blank

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးများရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအား MPT မှ မီးအလင်း ပေးနိုင်ခဲ့

Published 10 May 2016

ဆင်းရဲနွမ်းပါးသော ကျောင်းသားကလေးငယ်များထံသို ့ခေတ်မီ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များ လှူဒါန်းမှုအစီအစဉ်ရောက်ရှိလာ

မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ကရင်ပြည်နယ်၊ ဘားအံ၊ (မေလ ၁ဝရက် ၂၀၁၆) – မြန်မာနိုင်ငံ၏ ဦးဆောင် တယ်လီဖုန်း ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီသည် ၎င်းတို ့၏ “ရှေ့သို ့လှမ်းချီ လင်းလက်စေမည်” အမည်ရှိ ထူးခြားကောင်းမွန်သည့် လူမှုအကျိုးပြု CSR အစီအစဉ်ဖြင့်မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအား နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များ လှူဒါန်းပေးလျက်ရှိရာ ယင်းအစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို ့ရှိ ပန်းတော့ဘုန်းတော်ကြီးကျောင်း နှင့် ကရင်ပြည်နယ် ဘားအံရှိ တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းတို့၌ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် ပေးအပ်လှူဒါန်းပွဲများ ကျင်းပခဲ့သည်။ အဆိုပါ လှူဒါန်းမှုများတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ဘုန်းတော်ကြီး စာသင်ကျောင်း များအား နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် စုစုပေါင်း ၁၇၄ လုံးတိတိ သွားရောက်လှူဒါန်းခဲ့ပြီး စာသင်ခန်းများ အတွင်း၌ မီးအလင်းရောင်ရရှိစေကာ၊ ယင်းဒေသများရှိ ဆင်းရဲနွမ်းပါးသော ကျောင်းနေ ကလေးငယ်များ၏ စာသင်ကြားမှု အခြေအနေကို မြှင့်တင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

မွန်ပြည်နယ် ကျိုက်ထို၌ ကျင်းပခဲ့သော နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များ ပေးအပ်ပွဲတွင်၊ ဆိပ္ဖူးတောင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၏ ကျောင်းထိုင်ဆရာတော် အရှင်ဦးဇော်တိက က နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်လှူဒါန်းမှုနှင့် ပတ်သက်၍ ၎င်း၏ ဝမ်းမြောက် ဝမ်းသာပီတိဖြစ်မှုအား ယခုလို မိန့်ကြားခဲ့ပါသည်။ “လျှပ်စစ်မီးမရှိရင် ဒီဒေသက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဟာ ညနေပိုင်းနှင့် ရာသီဥတုဆိုးရွားချိန်တွေမှာ အလင်းရောင်ကင်းမဲ့မှုကြောင့် စာသင်ကြားရာမှာ အဆင်ပြေစေမယ့် နေရာရှာဖွေရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရပါတယ်၊ MPT ရဲ့ ပူးပေါင်း လုပ်ဆောင်မှုဟာ ကျောင်းသားများကို ပညာရေးမှာ ပိုစိတ်ဝင်စားလာစေဖို့ လှုံ့ဆော်ပေးပြီး စာပေကိုကောင်းစွာ သင်ကြားနိုင်စေဖို့အတွက် တကယ့်ကို အကူအညီဖြစ်စေပါတယ်။ သူတို့ရဲ့ အခုလို အားစိုက်ထုတ်မှုအတွက် အထူးပဲ ကျေးဇူးတင်မိပါတယ်။” ဟု ဆရာတော်က မိန် ့ကြားခဲ ့သည်။

ကရင်ပြည်နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ကိုယ်စားပြုသူဖြစ်သည့် ကျောင်းထိုင်ဆရာတော် ဦးဓမ္မကလည်း ကျောင်းသားများ၏ဘဝများကို ကောင်းမွန်သော ပြောင်းလဲမှုများဖြစ်စေသောကြောင့် MPT ကို ကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။ “ဘုန်းတော်ကြီးစာသင်ကျောင်းများဟာဆင်းရဲနွမ်းပါးတဲ့ ကလေး သူငယ်များနှင့်လူငယ်များ ပုံမှန်ကျောင်းပညာရေးကို မရရှိနိုင်တဲ့ အခါမျိုးမှာ အကူအညီ ပေးနေကြတဲ့နေရာများ ဖြစ်ပါတယ်။ ပညာသင်ရာမှာ အဓိကကျတဲ့အရာဟာ စာသင်ခန်းတွေဖြစ်ပြီး ကျောင်းသားတွေဟာ စာသင်နှစ် တွေရဲ့ အချိန်တော်တော်များများကို စာသင်ခန်းထဲမှာပဲကုန်ဆုံးကြရပါတယ်။ ဒီနေရောင်ခြည်စွမ်းအင်သုံး မီးအိမ်တွေဟာ သူတို့ လေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်းကျင်ကောင်းရရှိအောင် ပံ့ပိုးပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု မိန် ့ကြားခဲ့သည်။

ယခုနှစ်မှာလည်း “ရှေ့သို့လှမ်းချီလင်းလက်စေမည်” လုပ်ငန်းစဉ်ဖြင့် MPT မှ နေရောင်ခြည်စွမ်းအသုံးလျှပ်စစ် မီးအိမ်များကို အခြားဒေသ များရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါသည်။ MPT မှ နေရောင်ခြည်စွမ်းအင်သုံး နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်အလုံးရေပေါင်း (၂,၀၀၀)အား ဖြန့်ဝေပေးပြီး ပညာရေးအတွက် လိုအပ်နေသော ကျောင်းသား၊ ကျောင်းသူပေါင်း (၅၈,၀၀၀)ခန့်ကို အကူအညီအထောက်အကူပေးပြီး မြန်မာနိုင်ငံရှိ ကျောင်းပေါင်း (၆၃၂) ကျောင်းသို့ ပေးပို့လှူဒါန်းမည် ဖြစ်ပါသည်။ ယခုဆိုလာမီးအိမ် အလုံး(၂၀၀၀)ကျော်ကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်နိုင်ရခြင်းမှာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော MPT ၏ နံပါတ်အလှများ လေလံတင်ရောင်းချပွဲမှရရှိသည့် ကျပ်ငွေပေါင်း (၂၉၂.၇)သန်းကို MPT အသုံးပြုသော ပြည်သူလူထုများမှ တစ်ဆင့် ရယူနိုင်ခဲ့ခြင်းဖြစ်ပါသည်။

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ် များမှာ Panasonic အမျိုးအစားဖြစ်သော “Enelop Solar Storage” များဖြစ်ကြပါသည်။ ဤနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ်များမှာ လွယ်ကူစွာ သုံးစွဲနိုင်သော ပစ္စည်းများဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပြားနှင့် ဘထ္ထရီများပါဝင်ကာ နေ့ပိုင်းတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်စွမ်းအင်မှတစ်ဆင့် အားဖြည့်သွင်းနိုင်ပြီး ထိုစွမ်းအင်ဖြင့် LED မီးလုံးနှစ်လုံးကို ည သို့မဟုတ် အလင်းရောင်းမရှိသော အချိန်များတွင် သုံးစွဲနိုင်ပါသည်။ သုံးစွဲမှုအတိုင်းအတာပေါ်မူတည်ပြီး ၆ နာရီခန့်အားသွင်းရုံဖြင့် ၂၄ နာရီခန့် သုံးစွဲနိုင်ပါသည်။ ထိန်းသိမ်းစရိတ်လုံးဝမရှိဘဲ လည်ပတ်ရန် အတွက်လည်း ငွေကုန်ကျမှု ရှိမည်မဟုတ်ပါ။ ထို့ပြင် ဤမီးအိမ်များဖြင့် ညအခါ အလင်းရောင် ကောင်းစွာရရှိနိုင်ပြီး USB ကြိုးမှ တစ်ဆင့် မိုလ်ဘိုင်းဖုန်းများကိုလည်း အားဖြည့်သွင်းနိုင်ခြင်းဖြင့် ဒေသခံအချင်းချင်း ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာစေနိုင်မည့် အစီအစဉ်လည်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လူမှုရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက် များကို လေ့လာလိုပါက
https://www.mpt.com.mm/en/whats-new/csr-activities/တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

best operator in Myanmar