latest news

နိုင်ငံတစ်ဝန်းရှိသုံးစွဲသူများနှင့် မြန်မာပြည်သူပြည်သားများအတွက် “ အတူလက်တွဲအမြဲရှိမည် MPT”

Published 16 Oct 2021

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်)- နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းပေါင်း ၈,၀၀၀ ကျော်နှင့် ရုံးခွဲပေါင်း ၃၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော MPT သည် မြန်မာပြည်သူပြည်သားများအတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို အမြဲတစေ ပံ့ပိုးပေးလျက်ရှိပြီး မြန်မာပြည်သူ ပြည်သားများ၏ နေ့စဉ် ဘဝတွင်အရေးပါသည့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို ပေးအပ်ရန် ကတိကဝတ်ထား ဆောင်ရွက်နေပါသည်။

ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့ကပ်ရောဂါ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကူးစက်ပြန့်ပွားမှုနှင့် အတူ MPT သည် သုံးစွဲသူများနှင့် ဝန်ထမ်းများအပေါ်တွင် သက်ရောက်မှုများကို လျှော့ချကာ ခိုင်မာသော လုပ်ငန်းလည်ပတ်မှု အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး ခက်ခဲသောအခြေအနေများတွင်လည်း ကတိကဝတ်ထားရှိခဲ့သည့်အတိုင်း ဝန်ဆောင်မှုများကို ယနေ့ထိတိုင် ပေးအပ်လျက်ရှိပါသည်။ ထို့ကြောင့် MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်နှင့်အတူ မြန်မာပြည်သူပြည်သားများသို့ နောင်လာမည့် နှစ်ပေါင်းများစွာထိ ၎င်း၏ ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာ လိုက်သည်။

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် မြန်မာပြည်သူ ပြည်သားများနှင့် အမြဲတစေ အတူ ရှိနေပြီး နှစ်ပေါင်း ၁၀၀ ကျော်တိုင် သမိုင်းမှတ်တမ်း ရှိခဲ့ပါသည်။ MPT သည် ဂျပန်နိုင်ငံမှ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာပြည်သူပြည်သားများ အတွက် အကောင်းဆုံးပေးစွမ်းနိုင်ရန်ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် ပေါင်းစပ်ကာ လုပ်ငန်းဆောင်ရွက်မှုများကို စဉ် ဆက်မပြတ် တိုးတက်စေရန် အကောင်းဆုံးလုပ်ဆောင်နေပါသည်။ သုံးစွဲသူများအတွက် အသင့်တော်ဆုံးနှင့် အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်နိုင်ရန်အတွက် MPT သည် ပြီးခဲ့သည့်နှစ် ကိုဗစ်-၁၉ ကာလမှ စတင်၍ သုံးစွဲသူများ စဉ်ဆက်မပြတ် အချိန်တိုင်း ဆက်သွယ်နိုင်ရန် မိုဘိုင်းလ်ဖုန်းအချင်းချင်း ဖုန်းဘေလ်အခမဲ့ လွှဲပြောင်းပေးနိုင်သည့် ဝန်ဆောင်မှု အပါအဝင် အခြားသော ဝန်ဆောင်မှုများဖြစ်သည့် Data Carry Plus ပက်ကေ့ချ် ၊ ကြိုက်ရာခေါ်အသံ ပက်ကေ့ချ် နှင့် မကြာသေးမီက မိတ်ဆက်ခဲ့သည့် “All in one ထောဘီ ၁၀ ဆ” ပက်ကေ့ချ်အစရှိသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

MPT သည် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်နေသည်သာမက မြန်မာပြည်သူပြည်သားများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများကို ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိကမဏ္ဍိုင်ကြီး သုံးရပ်ဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသည်။ ကိုဗစ်-၁၉ ကာလအတွင်း MPT သည် ၎င်း၏ လူမှုအကျိုးပြုလှုပ်ရှားမှု အစိတ်အပိုင်းတစ်ခုအဖြစ် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်လိုင်းများ ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ငွေဖြည့်ကတ်များနှင့် ဆင်းမ်ကတ်များ လှူဒါန်းခြင်း၊ ကိုဗစ်- ၁၉ ကုသရေးစင်တာများ အတွက် ဖုန်းခေါ်ဆိုခြင်းတွင် အခပေးရန် မလိုသည့်(toll-free call) ဝန်ဆောင်မှုအပါအဝင် မရှိမဖြစ် လိုအပ်သော ကူညီထောက်ပံ့မှုများကို နိုင်ငံတစ်ဝန်းရှိ မြန်မာ့လူမှုအသိုက်အဝန်းသို့ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ မိမိတို့ အချင်းချင်းအမြဲအတူတကွရှိနေခြင်းကြောင့် အောင်မြင်မှုပိုမိုရရှိ နိုင်မည်ဟု ယုံကြည်ထားသည်နှင့်အညီ MPT သည် ယနေ့အချိန်ထိ မြန်မာပြည်သူပြည်သားများနှင့် မြန်မာ့ လူမှုအသိုက်အဝန်းသို့ ကျပ် သန်း ၂၀,၀၀၀ ကျော်ကို သုံးစွဲကာ ထောက်ပံ့ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

အလေးအနက်ထားဆောင်ရွက်ခြင်းနှင့် စဉ် ဆက်မပြတ်တိုးတက်မှုရှိနေသည့် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် နယ်ပယ်စုံရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ မြန်မာပြည်သူပြည်သားများ၏ လိုအပ်ချက်များကို တစ်နေရာတည်းတွင်ဖြည့်ဆည်းပေးနိုင်ရန် နှင့် ရာသက်ပန် လက်တွဲဖော်အဖြစ် အမြဲတစေရှိစေရန် ကတိပြုကာ “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ် နှင့်အတူ ၎င်း၏ သုံးစွဲသူများသို့ ပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

စစ်မှန်သည့် ပြည်တွင်းမှဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် မြန်မာပြည်သူများအကြား အကောင်းဆုံး ဆက်သွယ်ချိတ်ဆက်မှု ရရှိစေနိုင်ရေးအတွက် အမြဲတစေ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းအပေါ်တွင် သက်ရောက်မှုများကိုလျှော့ချကာ သုံးစွဲသူများကို ထောက်ပံ့ပေးရန် နည်းလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေပြီး ဒီဂျစ်တယ် လူမှုဘဝများ ပိုမိုတိုးတက်စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။

MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများအပါအဝင် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 106 သို့ခေါ်ဆို၍လည်းကောင်း သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှု၍လည်းကောင်း လေ့လာနိုင်ပါသည်။

best operator in Myanmar