
MPT မှ “Myanmar National Symphony Orchestra Concert ၂၀၁၆” အတွက်ကူညီပ့ံပိုး
ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် – Myanmar National Symphony Orchestra Concert ၂၀၁၆ ကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၂၂ရက် ညနေ၆နာရီ ၃ဝမိနစ်မှာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နေပြည်တော်ရှိ MICC ၂၌ ဇန်နဝါရီလ ၂၅ရက်နေတွင် ညနေ၆နာရီ ၃ဝမိနစ်အချိန်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါသည်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံရှိ ဂျပန်သံရုံးနှင့် OZ Music Ltd. တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။ ဂျပန်ဂီတပညာရှင်တွေဟာ ဂန္ဓဝင်ဂီတနှင့် ပတ်သက်သော အသိပညာများ နှင့် အတွေ့အကြုံတွေကို အာရှတစ်ခွင်မှာ လှည့်လည်ကာ မျှဝေပြီး သင်ကြားပို့ချမှုတွေပြုလုပ်ပေးသကဲ့သို့ မြန်မာ့ သံစုံဂီတအဖွဲ့ကိုလည်း စိတ်အားထက်သန်စွာဖြင့် ပညာရပ်များကို လေ့ကျင့်ပေးသွားမှာဖြစ်ပါသည်။ အဖွဲ့၏ အဓိကရည်ရွက်ချက်မှာ အနာဂါတ်မှာ ဂန္ဓဝင်ဂီတပိုမို ခေတ်စားပြီး လူသိများလာစေရန်ဖြစ်ပါသည်။
OZ Music Ltd. တွင် တေးဂီတမှူး ယူနီစကဲယာမာမိုတို၊ စန္ဒယားပညာရှင်များဖြစ်ကြသော ယောစကဲယာမာရှိတ နှင့် ခရိုကိုကိုရာမ တို့ပါဝင်ပြီး ရန်ကုန်အခြေစိုက် မြန်မာ့သံစုံတီးဝိုင်းအား ဂန္ဓဝင်ဂီတနှင့်ပတ်သက်သည့် လေ့ကျင့်မှုများကို ပြုလုပ်ပေးမည်ဖြစ်ပါသည်။ Beethoven Symphony N.2, The Godfather, Pirate of The Caribbean ရုပ်ရှင်ကားများမှ နောက်ခံတေးဂီတများ၊ ရှာပုံတော်မင်းသားကြီးသီချင်း နှင့် အခြားတေးဂီတများမှာ ယခုနှစ်အတွက် သင်ကြားပို့ချ လေ့ကျင့်ပေးမည့် ပရိုဂရမ်ဖြစ်ပါသည်။
အဆိုပါ ဂီတပညာရှင်အဖွဲ့ဟာ ၂၀၁၄ခုနှစ်မှစတင်ပြီး တေးဂီတနှင့်ပတ်သက်သည့် လက်တွေ့အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာ့အမျိုးသားဂီတအဖွဲ့ကျင်းပပြုလုပ်ပေးခဲ့သလို ဂီတပွဲတော်ကိုလည်း နှစ်စဉ် ဇန်နဝါရီလ ဝန်းကျင်မှာ ကျင်းပပြုလုပ် ပေးခဲ့ပါသည်။ သို့ပါသောကြောင့် MPT မှ မြန်မာလူမျိုးများနှင့် ဂျပန်လူမျိုးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အသိပညာများဖလှယ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သည့် ရည်ရွယ်ချက်ဖြင့် အဆိုပါပွဲတော်ကျင်းပရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီခဲ့ပါသည်။
ဂီတပွဲတော်နှင့်ပတ်သက်သည့်အသေးစိတ်အချက်ကို ပူးတွဲပါကြော်ငြာစာရွက်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။