pr-mm-desktop

MPT မှ သီတင်းကျွတ်ကာလ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ ဘိုးဘွားရိပ်သာ (၂၄)ခု သို့ ဂါရဝပြု လှူဒါန်းမှုများ ဆောင်ရွက်

Published 26 Oct 2023

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်) – MPT သည် သီတင်းကျွတ်ကာလ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး /ပြည်နယ် (၁၈) ခုမှ ဘိုးဘွားရိပ်သာ (၂၄) ခု နှင့် အခြားလိုအပ်သောနေရာများသို့ အောက်တိုဘာလ (၂၃) ရက်မှ (၂၆) ရက်အထိ နိုင်ငံတစ်ဝန်း လှူဒါန်းမှုများကို ဆောင်ရွက်လိုက်ပြီဖြစ်ပါသည်။
သီတင်းကျွတ်အခါသမယသည် မြန်မာလူမျိုးတို့အတွက် နှစ်သက်ကြည်နူးဖွယ် အခါသမယဖြစ်ပြီး ဘုန်းတော်ကြီးများ၊ ဆရာ/ဆရာမများ၊ မိဘများနှင့် သက်ကြီးရွယ်အိုများအား ဂါရဝပြု ကန်တော့သည့် အချိန်ကာလလည်း ဖြစ်ပါသည်။ ထို့ကြောင့် MPT အနေဖြင့် မြန်မာ့ယဥ်ကျေးမှုကို ဓလေ့ထုံးတမ်းကို တန်ဖိုးထား ထိန်းသိမ်းခြင်းနှင့်အတူ မြန်မာကျပ်ငွေ သိန်း (၃၀၀) တန်ဖိုးရှိ မရှိမဖြစ် လိုအပ်သော အခြေခံစားသောက်ကုန်များ၊ တစ်နေ့စာ အာဟာရအလှူများနှင့် လှူဒါန်းငွေများကို MPT သုံးစွဲသူများ ကိုယ်စား လှူဒါန်းမှုပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် သက်ကြီးရွယ်အိုများ အဆင်ပြေစေရန်အတွက် လိုအပ်သည့် မျက်နှာသုတ်ပုဝါ များကိုလည်း လှူဒါန်းခဲ့ပါသည်။ သီတင်းကျွတ်ကာလ လှူဒါန်းမှု လုပ်ငန်းစဥ် တစ်ခုလုံးကို နိုင်ငံတစ်ဝန်းရှိ MPT ၏ သက်ဆိုင်ရာနေရာဌာန အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထို့အပြင် ရန်ကုန်ကလေးဆေးရုံကြီးနှင့် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသို့ အောက်ဆီဂျင်ထုတ်သည့်စက် (၁၀) လုံးကို သီတင်းကျွတ်ကာလအတွင်း လှူဒါန်းခဲ့ပါသည်။
“သီတင်းကျွတ်အခါသမယမှာ မြန်မာလူမျိုးတွေဟာ မိမိထက် အသက်ကြီးတဲ့သူတွေ သက်ကြီးရွယ်အိုတွေကို ဂါရဝပြု ကန်တော့ကြတဲ့ ဓလေ့ထုံးစံရှိပြီး ကျွန်တော်တို့အနေနဲ့ ဒီလိုလှပပြီး ချစ်စရာကောင်းတဲ့ မြန်မာ့ယဥ်ကျေးမှုဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ အခုလို လှူဒါန်းမှု ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဒီလို လှူဒါန်းမှုကတစ်ဆင့် ကျွန်တော်တို့အနေနဲ့ ဘိုးဘွားတွေအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လေးစားမှုကို ဖော်ပြနိုင်ပြီး ဘိုးဘွားတွေကို ရွှင်လန်းဝမ်းမြောက်စေဖို့ မျှော်လင့်ပါတယ်။ သီတင်းကျွတ်ကာလ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာ ငွေကျပ်သိန်း (၃၀၀) လှူဒါန်းခဲ့ပြီး ယခုအချိန်အထိ လူမှုအကျိုးပြုလုပ်ငန်းတွေရဲ့ မတူညီတဲ့ကဏ္ဍတွေကတစ်ဆင့် မြန်မာ့လူမှုအသိုက်အဝန်းတွေအတွက် မြန်မာကျပ်ငွေ သန်းပေါင်း (၂၆,၀၀၀) ကျော် သုံးစွဲဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ သုံးစွဲသူတွေအတွက် သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်စေဖို့အတွက်ရော ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ပါ သီတင်းကျွတ် အထူးပရိုမိုးရှင်းအစီအစဥ်တွေကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ သီတင်းကျွတ်အခါသမယလေးမှာ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki Shimane က ပြောကြားခဲ့ပါသည်။
MPTအနေဖြင့် ၎င်း၏ တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများကို ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုခါမုန်တိုင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တို့တွင် အခမဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများ နှင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ ပံ့ပိုးပေးခြင်း စသည့် လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးပေးခဲ့ပါသည်။
MPT ကို အစဥ်တစိုက် သုံးစွဲသူများ၏ အကူအညီနှင့် အားပေးမှုကြောင့်သာ ယခုကဲ့သို့ လှူဒါန်းမှုများကို ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။ MPT အနေဖြင့် ယခုလို မတူညီသောကဏ္ဍများအတွက် လူမှုအကျိုးပြု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ သုံးစွဲသူများ၏ ထောက်ခံအားပေးမှုကို ကျေးဇူးအထူးတင်ရှိပြီး MPT က လူမှုအသိုက်အဝန်းနှင့်အတူ ဆက်လက်၍ ရှေ့သို့လှမ်းချီဆောင်ရွက် သွားမည် ဖြစ်ပါသည်။
MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ကချင်ပြည်နယ် (ဗန်းမော် ဘိုးဘွားရိပ်သာ)

ကယားပြည်နယ် (ပြည်နယ် ဘိုးဘွားရိပ်သာ)

Kayah (2)_Kayah State Home for the Aged

ကယားပြည်နယ် (စိန်မာတင် ဘိုးဘွားရိပ်သာ)

Kayah (1)_Sein Mar Tin

ကရင်ပြည်နယ် (ဇွဲကပင် ဘိုးဘွားရိပ်သာ)

ချင်းပြည်နယ် (ဗေသလ ဘိုးဘွားရိပ်သာ)

မွန်ပြည်နယ် (မုဒုံ ဘိုးဘွားရိပ်သာ)

ရခိုင်ပြည်နယ် (စစ်တွေ ဘိုးဘွားရိပ်သာ)

ရှမ်းပြည်နယ် (အရှေ့ပိုင်း) (ကျိုင်းတုံဘိုးဘွားရိပ်သာ)

ရှမ်းပြည်နယ် (တောင်ပိုင်း) (ရှမ်းရိုးမ ဘိုးဘွားရိပ်သာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း) (ဆင်းရွှေလီ ဘိုးဘွားရိပ်သာ)

ရန်ကုန်တိုင်းဒေသကြီး (ရွှေသံလွင် ဘိုးဘွားရိပ်သာ)

YGN (1)_Shwe Than Lwin

ရန်ကုန်တိုင်းဒေသကြီး (Saved the Aged ဘိုးဘွားရိပ်သာ)

Yangon (3)_Saved the Aged

ရန်ကုန်တိုင်းဒေသကြီး (မွန်မြတ်စိတ်ထား ဘိုးဘွားရိပ်သာ)

Yangon (2) _Mon Myat Sate Htar

မန္တလေးတိုင်းဒေသကြီး (YGW ဘိုးဘွားရိပ်သာ)

Mandalay (1)_YGW Home for the Aged

မန္တလေးတိုင်းဒေသကြီး (မန်းတောင်ခြေ ဘိုးဘွားရိပ်သာ)

Mandalay (2)_Mann Taung Chay

မန္တလေးတိုင်းဒေသကြီး (ချမ်းမြသုခ ဘိုးဘွားရိပ်သာ)

Mandalay (3)_Chan Mya Thukha

နေပြည်တော်ကောင်စီနယ်မြေ (ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ)

မကွေးတိုင်းဒေသကြီး (ဖန်ခါးမြေ ဘိုးဘွားရိပ်သာ)

စစ်ကိုင်းတိုင်းဒေသကြီး (မြို့မရွှေဂူ ကျောင်းတိုက်)

Sagaing (1)_Myo Ma Shwe Gu Monastery

စစ်ကိုင်းတိုင်းဒေသကြီး (ခိုသန်း ကျောင်းတိုက်)

Sagaing (2)_Kho Than Monastery

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) (သပြေကုန်း ဘိုးဘွားရိပ်သာ)

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) (သီရိခေတ္တရာ ဘိုးဘွားရိပ်သာ)

ဧရာဝတီတိုင်းဒေသကြီး (စက်တော်ရာ ဘိုးဘွားရိပ်သာ)

တနင်္သာရီတိုင်းဒေသကြီး (ထားဝယ် ဘိုးဘွားရိပ်သာ)

best operator in Myanmar