blank

နိုင်ငံတစ်ဝှမ်းလုံးရှိ MPT မိုဘိုင်းဖုန်းသုံးစွဲကြသော ရဟန်းရှင်လူ ပြည်သူ စေတနာရှင်များမှ ရေဘေးအတွက် SMS ပေးပို့လှူဒါန်းခြင်းမှရရှိသည့် လှူဒါန်းမှုများ

Published 14 Aug 2015

၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁၄)ရက်၊နံနက်(၁၁)နာရီအထိ မိဘပြည်သူများထံမှ ရေဘေးအတွက် SMS ပေးပို့ လှူဒါန်းခြင်းမှ ရရှိသည့်အလှူငွေမှာ စုစုပေါင်း ၂၄၄,၀၃၄,၅ဝဝကျပ် ဖြစ်ပါတယ်။
အခုလို SMS တစ်စောင်ခြင်းဆီမှတဆင့် စေတနာသဒ္ဓါအပြည့်နဲ့ လှူဒါန်းတဲ့ MPT သုံးစွဲသူများဟာ တစ်စုတစ်စည်းထဲရှိနေတယ်ဆိုတာကို သိရှိခွင့်ရခဲ့ပါတယ်ခင်ဗျာ။
အလှူရှင် မိသားစုများအားလုံး ကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ လှူဒါန်းမှုများအတွက်လည်း ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါတယ်ခင်ဗျာ။
လှူဒါန်းသူများအားလုံးကိုလည်း MPT မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
လှူဒါန်းမှုများကိုလည်း အသေးစိတ်ကို MPT ၏ Facebook နှင့် Website တွင် ထပ်မံတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

best operator in Myanmar