pr-mm-desktop

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၄) မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

Published 22 May 2025

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေနံ့သာမြို့သစ်၊ ကျောက်တန်း၊ မှော်ဘီ နှင့် သန်လျင်မြို့နယ်များတွင် ‌ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP)၊ ကြိုးဖုန်းဝန်ဆောင်မှုနှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါ နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိကဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

နည်းပညာအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါနေရာများရှိ သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယာယီပြတ်တောက်မှု ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ယာယီပြတ်တောက်မှု သည် အဆင့်မြှင့်တင်မည့် နေရာနှင့် ရက်စွဲပေါ်မူတည်၍ (၁၅) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ကြာမြင့်နိုင်မည် ဖြစ်ပါသည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။  MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမို ခိုင်ခံ့ကောင်းမွန်သော ကွန်ရက်တည်ငြိမ်မှုနှင့် ပိုမိုကောင်းမွန်သည့် ဆက်သွယ်‌ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက 106 Call Center (သို့မဟုတ်) ၀၉၄၂၃၀၀၆၇၉၅ သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

စဉ်တိုင်းဒေသကြီး/ပြည်နယ်အိတ်ချိန်းအော်တိုတယ်လီဖုန်း နံပါတ်များအဆင့်မြှင့်တင်မည့်ရက်စွဲ
၁ရန်ကုန်တိုင်းဒေသကြီးရွှေနံ့သာမြို့သစ် အိတ်ချိန်း၀၁-၈၆၀၉xxxမေလ (၂၆) ရက် မှ
ဇွန်လ (၂) ရက်အထိ
၂ကျောက်တန်း အိတ်ချိန်း၀၅၆-၂၀၂၅xxxဇွန်လ (၂) ရက် မှ
ဇွန်လ (၁၅) ရက်အထိ
၃မှော်ဘီ အိတ်ချိန်း၀၁-၈၆၂၀xxxဇွန်လ (၁၁) ရက် မှ ဇူလိုင်လ (၈) ရက်အထိ
၀၁-၈၆၂၁xxx
၄သန်လျင် အိတ်ချိန်း၀၅၆-၂၀၂၁xxxဇွန်လ (၁၅) ရက် မှ ဇူလိုင်လ (၂၆) ရက်အထိ
၀၅၆-၂၀၂၂xxx

best operator in Myanmar