blank

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွ့ံဖြိုးရေးစီမံကိန်း၏ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်များအတွက် MPT သုံးစွဲသူများ၏ SMS လှူဒါန်းမှုအစီအစဉ်မှ ငွေကျပ် သိန်း ၁,၀၀၀ ကျော် လွှဲပြောင်းလှူဒါန်း

Published 08 Mar 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် မတ်လ ၈ ရက်) – ရခိုင်ပြည်နယ်ပြည်သူများအတွက် SMS မှတစ်ဆင့် အလှူငွေ ထည့်ဝင်နိုင်သည့် အစီအစဉ်ကို ပြုလုပ်ခဲ့ရာ MPT သုံးစွဲသူ စေတနာရှင်များထံမှ စုစုပေါင်း အလှူငွေကျပ် ၁၀၁,၇၉၂,၀၀၀ တိတိ လက်ခံရရှိခဲ့ကြောင်း MPT မှ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။

ရခိုင်ပြည်နယ် ပြည်သူများအတွက် လိုအပ်သည့် နေရာများတွင် အထောက်အကူရရှိစေရေးအတွက် MPT က လက်ခံရရှိသည့် အလှူငွေများကို လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွ့ံဖြိုးရေးစီမံကိန်း ကော်မတီသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုအခမ်းအနားကို နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ UEHRD ၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပါသည်။

MPT ၏ အထွေထွေမန်နေဂျာဖြစ်သူ ဦးနိုင်ကိုကို က “နိုင်ငံအနှံ့အပြားမှာ ရှိနေတဲ့ ကျွန်တော်တို့ MPT သုံးစွဲသူတွေဆီကနေ ဒီလိုမျိုး အထောက်အပံ့ကောင်းတွေ လက်ခံရရှိခဲ့တဲ့အတွက် တကယ့်ကို အထူးပဲကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်တွေကြောင့် လူသားချင်းစာနာထောက်ထားမှုတွေ အများအပြားလိုအပ်ခဲ့သလို MPT သုံးစွဲသူတွေ အနေနဲ့လည်းအခုလို အတူတကွပူးပေါင်းပြီး ရခိုင်လူမှုအသိုက်အဝန်းအတွက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေကို ပေးနိုင်ခဲ့တဲ့အတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ များစွာရရှိစေမှာ ဖြစ်ပါတယ်။ အခုလို ကျွန်တော်တို့ရဲ့ SMS ကတစ်ဆင့် လှူဒါန်းခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးနိုင်မှုနဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေကို ရှေ့ဆောင် လုပ်ကိုင်နေတဲ့ UEHRDတို့ရဲ့ အတူတူ လက်တွဲဆောင်ရွက်ခြင်းကတစ်ဆင့် အမှန်တကယ်အကူအညီ လိုအပ်နေသူ ထောင်ပေါင်းများစွာအတွက် အပြောင်းအလဲတစ်ခုကို ဆောင်ကျဉ်းပေးနိုင်ဖို ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေက ငွေကျပ် သိန်းပေါင်းတစ်ထောင်ကျော်ကို လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

MPT အနေဖြင့် ရခိုင်ပြည်နယ်ရှိဖြစ်ရပ်များကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ နေအိမ်များ ပျက်စီဆုံးရှုံးခဲ့ကြရသူများ၏ စိုးရိမ်ပူပန်မှုများအား ဖြေလျှော့ပေးနိုင်ရေးအတွက် SMS မှတစ်ဆင့်လှူဒါန်းမှု ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။ စည်းလုံးညီညွတ်မှုနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ စိတ်ဓါတ်တို့ဖြင့် လှူဒါန်းမှုများမှတစ်ဆင့် ရရှိလာသည်များကို ရခိုင်ဒေသတွင်းဖြစ်ပွားခဲ့ရသည့် ပျက်စီးဆုံးရှုံးမှုများနှင့် သက်ရောက်ခဲ့သည့် ဒေသများနှင့် ဒေသခံများအတွက် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထောက်ပံ့ သုံးစွဲသွားမည် ဖြစ်ပါသည်။ နိုင်ငံပိုင် ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သည်နှင့်အညီ အကူအညီများ လိုအပ်နေသည့် လူမှုအသိုက်အဝန်းများ အတွက် လိုအပ်သည့် အချိန်တွင် ကူညီမှုများကို ပေးအပ်ဆောင်ရွက်သွားရန်လည်း MPT က သံန္နိဌာန်ချမှတ် ဆောင်ရွက်နေပါသည်။

“ရခိုင်ပြည်နယ်က အမှန်တကယ်ထိခိုက်ခံစားခဲ့ကြသူတွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေနဲ့ ထပ်တူ ကျွန်တော်တို့ရင်ထဲမှာ ခံစားရပါတယ်။ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ပံ့မှုတွေ၊ ပြန်လည်နေရာချထားရေးတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ UEHRD ကိုလည်း အထူးပဲ ကျေးဇူး တင်ရှိပါတယ်လို့ ပြောကြားချင်ပါတယ်” ဟု ဦးနိုင်ကိုကို က ထပ်မံပြောကြားသည်။

best operator in Myanmar