blank

နိုင်ငံတစ်ဝှမ်းလုံးရှိMPTမိုဘိုင်းဖုန်းသုံးစွဲကြသော ရဟန်းရှင်လူပြည်သူစေတနာရှင်များမှ ရေဘေးအတွက် SMS ပေးပို့လှူဒါန်းခြင်းမှရရှိသည့်လှူဒါန်းမှုများ

Published 04 Aug 2015

ရေဘေးသင့်ဒေသများရှိ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာခဲ့ရသော ရဟန်းရှင်လူ ပြည်သူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က လှူဒါန်းမှုများ ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၅ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ သက်ဆိုင်ရာ MPT ဒေသခံမန်နေဂျာများမှတဆင့် ငွေကျပ် သိန်း(၁၀၀)စီ လှူဒါန်းခဲ့ပြီး ၊ ၂၀၁၅ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင်လည်း မကွေးတိုင်းဒေသကြီးသို့ အလှူငွေကျပ် သိန်း(၁၀၀) လှူဒါန်းခဲ့ပါသည်။ ကာလ တန်ဖိုး ငွေကျပ် သိန်း(၁၅၀) တန်ဖိုးရှိ အစားအသောက်နှင့်ဆေးဝါးများ ပါဝင်သည့် ထောက်ပံ့ပစ္စည်း အထုပ် သုံးထောင်(၃၀၀၀)ကိုလည်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများသို့ သက်ဆိုင်ရာ MPT ဒေသခံရုံးများမှတစ်ဆင့် ရေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းနိုင်ခဲ့ပါသည်။

ထို့အပြင် ၂၀၁၅ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် MPT မှ နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေကျပ် သိန်း(၂၀၀) ပေးအပ် လှူဒါန်းခဲ့ပါသည်။ထောက်ပံ့ပစ္စည်းများနှင့် ငွေလှူဒါန်းမှုများအပြင် အခြေစိုက်ရေဘေး ရှောင်စခန်း များနှင့် ဆက်သွယ်ရေး အဆင်ပြေလွယ်ကူစေရန်အတွက် ဂြိုလ်တုဖုန်း ၁၀ လုံးနှင့် ငွေဖြည့်ကတ်များ ကိုလည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန သို့ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ထို့အပြင် နိုင်ငံတစ်ဝှမ်းလုံးရှိ MPT မိုဘိုင်းဖုန်းသုံးစွဲကြသော ရဟန်းရှင်လူ ပြည်သူ စေတနာ ရှင်များမှ တစ်တပ်တစ်အား ပါဝင်လှူဒါန်းနိုင်ရန် ၂၀၁၅ခုနှစ် သြဂုတ်လ ၆ ရက်မှ စတင်၍ SMS Donation အစီအစဉ်ဖြင့် အလှူငွေများ ကောက်ခံပေးခဲ့ရာ ၂၀၁၅ခုနှစ် သြဂုတ် ၁၈ ရက်နေ့အထိ စုစုပေါင်း ငွေကျပ် ငွေကျပ် ၂၈၄,၀၃၇,၅၀၀ ကို လက်ခံရရှိခဲ့ပါသည်။ အဆိုပါ SMS မှ ရရှိသည့် အလှူငွေ များကို ရေဘေး သင့်ဒေသများ တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တိုက်ရိုက် လှူဒါန်း သွားမည် ဖြစ်ပါသည်။

best operator in Myanmar