''ပျော်ရွှင်သော ဝန်ထမ်းများက ပျော်ရွှင်သော သုံးစွဲသူများကို ဖန်တီး၏''

၁၈၈၄ ခုနှစ်က တည်းက စတင်ကာ MPT အနေနှင့် ဝန်ထမ်းဦးစားပေး ကုမ္ပဏီအဖြစ် အခြေစိုက်ခဲ့ပြီး ဝန်ထမ်းများ၏ ဘဝတက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက်ဖြစ်သလို ဟန်ချက်လဲညီသည့် ပတ် ဝန်းကျင်များကို ဖန်တီးပေးနေခဲ့တာဖြစ်ပါတယ်။ ကျွန်ုပ်တို့အဖွဲ့အစည်းအနေနဲ့ ဝန်ထမ်းများရဲ့ တီထွင်ဆန်းသစ်မှုနိုင်မှုများ၊ လွတ်လပ်စွာတွေးခေါ် နိုင်ခြင်းများကို အထူးပင်အလေးထားသလို သာမန်အတွေးအခေါ်တွေထဲက ဖောက်ထွက်ဖို့ အမြဲအားပေး လျှက်ရှိပါတယ်။ ဒီအချက်တွေကပဲ ကျွန်ုပ်တို့နဲ့ ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းများကို သူများတွေနဲ့အတူ တမူကွဲ ထွက်စေခဲ့ခြင်းဖြစ်ပါတယ်။ သစ္စာရှိ၍ စိတ်ပါဝင်စားစွာ တာဝန်ယူလုပ်ကိုင်တတ်သူတွေအားလုံးရဲ့ ဘဝ တက်လမ်းများကို တိုးတက်ရေးအတွက် ပျော်ရွှင်စွာ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးများကို MPT မှ အစဉ်ဖန်တီးပေးလျှက်ရှိနေပါတယ်။ ခိုင်မာတဲ့ ဦးဆောင်နိုင်စွမ်းကို ကျွန်ုပ်တို့ တန်ဖိုးထားပါတယ်။ ဒါဟာ စိန်ခေါ်မှုတွေအပြည့်ရှိတဲ့ ကျွန်ုပ်တို့ရဲ့ စီးပွားရေးလုပ်ငန်းမှာ မရှိမဖြစ်ပါပဲ။ စွမ်းစွမ်းတမံ ကြိုးစားသူတွေကို အနာဂတ်ရဲ့ ခေါင်းဆောင် များဖြစ်သည်အထိ အစွမ်းကုန်ကူညီပေးသွားမှာပါ။

best operator in Myanmar