pr-mm-desktop

ဆင်းမ်ကတ်များ အချိန်မီ ပြန်လည်စစ်ဆေးပြင်ဆင် မှတ်ပုံတင်ရန် အရေးကြီးကြောင်း ဆက်သွယ်ရေးအော်ပရေတာများမှ ထုတ်ပြန်ကြေညာ

Published 14 Dec 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်)ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံရှိ ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့ ဆင်းမ်ကတ် မှတ်ပုံတင်ထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး ပြင်ဆင်ရန် လိုအပ်ပါက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက် နောက်ဆုံးထားပြီး ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။

ဆင်းမ်ကတ်များကို စစ်ဆေးပြီးပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းအားဖြင့် သုံးစွဲသူများအတွက် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုများကိုလည်း လုံခြုံစိတ်ချစွာဖြင့် သုံးစွဲနိုင်မည့်အပြင် ဒီဂျစ်တယ်ပိုင်းဆိုင်ရာနှင့် ပြင်ပလိမ်လည်မှု များ၏ အန္တရာယ်မှ ကာကွယ်ပေးမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် နှင့် နိုင်ငံသား စိစစ်ရေးကတ်၏ ရှင်းလင်းထင်ရှားသည့်  အရှေ့/အနောက် ရောင်စုံဓာတ်ပုံတို့ဖြင့် ဆင်းမ်ကတ် စတင်သုံးစွဲချိန်တွင် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ဆင်းမ်ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် နှိုင်းယှဉ်စစ်ဆေး၍ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ကြေညာ ထားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ဆင်းမ်ကတ်သုံးစွဲသူများ အနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များ ပိတ်သိမ်းခံရမှု မရှိစေရန်   ဆင်းမ်ကတ် မှတ်ပုံတင်ထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ပြန်လည်ပြင်ဆင်မှတ်ပုံတင်ရန် အရေးကြီး ပါသည်၊။

ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့ လက်ရှိမှတ်ပုံတင်ထားသည့် အချက်အလက်များဖြစ်သည့် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တို့ မှန်၊ မမှန်ကို စစ်ဆေး သိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အတွက် *601# ၊ ATOM အတွက်*766# (သို့) *979*3*3# ၊ အူရီဒူးအတွက် *666# ၊ Mytel အတွက် *966*6# 2 ကိုရွေးချယ် ခေါ်ဆို၍ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ အလားတူပင် ဆင်းမ်ကတ် ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ တရားဝင်ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်းနှင့် သက်ဆိုင်ရာ အရောင်းဆိုင်များတွင်လည်း ဆောင်ရွက်နိုင်ပါသည်။

ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းနှင့် စပ်လျဥ်း၍ စျေးကွက်အတွင်းရှိ ဆင်းမ်ကတ်ရောင်းချသူများနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ် ပါသောကြောင့် သုံးစွဲသူများကလည်း ဆင်းမ်ကတ်များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ပြီး အသုံးပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

# # #

 

မီဒီယာသတင်းအချက်အလက်များအတွက်မေးမြန်းလိုပါကဆက်သွယ်ရန် :

 

[email protected]

Corporate Communications Department

MPT-KSGM Joint Operations

ရှေ့သို့လှမ်းချီ မြန်မာပြည်

all

best operator in Myanmar