pr ball

မြန်မာနိုင်ငံမှ ဟင်းချက်ထူးချွန်သူများကို ရှာဖွေသည့် MasterChef All Stars Myanmar အစီအစဥ်တွင် MPT က အဓိက ပံ့ပိုးသူအဖြစ် အထောက်အပံ့ပြုဆောင်ရွက်

Published 04 Nov 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် လာမည့် “MasterChef All Stars Myanmar” အစီအစဥ်တွင် အဓိကပံ့ပိုးကူညီသူ (Main Sponsor) အဖြစ်ဆောင်ရွက်သွားမည်ဖြစ်သည်။ MasterChef အစီအစဥ်သည် ကျွမ်းကျင်စားဖိုမှုး ဖြစ်လိုသည့် ဟင်းချက်ဝါသနာရှင်များ၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်သည့် အခွင့်အရေးတစ်ခုဖြစ်ပြီး ယခုပြိုင်ပွဲမှတစ်ဆင့် ၎င်းတို့၏ အချက်အပြုတ်စွမ်းရည်များကို ပြသနိုင်မည်ဖြစ်သည်။ “MasterChef All Stars Myanmar” အစီအစဥ်ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် စတင်ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဟင်းချက်ဝါသနာပါသူများ အနေနှင့် MasterChef All Stars Myanmar အစီအစဥ်ကို အပတ်စဥ် တနင်္ဂနွေ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် MRTV 4 ရုပ်သံချန်နယ်၊ Pyone Play YouTube ချန်နယ်နှင့် အက်ပလီကေးရှင်းတို့မှ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

MasterChef All Stars Myanmar သည် MasterChef Myanmar မှ ဆင့်ပွားဖြစ်ပေါ်လာသော စစ်မှန်သည့် ဟင်းချက်ပြိုင်ပွဲ ရုပ်သံစီးရီးတစ်ခုဖြစ်သည်။ MasterChef Myanmar ပြိုင်ပွဲအား မြန်မာနိုင်ငံတွင် Season 3 အထိ ကျင်းပပြီးဖြစ်သည်။ လာမည့် MasterChef All Stars Myanmar ပြိုင်ပွဲတွင် ပြီးခဲ့သည့် Season 1, 2, 3 တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် အရည်အချင်းရှိပြီး လူသိများသော ပြိုင်ပွဲဝင်များက ထပ်မံ၍ ဝင်ရောက်ယှဥ်ပြိုင် သွားမည်ဖြစ်သည်။ ယခု အစီအစဥ်အရ ပြိုင်ပွဲဝင်ဟောင်းများအနေနှင့် ဆုရရှိရန် ထပ်မံယှဥ်ပြိုင်ခွင့် ရရှိသွားပြီး ကြည့်ရှုသူများ အနေနှင့်လည်း ပြိုင်ပွဲဝင်များအကြား ပြင်းထန်သည့် ယှဥ်ပြိုင်မှုများကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည်ဖြစ်သည်။ ဟင်းချက်ဝါသနာပါသည့် MPT သုံးစွဲသူများ အနေနှင့် ယခုဟင်းချက်ပြိုင်ပွဲမှတစ်ဆင့် လေ့လာသင်ယူခွင့် ရရှိရန်နှင့် ဖျော်ဖြေမှုရရှိစေရန်၊ အရသာထူးခြားသည့် မြန်မာဟင်းပွဲများကို ကမ္ဘာမှသိအောင် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ MPT မှ အဓိက ပံ့ပိုးသူအဖြစ် ပံ့ပိုးပေးလိုက်ခြင်းဖြစ်ပါသည်။

ထို့အပြင် ကြည့်ရှုသူများ ပိုမိုရင်ခုန်စိတ်လှုပ်ရှားရန်အတွက် “အနိုင်ရသူကို ခန့်မှန်းပြီး MPT Club ပွိုင့်များ ရ ယူလိုက်ပါ” အစီအစဥ်ကို MPT မှ ထည့်သွင်းထားပါသည်။ အဆိုပါအစီအစဥ်အရ ကြည့်ရှုသူများအနေဖြင့် ပြိုင်ပွဲမစတင်မီ အနိုင်ရရှိသူနိုင်သူကို ကြိုတင်ခန့်မှန်းပြီး MPT Facebook, Viber နှင့် Telegram တို့တွင် ဖော်ပြထားသည့် လင့်ထဲမှ မိမိခန့်မှန်းထားသည့် အနိုင်ရရှိနိုင်သည့် ပြိုင်ပွဲဝင်နာမည်ကို ရွေးချယ်ရမည်ဖြစ်သည်။ အနိုင်ရရှိသူအမည်ကို မှန်ကန်အောင် ရွေးချယ်နိုင်သူများကို MPT မှ ကြေညာပေးသွားမည်ဖြစ်ပြီး ဆုအဖြစ် MPT Club ပွိုင့် များလက်ခံရရှိမည်ဖြစ်သည်။ ယခု အစီအစဥ်မှ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားဖွယ်ရာများ ယူဆောင်လာနိုင်မည်ဟု MPT က မျှော်လင့်ထားပြီး အနိုင်ရသူကို ခန့်မှန်းပြီး MPT Club ပွိုင့်များရယူကာ အကျိုးခံစားခွင့်များစွာကို ရရှိနိုင်မည့် အစီအစဥ်တွင်လည်း ပါဝင်ကြရန် သုံးစွဲသူများသို့ တိုက်တွန်းလိုပါသည်။

အလားတူပင် ပြိုင်ပွဲဝင်များ၏ ယှဥ်ပြိုင်မှုအတွင်း ပိုမိုစိတ်လှုပ်ရှားဖွယ်အစီအစဥ်တစ်ရပ်အဖြစ် MPT Pay နှင့် ဟင်းချက်စရာများကို ပေးချေဝယ်ယူပြီး ချက်ပြုတ်ယှဥ်ပြိုင်ရသည့် အဆင့်တစ်ခုကိုလည်း ထည့်သွင်းထားပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်ကာလများအတွင်း သုံးစွဲသူများ အတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။ MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar