blank

နိုင်ငံတစ်ဝှမ်းလုံးရှိMPTမိုဘိုင်းဖုန်းသုံးစွဲကြသော ရဟန်းရှင်လူပြည်သူစေတနာရှင်များမှ ရေဘေးအတွက် SMS ပေးပို့လှူဒါန်းခြင်းမှရရှိသည့်လှူဒါန်းမှုများ

Published 19 Aug 2015

၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁၉)ရက်၊ ညနေ(၅)နာရီအထိ မိဘပြည်သူများထံမှ ရေဘေးအတွက် SMS ပေးပို့ လှူဒါန်းခြင်းမှ
ရရှိသည့်အလှူငွေမှာ စုစုပေါင်း ၂၈၆,၅၆၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ အခုလို SMS တစ်စောင်ခြင်းဆီမှတဆင့်
စေတနာသဒ္ဓါအပြည့်နဲ့ လှူဒါန်းတဲ့ MPT သုံးစွဲသူများဟာ တစ်စုတစ်စည်းထဲရှိနေတယ်ဆိုတာကို သိရှိခွင့်ရခဲ့ပါတယ်ခင်ဗျာ။

အလှူရှင် မိသားစုများအားလုံး ကျန်းမာချမ်းသာပြီး ဘေးဘယာဝေးကွာပါစေလို့ ဆုတောင်းလိုက်ပါတယ်။
လှူဒါန်းမှုများအတွက်လည်း ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါတယ်ခင်ဗျာ။ လှူဒါန်းသူများအားလုံးကိုလည်း MPT မှ
အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

လှူဒါန်းမှုများကိုလည်း အသေးစိတ်ကို MPT ၏ Facebook နှင့် Website တွင် ထပ်မံတင်ပြပေးသွားမှာ
ဖြစ်ပါတယ်ခင်ဗျာ။

best operator in Myanmar