး၌ အလှူဒါနများ ပြုလုပ်သွားမည်

Published 16 May 2016

(ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ မေလ ၁၆ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် လာမည့် မေလ ၂၁ရက် စနေနေ့တွင် ကျရောက်မည့် ကဆုန်လပြည့်နေ့အခါသမယ နေ့ထူးရက်မြတ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တည်ထားကိုးကွယ်ထားသော သျှစ်သောင်းပုထိုးတော်ကြီးတွင် ဘုရားဖူးများအား ယောဂီတဘက်များ လှူဒါန်းသွားမည်ဖြစ်သည်။

ကဆုန်လပြည့်နေ့အခါသမယသည် ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူသည့်နေ့၊ ဒိဗ္ဗစက္ခုဉာဏ်အလင်း ရရှိတော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံတော်မူသည့်နေ့ စသည့် နေ့ထူးနေ့မြတ်ကြီးတစ်ခုဖြစ်သည်။ ထိုကဲ့သို့သော နေ့ထူးနေ့မြတ်တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဗုဒ္ဓဘာသာဝင်များသည် ဘုရားစေတီပုထိုးများသို့ သွားရောက်၍ မြတ်စွာဘုရားပွင့်တော်မူခဲ့သည့် ဗောဓိညောင်ပင်တွင် ရေသွန်းလောင်းသပ္ပါယ်ပူဇော်သည့် အလှူဒါနကို ပြုလုပ်လေ့ရှိကြသည်။

MPT မှ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော်ကြီး၏ နှစ်စဉ်ကျင်းပသည့် ပွဲတော်အချိန်အခါတွင် ပါဝင်ဆင်နွှဲခြင်းဖြင့် ကဆုန်လပြည့်နေ့ကို ကျင်းပမည်ဖြစ်သည်။ မေလ ၂၁ရက်မှ ၂၅ရက် ထိ ကျင်းပမည့် အဆိုပါပွဲတော်အခါသမယတွင် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT မှ ဘုရားဖူးများအား ယောဂီတဘက်များ လှူဒါန်းသွားမည့်အပြင် ပျော်ရွှင်စရာအစီအစဉ်များဖြစ်သည့် အထူးအစီအစဉ်များ၊ ဂိမ်းများ၊ မျက်လှည့်၊ အကအဖွဲ့များနှင့် လက်ဆောင်များပေးအပ်ခြင်းတို့ကိုပါ ပြုလုပ်သွားမည်ဖြစ်သည်။

မင်းဘာကြီး သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော် ရှစ်သောင်းတည်ထားကိုးကွယ် ထားသည့်အတွက် သျှစ်သောင်းပုထိုးတော်ဟု လူသိများသည့် အဆိုပါပုထိုးတော်ကြီးသည် နန်းတော်ရာနေရာနှင့် မြောက်ဘက်မိုင်ဝက်ခန့်အကွာတွင် တည်ရှိပြီး မြောက်ဦးခေတ်တွင် တန်ခိုးသြဇာအကြီးမားဆုံး ရှင်ဘုရင်တစ်ဦး၏ ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူ ဖြစ်သည်။ သျှစ်သောင်းပုထိုးတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ပုထိုးတော်ကြီး၏ပရဝုဏ်အတွင်းတွင် နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း ကျင်းပမြဲဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ တစ်ခုအနေနဲ့ မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေမှာ ပါဝင်ဆင်နွှဲပြီး နေရာအနှံ့အပြားကပြည်သူတွေနဲ့ ထိတွေ့ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒီလိုမျိုး ဘုရားဖူးတွေကို ယောဂီတဘက်တွေလှူဒါန်းခြင်းနဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုတွေကို ပံ့ပိုးပေးခြင်းကနေတစ်ဆင့် ကျွန်တော်တို့ MPT အနေနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ ပိုမိုရင်းနှီးအကျွမ်းဝင်မှုရှိသလို ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ၊ ပရိုမိုးရှင်းတွေကိုပဲ ရောင်းချနေတာမဟုတ်ပဲ ပြည်သူတွေရဲ့ ပျော်ရွှင်မှုအတွက် အလေးထားဆောင်ရွက်ပေးနေတာကို သိမြင်နိုင်ပါတယ်။” ဟု MPT-KSGM (KDDI Summit Global Myanmar Co. Ltd.) ၏ CCO ဖြစ်သူ မစ္စတာ Koichi Kawase ကပြောသည်။

ရခိုင်ပြည်နယ်တွင် MPT ၏ ယခုကဲ့သို့ ကူညီမှုသည် ယခုအကြိမ်သာမကဘဲ ၂၀၁၅ခုနှစ် ဇူလိုင်လကလည်း ဆိုင်ကလုန်းမုန်တိုင်း ကိုမန်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများကို ကူညီထောက်ပံ့ပေးမှုများ ဆောင်ရွက်ခဲ့သည်။ ရေဘေးပြန်လည်ထူထောင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား ကူညီပံ့ပိုးပေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် စစ်တွေမြို့၏ အထိမ်းအမှတ် နာရီစင် ပြန်လည်မွမ်းမံမှုတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။

best operator in Myanmar