latest news

ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများအား ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း MPT သုံးစွဲသူများသို့ အသိပေးအကြောင်းကြားခြင်း

Published 30 Aug 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ အိတ်ချိန်းများကို လက်ရှိအသုံးပြုနေသည့် တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အစား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖိုင်ဘာကေဘယ်လ်စနစ် (“FTTH စနစ်”) (နှင့်/သို့မဟုတ်) Fixed wireless စနစ် (“FWA စနစ်”) များကဲ့သို့သော အဆင့်မြင့်စနစ်များသို့ အိတ်ချိန်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို MPT ၏ ဝက်ဘ်ဆိုက်နှင့် သတင်းစာများတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အတွင်း အသီးသီး ကြေညာခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသဖြင့် အောက်ဖော်ပြပါအိတ်ချိန်းရှိ တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများအားလုံးကို (၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ၂၉ ရက်) အတွင်း အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများကို အသုံးပြုနိုင်တော့မည်မဟုတ်ပါကြောင်း MPT က အသိပေး အကြောင်းကြားအပ်ပါသည်။

နယ်မြေအိတ်ချိန်းရပ်ဆိုင်းမည့် ဖုန်းနံပါတ်အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်ကြေညာခဲ့သည့် ဝက်ဘ်ဆိုက်လင့်ခ်
ရှမ်းပြည်နယ် (တောင်ပိုင်း)နမ့်စန် အိတ်ချိန်း၀၈၁-၈၀xxx၀၈၁-၂၃၈၀xxxhttp://bitly.ws/sWmG
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တောင်ငူ အိတ်ချိန်း၀၅၄-၂၃xxx~၀၅၄-၂၆xxx ၀၅၄-၂၈၂၃xxx~၀၅၄-၂၈၂၆xxxhttp://bitly.ws/sWmG
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပြည် အိတ်ချိန်း၀၅၃-၂၄xxx~၀၅၃-၂၉xxx ၀၅၃-၂၀၂၄xxx~၀၅၃-၂၀၂၉xxxhttp://bitly.ws/sWmG

သို့ဖြစ်ပါ၍ မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် MPT ၏ အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုလိုသော သုံးစွဲသူများသည် အောက်ပါဇယားတွင်ဖော်ပြထားသည့် MPT ရုံး သို့ ဆက်သွယ်နိုင်ပြီး MPT အနေဖြင့် သုံးစွဲသူများအား ဝန်ဆောင်မှုပေးရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါသည်။

နယ်မြေအိတ်ချိန်းဆက်သွယ်နိုင်မည့် MPT ရုံး ဖုန်းနံပါတ်
ရှမ်းပြည်နယ် (တောင်ပိုင်း)နမ့်စန် အိတ်ချိန်း၀၈၁-၂၃၈၀၀၀
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တောင်ငူ အိတ်ချိန်း၀၅၄-၂၈၂၃၁၁၁
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပြည် အိတ်ချိန်း၀၅၃-၂၀၂၅၀၂၄

best operator in Myanmar