B2b sim mpt

၂၀၂၁-၂၀၂၂ ရာသီသစ် အင်္ဂလိပ်ပရီးမီးယားလိဂ် တိုက်ရိုက် (Live) ပွဲစဉ်များကို MPT IPTV တွင် စာရင်းသွင်းခ ပေးရန်မလိုဘဲ ကြည့်ရှုခံစားနိုင်ပြီ

Published 11 Dec 2021

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်)- မြန်မာဘောလုံးချစ်သူ ပရိသတ်များအနေဖြင့် ၂၀၂၁-၂၀၂၂ ရာသီ သစ် အင်္ဂလိပ်ပရီးမီးယားလိဂ် (EPL) တိုက်ရိုက် (Live) ပွဲစဉ်များကို MPT မိုဘိုင်းလ်ကွန်ရက်ပေါ်မှတစ်ဆင့် စာရင်းသွင်းခ  ​ပေးရန်မလိုဘဲ MPT IPTV တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ စတင်၍ ကြည့်ရှုခံစားနိုင်ပြီဖြစ်ကြောင်း MPT က ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

အင်္ဂလိပ်ပရီးမီးယားလိဂ် (EPL) သည် ကမ္ဘာပေါ်ရှိ ဘောလုံးကလပ် အသင်းပြိုင်ပွဲများတွင် နာမည်ကြီး ကစားသမားများပါဝင်သည့် အသင်းပေါင်းများစွာ နှင့် ယှဉ်ပြိုင်မှုအပြင်းထန်ဆုံး ဘောလုံး  ပြိုင်ပွဲတစ်ခု ဖြစ်ပြီး MPT သုံးစွဲသူများအနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ် (EPL) တိုက်ရိုက်ပွဲစဉ်များ (ရုပ်သံလိုင်းများ- SPORTS 6 (၂၄ နာရီ ၇ရက်ပတ်လုံး)၊ SPORTS 1၊ SPORTS 2၊ SPORTS 3၊ SPORTS 4၊ SPORTS 5၊ SPORTS +) ၊ တစ်ပတ်တာ အကောင်းဆုံး သွင်းဂိုး (Video-On-Demand၊ VoD) နှင့် ပွဲစဉ်သုံးသပ်ချက်(Video-On-Demand၊ VoD) များကိုပါ ကြည့်ရှုခံစားနိုင်ပြီဖြစ်သည်။

MPT IPTV ဝန်ဆောင်မှုသည် ပြည်တွင်း၊ ပြည်ပတိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်သံလိုင်းများအပြင်၊ ရုပ်ရှင်ဇာတ်လမ်း များ၊ Drama Show များ ၊ မှတ်တမ်းရုပ်ရှင်နှင့် ကလေးများအတွက် Kid’s Programs များပါဝင်သည့် Video-on-demand (VOD) ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး စာရင်းသွင်းခပေးဆောင်ရန်မလိုဘဲ ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။ MPT IPTV ဝန်ဆောင်မှုကို လက်ဆောင်ရရှိထားသည့် ဖုန်းဒေတာဖြင့် ကြည့်ရှု၍မရနိုင်ပါ။

ထို့အပြင် MPT IPTV တွင် မကြည့်ရှုလိုက်ရသည့် ရုပ်သံအစီအစဉ်များကို ပြန်လည်ကြည့်ရှုနိုင်မည့် “ပြန်ကြည့် Function” လည်း ပါဝင်ပါသည်။

MPT သုံးစွဲသူများသည် အင်္ဂလိပ်ပရီးမီးယားလိဂ် (EPL) ပွဲစဉ်များကို MPT IPTV အက်ပလီကေးရှင်းမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ MPT IPTV အက်ပလီကေးရှင်းကို Android နှင့် iOS နှစ်မျိုးလုံးတွင် ရယူအသုံးပြုနိုင်ပြီး၊ Android မိုဘိုင်းလ် browser တွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ Android

ဖုန်းအသုံးပြုသူများ သည် အက်ပလီကေးရှင်းကို https://play.google.com/store/apps/details?id=com.iptv.mpt.mm   မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်နိုင်ပါသည်။ iOS အသုံးပြုသူများသည် App Store မှတစ်ဆင့် ရယူနိုင်ပြီး  https://apps.apple.com/us/app/mpt-iptv/id1530893772 မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်နိုင်ပါသည်။

စစ်မှန်သည့် ပြည်တွင်းမှဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် မြန်မာပြည်သူ ပြည်သားများအတွက် ခက်ခဲသော ကာလများအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဆန်းသစ်တီထွင်မှုနှင့်အတူ စဉ်ဆက်မပြတ် ပေးစွမ်းနိုင်ရန်နှင့် ဝန်ဆောင်မှုသုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝများ ပိုမိုတိုးတက်လာစေရန်အတွက် မိမိတို့၏ သန္နိဌာန်ဖြစ်သော “အတူလက်တွဲ အမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်ဖြင့်  အမြဲတစေကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။

MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 106 သို့ခေါ်ဆို၍လည်းကောင်း သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။ ထို့အပြင် MPT4U အက်ပလီကေးရှင်း နှင့် တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာတို့တွင် MPT၏ တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Live Chatbot ဝန်ဆောင်မှုကိုအသုံးပြုပြီးလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်နိုင်ပြီး 106 Call Center သို့လည်း ခေါ်ဆို ဆက်သွယ်နိုင်ပါသည်။

best operator in Myanmar