blank

ရေဘေးသင့်ပြည်သူများ အခမဲ့ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ရန် MPTမှ ထောက်ပံ့ကူညီ

Published 03 Aug 2018

ရေဘေးသင့် မြို့နယ်ပေါင်း ၁၈ ခုမှ ပြည်သူများအနေဖြင့် ရက်ပေါင်း ၃၀ အထိအသုံးပြုနိုင်မည့် MPT ဖုန်းအချင်းချင်း မိနစ် ၃၀ စာ အခမဲ့ခေါ်ဆိုခွင့်ကို ရရှိမည်
(ရန်ကုန်၊ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ရေဘေးသင့်ပြည်သူများအနေဖြင့် ၎င်းတို့၏ မိသားစုဝင်များနှင့် အဆက်အသွယ်မပြတ်စေရန်နှင့် အရေးပေါ် ကယ်ဆယ်ရေးလှုပ်ရှားမှုအဖွဲ့များထံသို့ ဆက်သွယ်နိုင်ရန်အတွက် ကူညီပေးသွားတော့မည် ဖြစ်သည်။ ဇူလိုင်လအတွင်းမှစတင်၍ ရေဘေးသင့်ခဲ့သည့် မြို့နယ် ၁၈ ခုမှ MPT သုံးစွဲသူများသည် သြဂုတ်လ ၃ ရက်နေ့မှ စတင်၍ မိနစ်(၃၀) အခမဲ့ဖုန်းခေါ်ဆိုခွင့်ကို ရရှိမည် ဖြစ်ပြီး မည်သည့်MPTဖုန်းကိုမဆိုခေါ်ဆိုရန် ရက်(၃၀)ကြာအသုံးပြုနိုင်မည်ဖြစ်ပါသည်။ အဆိုပါဒေသများရှိ MPT သုံးစွဲသူများအနေဖြင့် အခမဲ့ ဖုန်းခေါ်ဆိုခွင့်ကို လျှောက်ထားရယူရန် မလိုဘဲအလိုအလျောက်ရရှိအသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ အခမဲ့မိနစ်များ အသုံးပြုနိုင်ပြီဖြစ်ကြောင်းကိုလည်း MPT မှ စာတို(SMS) ပေးပို့ အသိပေးသွားမည်ဖြစ်ပါသည်။

ဒေသ မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း (အရှေ့)
၁၈ မြို့နယ် ကျိုက်ထို လှိုင်းဘွဲ့ ညောင်လေးပင်
ဘီးလင်း ဘားအံ ပဲခူး
သထုံ ဖာပွန် ရွှေကျင်
ကျိုက်မရော မြဝတီ ကဝ
ကော့ကရိတ် ဒိုက်ဦး
ကြာအင်းဆိပ်ကြီး သနပ်ပင်
တောင်ငူ
ကျောက်ကြီး

MPT-KSGM Joint Operations လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကို က “ရေဘေးသင့်ဒေသတွေဖြစ်ခဲ့ရတဲ့ မွန်၊ ကရင် နဲ့ ပဲခူးတိုင်း(အရှေ့)က ပြည်သူတွေအတွက် MPT က အားလုံးနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။ MPT ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ အမြဲအသင့်ရှိနေတာပါ။ အခုလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ကျရောက်နေတဲ့ အချိန်မှာ ဆက်သွယ်ရေးဟာ အင်မတန်အရေးကြီးမယ်ဆိုတာကို ကျွန်တော်တို့ MPT အနေနဲ့ ယုံကြည်ထားပါတယ်။ အဲ့ဒီအတွက်လည်း ၂၀၁၅၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ် ရေးလုပ်ငန်းစဉ်တွေမှာလည်း တစ်တပ်တစ်အား ပါဝင်ခဲ့တာကို အားလုံးအသိပါပဲ။ ဒီ လုပ်ဆောင်ချက် တွေဟာ MPT ရဲ့ “နှလုံးသားထဲက မြန်မာ”ဆိုတဲ့ စကားကို သက်သေပြနေတဲ့ ဆောင်ရွက်ချက်တွေပါပဲ” ဟု ပြောကြားသည်။

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က သောက်သုံးရေ ရေရှုားပါးသည့် ဒေသများအတွက် ရေရှည်တည်တံ့ပြီး သန့်ရှင်းသည့် သောက်သုံးရေအရင်းအမြစ်များ ရရှိစေရန် ထောက်ပံ့ကူညီပေးခြင်း၊ နိုင်ငံတစ်ဝှမ်း စိမ်းလန်းစေရန်အတွက် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းနှင့် မူလတန်းကျောင်းများရှိ ကလေးငယ်များ တစ်ကိုယ်ရည် သန့်ရှင်းမှု တိုးတက်လာစေရန် လက်သန့်ရှင်းရေး အစီအစဉ်ကဲ့သို့သော ကျန်းမာရေး အသိပညာပေး အစီအစဉ်များအပါအဝင် အခြားသောလူမှုအကျိုးပြု လုပ်ငန်းများအား နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါသည်။

MPT မှ ဆောင်ရွက်ခဲ့သည့် လူမှုအကျိုးပြုလုပ်ငန်းများအကြောင်း ပိုမိုပြည့်စုံစွာ သိရှိလိုပါက
http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။

best operator in Myanmar